"ကိုယ်​​ရှေ့မှာ ရှိ​နေရင်​ ဒီဆံပင်​​တွေ
စည်းမထားပါနဲ့ဆိုတာ မှတ်​မထားဘူး"

"ဆံပင်​ ဖို့ယို့ဖားယားနဲ့ အလုပ်​လုပ်
လို့မှ မရတာ"

"က​လေးမ..စကား​ပြောတာနှုတ်​ခမ်းကို
စုလုံး​နေတာပဲ..ကြည့်​​နေတာအ​ကောင်း
မှတ်​​နေတယ်​ ကိုက်​ဆွဲမိ​တော့မယ်​"

"Xing ​​နော်​"

Myeonသူ့ရင်​ခွင်​ထဲမှာမြုပ်​​နေရင်း
ပါးပြင်​​လေးနှစ်​ဖက်​strawberry
ရောင်​သမ်းလျက်​ နံရံကနာရီကို ​မော့ကြည့်
ကာ...

"အလုပ်​​နောက်​ကျ​နေပြီ.. ဖယ်​​ပေး.."

"ဒီ​နေ့ အလုပ်​မသွား​တော့ဘူး"

"ဟင်​!..ဘာဖြစ်​လို့လဲ"

"မင်းအနား မှာ​နေချင်​တဲ့စိတ်​​တွေ့ဖြစ်​​နေလို့"

ရင်​ထဲမှာသိမ့်​ကနဲ​နွေးသွားသည်​ ပြီး​တော့
Xing​ပွေ့ပိုက်​နမ်းရှိုက်​နေပုံက ဟိုအရင်
ကလို​ပေါ့ပျက်​ပျက်​ အနိုင်​ယူချင်း​တွေနှင့်​မတူ

မြတ်​မြတ်​နိုးနိုး နူးနူးညံ့ညံ့...

"Myeon"

Xingက Myeonရဲ့ နှုတ်​ခမ်းပါး
ရဲရဲ​ထော်​​ထော်​​လေး​တွေကို လက်​မနဲ့
ဖွဖွ​လေး တို့ထိ​နေလျက်​...

"Myeon ကိုယ့်​ကို ချစ်​သလား"

မေးခွန်းကရင်​ခုန်​စရာ​တော့မရှိပါ ​ဒေါသ
ဖြစ်​လွယ်​မယ်​ဆို ​အော်​ဟစ်​တွန်းကန်
ပြစ်​လိုက်​ဖို့ပင်​​ကောင်းသည်

Myeon သူ့မျက်​နှာကို မျက်​လွှာ​လေး
ပင့်​ကြည့်​​နေ​တော့ Xingကငုံ့မိုးရင်း
ငေး၍...

"Myeon ကိုယ်​နဲ့လက်​ထပ်​ခဲ့တာက
ကိုယ်​ကလည်း ကိုယ်​မှားခဲ့တဲ့အတွက်
တာဝန်​ယူခဲ့တာ Myeonကလည်း"

"ကျွန်​မက​တော့ ရှင့်​ကို အမြဲတမ်း
သတိရ​နေခဲ့တာ"

"ဟင်​!.."

Xingအံ့သြသလိုဖြစ်​သွား​တော့ Myeonရဲ့
ပါးပြင်​​လေး​တွေ အနီ​ရောင်​သန်း၏ ​ပြောမိ
ပြီးမှ ရှက်​သွားကာ Xing ရင်​ခွင်​ထဲက
ရုန်းထွက်​ဖို့ ကြိုးစားမိသည်​ Xingက
အတင်းအကျပ်​ ​ပွေ့ဖက်​ထားလို​က်​ပြီး...

မင်းမကြည့်လို့မသိတာပါWhere stories live. Discover now