< crazy' crazy love >

* Knock knock *

" Kyungnie... "

".........."

"Kyungine ... Ma ဝင်လာမယ်နော် "

တုံ့ပြန်မှုတို့ ကင်းမဲ့နေတဲ့ သူမ သား အခန်းထဲ ဒီတကြိမ်နဲ့ဆို ဒီတနေ့ထဲ ဆယ်ခေါက်မြောက် ဝင်ရောက်ခြင်း ဖြစ်သည်...
Chanyeol ပြန်သွားသည်က ဒီနေ့ပါဆိုလျှင် သုံးရက်ရှိခဲ့ပြီ....ထို ကောင်လေး ပြန်သွားသည့် နေ့ကစ Kyungsoo တယောက် ကုတင်ဘေးက ပြတင်းပေါက်မှ တဖဝါးမျှ မခွာခဲ့.....လမ်းမထက်ကို သာ မျှော်ကြည့်ရင်း တစုံတရာကို စောင့်နေသလို....ဆေးလာတိုက်လျှင်တော့ သောက်လိုက်သည်...ထမင်းစားချိန်ဆိုရင်တော့ အတင်းကျွေးရသည်...
....အပေါ့သွားဖို့ ကိုတော့ မရမက ချော့ပြောယူရသည်....အခြေအနေက ဟိုအရင်ကထက် ပိုဆိုးနေခဲ့သည်...အရင် Chanyeol လာပေးသည့် နေ့တွေကအထိ အကောင်းတိုင်း ပြန်ဖြစ်ခဲ့ပြီးမှ အခု အရင်ကထက် ပိုဆိုးနေခဲ့ပြီ....အဆိုးဆုံးက ညပင် မအိပ်တော့ခြင်းဖြစ်သည်...ထိုပြတင်းပေါက်နားက တဖဝါးမှကို မခွာဘဲ တစုံတခု ကို လွတ်သွားမည်ကို သေမတတ်ကြောက်ရွံ့နေသလို....
တစုံတရာ ထက် တစုံတယောက်ကို မျှော်နေခြင်းဖြစ်မည်ဟု သူမတွေးဆမိသည်...

ဘယ်လိုမှ အိပ်ရန်လည်း ပြောလို့မရသောကြောင့် သူမ Kyungsoo ကျန်းမာရေးကို စိုးရိမ်မိသည်...ဒီလိုသာဆို မဖြစ်တော့...ဒီညတော့ မရရအောင် ပြောဖို့ရာဆုံးဖြတ်ချက်နှင့် သူမ အခန်းထဲ ဝင်လာခဲ့ပြီး...
ပြတင်းနားက အကျီင်္အဝါ ဘောင်းဘီ အညိုလေးဝတ်လျက်သား Kyungsoo ဆီ သူမ လျှောက်သွားလိုက်သည်....

" Kyungnie...Babe လေး Babe မအိပ်သေးဘူးလား "

တခွန်းမှ ပြန်မပြောသော်လည်း ခေါင်းခါပြသည်....

" အိပ်မငိုက်ဘူးလား Babe ..."

"........."

အင်းမလုပ် အယ်မလုပ်သော Kyungsoo မျက်နှာလေးက ညဆက်တိုက် မအိပ်ထားလို့ ချောင်ကျနေခဲ့လည်း သူ့ မျက်ဝန်းတွေကတော့ အရောင်တောက်နေခဲ့သည်.....
သူမ မျက်ဝန်းတွင်တော့ မျက်ရည်စများ ပြည့်လျှံ
လာခဲ့ပြီ.....

" Babe ဘယ်သူ့ကို စောင့်နေတာလဲဟင် "

ငိုသံလေး မသိမသာ အနည်းငယ်စွက်နေသော သူမ မေးခွန်းထဲ Kyungsoo သူမဘက်ကို လှည့်ကြည့်လာသည်.....

Crazy's Crazy LoveWhere stories live. Discover now