အပိုင်း (၇)

1.9K 215 3
                                    

မင်းသားတွေမယ်တော်ဆီသွားတာရောက်ပြီနော်။

Hun : မယ်တော်……ဆိုပြီး ပြေးဖက်လိုက်တယ်။
မယ်တော် : argiooo သားငယ်လေး လာချွဲနေပြန်ပြီ။
အသက်ကဖြင့်ကြီးနေပြီ။
Hun : မယ်တော်ကလဲမကြီးသေးပါဘူး
သားကငယ်ငယ်ပဲချိသေးတာပါဗျာ။
မယ်တော် : ဟွန့်ပြောလေ ကဲလေပါလား။
Yeol : မယ်တော် ဒီကိုဘာလာလုပ်တာလဲခင်ဗျ။
Kai & Hun : ဟုတ်တယ် ဟုတ်တယ်။
မယ်တော် : ဘာလဲ
ကိုယ့်ဘာသာလာတာတောင်မလာရဘူးလား။

Yeol & Kai & Hun : အဲ့လိုလဲမဟုတ်ပါဘူးမယ်တော်ရဲ့။
မယ်တော် : အင် ထားပါတော့။ဒါနဲ့ ဘယ်လိုလဲမင်းသမီးလေးတွေကိုသဘောကောကျကြရဲ့လား။
Yeol & Kai & Hun : အမ် အဲ့ အဲ့ဒါ ကလေ။
မယ်တော် : ဘာလဲသဘောမကျဘူးလား။
Yeol : ဟို ဟိုလေ မယ်တော် အဲ့ဟာက။
Kai : မယ်တော်ရယ် တွေ့တာဖြင့်ဘယ်လောက်မှမကြာသေးဘူးလေ။
အဲ့ဒါကြောင့်ပါ။တွေ့တာကြာမှဆုံးဖြတ်လို့ရမှာပေါ့။
Yeol & Hun : aww inn ဟုတ်တယ်။ခုမှတွေ့ဖူးခါစ ဆိုတော့။

မယ်တော် : ထားပါတော့ ထားပါတော့ဖြေရှင်းနေလိုက်ကြတာ။မယ်တော် ဒီလာတာ
ပွဲတော်ဆင်နွှဲတာကြည့်ချင်လို့။
Yeol & Kai Hun : ပွဲတော်။ ဆိုပြီးတစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်တယ်။
မယ်တော် : အဟမ်း မယ်တော်သိနေတယ်နော်။အဲ့ဒါကြောင့်သွားတုန်းက
မပြောတာ။ခုတောင်ပြောတာစောသွားလားမသိဘူး။
Yeol & Kai & Hun : မစောပါဘူး မယ်တော်ရဲ့။
မယ်တော် : သူများတိုင်းပြည်မှာလာပြီးတော့
မသောင်းကျန်းနဲ့နော်။
ကိုယ့်တိုင်းပြည်မှာက ဘာမှဖြစ်ဘူး။
Yeol & Kai & Hun : စိတ်ချပါမယ်တော်ရယ်။ဒါနဲ့ဘယ်နေ့လဲဟင်။
မယ်တော် : သန်ဘက်ခါ။
Yeol & Kai & Hun : awww.

မယ်တော်ဖြစ်တဲ့သူကတော့ သူ့သားတွေကိုကြောက်လှပါချည်ရဲ့အကြည့်နဲ့ကြည့်နေတယ်။
ကြည့်လဲကြည့်ချင်စရာ ခုထဲက တစ်ယောက်နဲ့တစ်ယောက်မျက်စတွေဖြစ်နေပြီ။
ပြောရမယ်ဆို ရှေ့နှစ်ကပေါ့ သူတို့တိုင်းပြည်မှာ
ပွဲတော်လုပ်တာ။ Yeol & Kai & Hun တို့သာမန်ပုံစံဝတ်စားပြီး ပွဲတော်လုပ်တဲ့နေရာက မုန့်တွေလိုက်ခိုးစား လိုက်နှိုက်စား ပြီးတော့ထွက်ပြေး။
ဟိုက လိုက်ဖမ်းနဲ့ပွဲတော်လမ်းထဲမှာ ရှုပ်ယှက်ခတ်လို့။
ပြေးနေရင်းတောင် လမ်းမှာတွေ့တဲ့မုန့်တွေကိုလက်ကနှိုက်သွားသေးတယ်။
ပြီးလဲပြီရော မျက်ခြေဖြတ်ပြီး နန်းတော်ထဲဝင်လာတော့ ဘယ်သူကမိတော့မှာလဲ။
ပြီးတော့ပြောသေး ပွဲတော်လုပ်တာ အဲ့လိုမုန့်တွေခိုးစားမှပျော်စရာကောင်းတာဆိုပဲ။
အဲ့လို ကလေးတွေပါ။

ရေသူမလေးများ၏အချစ်တော်လေးများHikayelerin yaşadığı yer. Şimdi keşfedin