Chapter 1

10K 362 7
                                    

** At Joseon Dynasty

မိုးစင်စင်လင်းခဲ့ပြီ.. နန်းတော်တခုလုံး အပ်ကျသံမျှမကြားရအောင် တိတ်ဆိတ်လျှက်ရှိသည်.. နန်းတော်တွင်း လူအားလုံး တညလုံးအိပ်ပုံမပေါ်ဘဲ စိတ်လှုပ်ရှားစွာဖြင့် တစ်စုံတစ်ခုကို စောင့်ဆိုင်းနေကြသည်.. ထိုလူများထဲတွင် အရှင်မင်းကြီးကိုယ်တိုင်အပါအ၀င်ဖြစ်သည်.. ညီလာခံခန်းမအတွင်း လူအများရှေ့တွင် ရာဇအိနြေ္ဒဆည်ကာ တည်ငြိမ်စွာထိုင်နေရသော်လည်း မျက်နှာအမူအရာကိုကြည့်ခြင်းဖြင့် သူလည်းဘဲ စိတ်လှုပ်ရှားနေပုံအထင်းသားပေါ်နေသည်... ထိုစဉ် နန်းတော်ဝင်းအပြင်ဘက်ဆီမှ မြင်းခွာသံပျံ့လွင့်လာခဲ့သည်.. ကြားလိုက်ရသည့်အသံကြောင့် မင်းကြီးအပါအ၀င် နန်းတော်တခုလုံး လှုပ်လှုပ်ရွရွဖြစ်သွားကြသည်..

" အရှင်မင်းကြီး ရှေ့ပြေးတပ်သား ရောက်ရှိလာကြောင်းပါ"

" အေး မြန်မြန် ရှေ့တော်သွင်းစေ"

မင်းကြီးကိုယ်တိုင် မတ်တပ်ရပ်၍ ၀င်လာမည့် တပ်သားကို စောင့်မျှော်နေသည်..ရေးကြီးသုတ်ပြာဖြင့် ၀င်လာသော တပ်သားကိုကြည့်လိုက်ရုံဖြင့် တိုက်ပွဲမှ ဖောက်ထွက်လာမှန်းသိသာထင်ရှားသည်... သွေးအလိမ်းလိမ်းဖြင့် အားတင်းကာလာနေရသော တပ်သားကိုကြည့်ရင်း ညီလာခံခန်းမတစ်ခုလုံးခြောက်ခြားကုန်သည်..

" အရှင်မင်းကြီး ကျွန်တော်မျိုးတို့ တိုက်ပွဲကျသွားပါပြီ"

အားယူပြောလိုက်သံအဆုံးတွင် တာဝန်ကျေပွန်ပြီဟုယူဆပြီး စိတ်လျော့လိုက်သည့်ဟန်ဖြင့် ရှေ့ပြေးတပ်သား မှောက်လဲကျသွားတော့သည်.. သူ့အသံအဆုံးတွင် မင်းကြီးလည်း ထိုင်ခုံပေါ်သို့ အရုပ်ကြိုးပျက်ပြုတ်ကျသွားသည်.. အမတ်တွေအားလုံးလည်း အသံစိုးစဉ်းမျှမထွက်ဝံ့ဘဲ တုပ်တုပ်မလှုပ်ရှိနေသည်.. မင်းကြီး၏သက်ပြင်းချသံလေးလေးထွက်ပေါ်လာခဲ့သည်..

" ကဲ ငါတို့ စစ်ရေးညီလာခံ စကြရအောင်"

မင်းကြီးစကားသံကြောင့် မဆိုင်သူများခန်းမထဲကထွက်သွားရင်း ဆိုင်သူများကတော့ စစ်ရေးတိုက်ပွဲအတွက် အကောင်းဆုံးအကြံဥာဏ်အသစ်များ ပေးနိုင်ရန် ထပ်စဉ်းစားကြရတော့သည်..

ရန်သူ့မြေမှ ချစ်တေးတပုဒ်Where stories live. Discover now