"ဟုတ်ပါပြီ ဒါဆိုလည်း လာ"
Xiumin က Xing ကိုအခန်းထဲခေါ်ပြီး မုန့် ဖိုးတွေ အထပ်လိုက် လက်ထဲထည့်ပေးလိုက်တော့ Xing မျက်နှာလေး ပြုံးဖြဲသွားကာ
"mama xie xie. wo ai ni"
"အေးပါ အေးပါ အဲ့လိုပဲ များများချွဲ သိလား ကျေးဇူးရှင်လေး"
Xing က အခန်းထဲက ခုန်ပေါက်ထွက်လာပြီး သူ့ သူငယ်ချင်းတွေကို လက်မထောင်ပြလိုက်ကာ
"ဟျောင့်တွေ သွားမယ်"
"OK"
အဲ့နောက် သူ့ အဖေ ကို လက်ပြလိုက်ရင်း
"baba သားတို့ သွားပြီနော်"
"အေးအေး ဂရုစိုက်သွားကြနော် ကလေးတွေ"
"nae သွားလိုက်ပါဦးမယ် အန်ကယ်"
Tao, Kris နဲ့ Su တို့ ကလည်း ခေါင်းလေးတွေ ငုံ့ ပြီးနှုတ်ဆက်လိုက်ကြတယ်။
#####
သူတို့ ၎ ယောက် ကစားကွင်းကိုရောက်တော့ တိုက်ကားအရင်မောင်းဖို့ သွားကြတယ်။
Su ကလွဲရင် Xing, Tao နဲ့ Kris တို့  ၃ ယောက်က တိုက်ကားတယောက်တစီးစီ မောင်းဖို့ ပြင်နေကြတယ်။
Su က Tao အနားကို ကပ်ပြီး
"Tao ဟိုဘက်နည်းနည်းတိုး ငါနင်နဲ့ အတူတူစီးမလို့ "
"ဟာ… နင်ကလည်း တိုက်ကားမောင်းတာတောင် ကပ်စီးချင်သေးတယ် ကိုယ့်ဘာသာမောင်းပါလားဟ"
"ငါ မမောင်းရဲလို့ ပေါ့ ငါငယ်ငယ်တုန်းက တိုက်ကားစီးရင်းစောင့်မိလို့ ရှေ့ သွား ၄ ချောင်းကျိုး ပြီးပြီ"
Kris က
"နင် အခု ကလေးမှမဟုတ်တော့တာ စီးပေါ့ ဘာဖြစ်လဲ"
"ဟာ… တော်ပြီ ငါအပြင်ကပဲ နင်တို့ စီးတာရပ်ကြည့်နေတော့မယ်"
"နင်ကလည်း မကြောက်ပါနဲ့ ဟ ဒါလေးစီးလို့ ဘာမှဖြစ်မသွားဘူး"
Tao က ပြောလိုက်တော့ Su လည်း ခေါင်းကုတ်ရင်း ရှေ့ တိုးရခက် နောက်ဆုတ်ရခက်နဲ့ စဉ်းစားနေတယ်။
Xing က စိတ်မရှည်တော့ပဲ
"ဟဲ့ Su နင်ဒီအတိုင်းတော့ ရပ်ကြည့်မနေနဲ့  တော်ကြာ တောသူမ လို့ သူများတွေထင်နေဦးမယ် လက်မှတ်တောင်ဝယ်ပြီးပြီကို နင် တယောက်တည်းမစီးရဲရင် ငါနဲ့ လာစီးလေ"
You're My EverythingWhere stories live. Discover now