ChanYeol သူ့ အိတ် ထဲ က laptop လေး ကို ထုတ် လိုက် ပြီး ကုတင် ပေါ် မှာ ထိုင် လိုက် တယ်.. laptop ဖွင့် နေ ရင်း သမ်း မိ ပါ တယ်.. ဟုတ် တယ် လေ အချိန် ကလည်း ည၁နာရီ တောင် ရှိ နေ ပြီ ကိုး..သူ laptop ထဲ မွှေ နေ တုန်း BaekHyun လည်း အခန်း ထဲ ဝင် လာ ပါ တယ်.. အခု မှ ရေချိုး လာ တာ ဆို တော့ ခေါင်း က ရေ စက်လက် နဲ့ ပေါ့.. ပခုံး ပေါ် က တဘက် လေး နဲ့ ခေါင်း သုတ် ရင်း ဝင် လာ တာ ပါ..ChanYeol ကတော့ ကုတင် ပေါ် ကနေ လိုက် ကြည့် ရင်း BaekHyun နဲ့ မျက်လုံး ချင်း ဆုံ တော့ ပြုံး ပြ လိုက် ပါ တယ်.. BaekHyun လည်း ခုနက အိပ် ချင် မူးတူး နဲ့ ဆို တော့ ယောင်တောင်တောင် ပါ ပဲ..အခု မှ ChanYeol က သူ့ အခန်း ထဲ ရောက် နေ တာ သတိ ထား မိ ပြီး.. သူ့ အခန်း ဖော် ပါ လား ဆို တာ သေချာ သိ သွား ပါ တယ်..အခု လည်း သူ့ ကို ပြုံးပြ နေ တဲ့ ChanYeol့  ကို တချက် ပဲ ကြည့် ပြီး ပြန် လှည့် သွား ကာ သူ့ computer လေး ဆီ သွား ထိုင် လိုက် ပါ တယ်..
ChanYeol လည်း ပခုံး ပေါ် တဘက် လေး တင် ပြီး computer ရှေ့ ထိုင် နေ တဲ့ BaekHyun ကျော ပြင် လေး ကို ကြည့် ရင်း ရုတ်တရက် သူ့ laptop ကို ပိတ် ကာ ကုတင် ပေါ် က ဆင်း လာ တယ်.. ပြီး တော့ BaekHyun ဆီ တည့် တည့် လျှောက် သွား လိုက် ပြီး BaekHyun ပခုံး ပေါ် က တဘတ် လေး ကို ယူ လိုက် တယ်..
Baek လည်း သူ့ ဆံပင် တွေ ဆီ ရောက် လာ တဲ့ တဘက် နဲ့ လက် တစ်စုံ ကြောင့် လန့် သွား ပြီး နောက် လှည့် ကြည့် လိုက် တော့ ChanYeol က သူ့ ခေါင်း ကို လာ သုတ် ပေး နေ တယ် လေ..
" မင်း ဘာ လုပ် တာ လဲ?"
" မင်း ခေါင်း ကို ရေ သုတ် ပေး တာ လေ.."
" အေး လေ ..ဘာ ကိစ္စ လုပ် တာ လဲ လို့ မေး နေ တာ?"
" ရေ စို နေ လို့ ပေါ့ ကွ.."
" အဲ့ဒါ မင်း အပူ လား? ကိုယ့် အကန့် နဲ့ ကိုယ် နေ ..Ok?"
" ငါက စေတနာ နဲ့ လုပ် ပေး တာ ကို..မင်း ခေါင်း က ရေ မခြောက် သေး ပဲ အိပ် ရင် နေ မကောင်း ဖြစ် မှာ စိုး လို့ ပါ " ChanYeol ပြော နေ တာ ကို နား မထောင် ပဲ လက် ထဲ က တဘက် ကို ဆွဲယူ သွား ပြီး သူ့ ကုတင် ပေါ် သူ တက် သွား ပါ တယ် ..ChanYeol ကတော့ နှုတ်ခမ်း လေး ဆူ ရင်း ..ည အိပ် မီး လေး ပဲ ချန် ကာ မီး ချောင်း ကို ပိတ် လိုက် ပါ တယ်.. ပြီး တော့ ကုတင် ပေါ် ကုတ် ကုတ် လေး ပြန် တက် သွား ပြီး မျက်လုံး ကို မှိတ် ထား လိုက် တယ်..
BẠN ĐANG ĐỌC
Can You Be Mine? (2015)
Lãng mạnChanBaek ft. KaiSoo , HunHan ChanYeol ဟာ SM ကို ရောက် လာ တဲ့ Trainee အသစ် ၁ယောက် ပေါ့.. ဒါပေမဲ့ ထုံးစံ အတိုင်း လူ သစ် တွေ ရောက် လာ ရင် မခေါ် ချင် ..မပြော ချင် ကြ ဘူး လေ..အဲ့ဒီ ထဲ မှာ မှ BaekHyun ဆို တဲ့ ၁ယောက် က အဆိုး ဆုံး ပါ..သူ...