One step to your heart

2.6K 264 0
                                    

Fated love

Episode-(8)

^Baek...ကိုယ်မင်းကိုချစ်နေပြီ။^

Yeol ပြောလိုက်တဲ့စကားကို Baek တော့မကြား လိုက်ပေမယ့် တစ်ခြားကြားလိုက်တဲ့သူတော့ရှိခဲ့တယ်။
လမင်းကြီးရယ်၊ ကြယ်လေးတွေရယ်၊ ကမ္ဘာမြေကြီး ပေါ့။သူတို့သုံးယောက်ကတော့သေချာပေါက်ကြား လိုက်ပါတယ်။

~~~ Fated Love ~~~

တစ်ယောက်ကတော့သူရဲ့ ရင်ခုန်သံလေးတွေကို ဆိုင်သူဆီတော့မဟုတ်ပေမယ့် ဖွင့်ဟဝင်ခံခဲ့လေပြီ။
ဒါဆို ဆိုင်သူကကော ......????

Baek တစ်ယောက်အခန်းထဲက အဖြူရောင် စာကြည့်စားပွဲလေးပေါ်မှာ စာကြည့်မီးလုံးလေးဖွင့်ပြီး ငုတ်တုတ်လေးထိုင်နေမိတယ်။ စာကျက်နေတာလား ဆိုတော့ စာကျက်နေခြင်းမဟုတ်ပါ။ လူကိုယ်တိုင်သာ စာကြည့်စားပွဲရှေ့ရောက်နေပေမယ့် စိတ်ကတော့...

Baek ဘာလို့ပန်းခြံထဲပြေးဝင်သွားခဲ့တာလဲ။ ရိုးရိုးရှင်းရှင်းလေးပါ။ သူ့ရဲ့နှလုံးသားကိုပြုစားနိုင်လွန်း တဲ့သူ့နဲ့ တူတူ တစ်မိနစ်လေးဘဲဖြစ်ဖြစ်ပိုပြီးတူတူရှိ ချင် တာပါဘဲ။ တစ်ခြားဘာအတွေးမှမရှိဘဲ ဒီအတိုင်း သူ့လေးနားမှာ တစ်မိနစ် မဟုတ်ဘူး ငါးမိနစ်လောက် လေးဘဲဖြစ်ဖြစ်ပိုပြီးရှိနေချင်ခဲ့တာ။ ဒါပေမယ့် မမျှော်လင့်ဘဲ သူ့ရဲ့အပြုအမူကြောင့် Baek ကြောက်လန့်သွားတာတော့အမှန်ဘဲ။ဒီအတိုင်း အချိန် နည်းနည်းကြာကြာ စကားလေးဘာလေးပြောပြီး ပြန်ဖို့ ဆုံးဖြတ်ထားပေမယ့် ဒီလိုရုတ်တရက်ကြီး အနားတိုး လာတော့ Baek ကိုယ့်ဒုက္ခ ကိုယ်ရှာမိလေခြင်းပေါ့။

Baek စာကြည့်စားပွဲမှာထိုင်ပြီး စာလည်းမကျက်ဖြစ်မဲ့ အတူတူ လသာဆောင်ဘက်ကို ခြေသံဖွဖွလေးနဲ့ လျှောက်လာခဲ့တယ်။ လသာဆောင်က ထိုင်ခုံလေး ပေါ်ထိုင်ရင်း သက်ပြင်းလေးချပြီး ကောင်းကင်ကို မော့ ကြည့်မိတော့ မှိတ်တုတ်မှိတုတ်နဲ့ တတ်သမျှအစွမ်း လေးနဲ့ အလင်းရောင်ထုတ်နေတဲ့ ကြယ်လေးတွေ ကြားကနေ အစွမ်းကုန်လင်းနေတဲ့ လခြမ်းလေးက ပြုံးနေရောင်သဖွယ်။ ညဘက်လေးအေးအေးလေးက တလူလူနဲ့ Baek ရဲ့နားမှာဝှေ့ပြီးတိုက်ခတ်နေတယ်။
ဆယ့်ငါးမိနစ်လောက်ကြာတော့ Baek လည်း ချမ်းစိမ့်စိမ့်ဖြစ်လာတာနဲ့ဘဲ အခန်းထဲကိုပြန်ဝင်သွား လိုက်တယ်။

Fated LoveWo Geschichten leben. Entdecke jetzt