မိုးတွေတဖွဲဖွဲရွာနေတဲ့ ကျောင်းဖွင့်ချိန်ရဲ့ အစပေါ့~~~
နှစ်တိုင်း ဒီအချိန်ရောက်တာနဲ့ ကျောင်းဝတ်စုံဝတ်ပြီး ကျောင်းတက်နေကြတဲ့ ကျောင်းသားကျောင်းသူ အရွယ်စုံကို စတွေ့ ရပြီလေ။ အတန်းသစ် စတက်ရတဲ့နေ့ ဖြစ်တဲ့အတွက် ကျောင်းသား ကျောင်းသူတိုင်းလိုလို ကျောင်းသွားဖို့ တက်ကြွနေကြတယ်လေ။
မူလတန်းတက်တဲ့နေ့ မှာပဲ ကျောင်းသားလေး တယောက်နဲ့ ကျောင်းသူလေးတယောက်ရဲ့ ဇာတ်လမ်းလေး အစပြုခဲ့ပါတယ်။သူတို့ ၂ ယောက်စတွေ့ တဲ့ပုံလေးက ဘာမှမထူးခြားတဲ့ သာမန်အဖြစ်အပျက်လေးတခုပါပဲ။
အဲ့ဇာတ်လမ်းလေးရဲ့ အစက~~~
ကျောင်းစတက်တဲ့နေ့ ဖြစ်တဲ့အတွက် Suho ဆိုတဲ့ကောင်မလေးတယောက် အရမ်းကိုပျော်ရွှင်တက်ကြွနေပါတယ်။ သူတို့ စာသင်ခန်းထဲမှာ သူနဲ့ အရွယ်တူ ကျောင်းသားကျောင်းသူလေးတွေ အယောက် ၃၀ လောက်ရှိမယ်။ ကျောင်းစဖွင့်တဲ့ နေ့ ဆိုတော့ ကျောင်းသားမိဘတွေလည်း စာသင်ခန်းထဲမှာ ကြိတ်ကြိတ်တိုးနေတာပဲ။
Suho က သူနဲ့ ရွယ်တူ သူငယ်ချင်းဖြစ်လာမယ့် အတန်းဖော်တွေကို လိုက်ငေးနေတုန်း
"သမီးရေ လာထိုင်တော့ ဒီနေရာလေးက ပြတင်းပေါက်နဲ့ နီးတော့ အလင်းရောင်ရော လေကောင်းလေသန့် ရောရတယ်"
Suho လည်း သူ့ အမေ ပြတဲ့ ခုံနေရာလေးမှာ ထိုင်လိုက်တယ်။
သူ့ အမေ Baekhyun က သားငယ် Sehun ကို ချီထားရင်း
"သမီး omma ရွေးပေးတဲ့ နေရာလေးကို ကြိုက်တယ်မလား"
"nae omma သမီး ဒီမှာပဲထိုင်မယ်"
ထိုအချိန်မှာပဲ Suho ရဲ့ မောင်လေး Sehun က အော်ငိုတော့တယ်။
"အဟင့် အဟင့် အီးးဟီးးး"
Baek က ကလေးကိုချော့နေရင်း
"သမီးရေ သမီးမောင်လေးက လူတွေများလို့ ငိုတာထင်တယ် omma ခဏ အပြင်ခေါ်သွားလိုက်မယ် သမီးဒီမှာပဲထိုင်နေနော်"
"nae"
"hunnie လေး တိတ်တိတ် omma တို့ အပြင်ကိုသွားကြမယ်"
Baek က သားငယ်ကို ချော့မြူ ရင်း စာသင်ခန်းအပြင်ဘက်ကိုထွက်သွားတယ်။ Suho လည်းတယောက်တည်း ထိုင်ရတာပျင်းလာလို့ စာသင်ခန်းထဲ လျှောက်သွားပြီး ဟိုကြည့်ဒီကြည့်လုပ်နေတယ်။