Sehun စကားကြောင့် Xing မျက်လုံးမှေးမှေးတွေ ဝိုင်းစက်သွားတဲ့ အထိပြူးသွားတယ်။ ဒါဆို သူနဲ့ Su နဲ့ တွဲနေတာကို Sehun သိနေတယ်ပေါ့!! အဲ့ဒါဆို လူကြီးတွေကိုသာ သွားပြောရင် ဒုက္ခပဲ။

"အခုပဲကြည့်လေ သားကျူ ရှင်တက်နေရတဲ့ အချိန်မှာ hyung တို့ ကသူငယ်ချင်းနဲ့ ဂိမ်းနှိပ်နေရတယ် စာလည်းကျက်စရာမရှိတော့ဘူး ဘယ်လောက်မိုက်လဲ"

Xing နဲ့ Su လည်း ဒီတော့မှ သက်ပြင်းပြိုင်တူ ချနိုင်တော့တယ်။

Xing က ရုပ်တည်နဲ့ 

"hyung တို့ လည်း ဒီလိုပဲ စာတွေကျက်ခဲ့ရတာပါပဲကွာ Sehun လည်း အထက်တန်းဖြေပြီးရင် အေးဆေးဖြစ်သွားမှာပါ"

Xing က သူ့ ထုံးစံအတိုင်း လူကြီးလေသံနဲ့ ဆရာလုပ်နေသေးတယ်။

"ဟုတ်ပါတယ်လေ အထက်တန်းဖြေပြီးရင် စာကျက်စရာ မရှိလောက်တော့ပါဘူး ကဲ hyung နဲ့ noona သားကျူ ရှင်သွားပြီနော်"

"အေးအေး"   "ဘိုင့်ဘိုင်"

Xing က Sehun ထွက်သွားတော့မှ Su ကိုမေးတယ်။

"Su ငါ အန်ကယ် Yeol ကိုလည်း မတွေ့ ပါလား"

"appa က ကုမ္ပဏီသွားတယ်လေ နင်ကလည်း မသိတာကျနေတာပဲ"

ခဏနေတော့ Su ရဲ့ အမေ Baek က အအေးနဲ့ မုန့့် တွေယူလာပြီး သူတို့ ၂ယောက်ကိုလာပေးတယ်။

"Xing လေး ဟောဒီမှာ အန်တီ အအေးဖျော်ထားတယ်နော်"

"ဟွားးးး မုန့် တွေရောပဲ ကွတ်ကီးတွေပါလား သားအကြိုက်ဆုံးတွေပဲ ကျေးဇူးတင်ပါတယ် အန်တီ"

Xing ကမုန့် တွေကြည့်ရင်း ဝမ်းသာအားရနဲ့  ပါးချိုမ့်လေး ထင်းသွားတဲ့အထိ ပြုံးရင်းပြောလိုက်တော့ Baek က သူ့ ပါးလေးကို လက်နဲ့ ခပ်ဖွဖွ ဆွဲရင်း

"အမလေး ဒီကောင်လေး တော်တော်ချွဲတာပဲ စကားလည်းကြာလေတတ်လေပဲ"

"ဟီးး "

*ချွဲနေတာ ကောင်စုတ် ငါ့အမေကိုများ သူ့ အမေကျနေတာပဲ*

Su က Xing ကိုကြည့်ပြီး မျက်နှာစူပုတ်ပုတ်ဖြစ်နေတယ်။

Baek က ဟင်းချက်ဖို့ မီးဖိုချောင်ထဲပြန်ဝင်သွားတော့ Xing က Su အနားတိုးပြီး စပ်ဖြဲဖြဲ နဲ့ 

You're My EverythingWhere stories live. Discover now