1

2 0 0
                                        

Ti..Ti..Ti....

နှိုးစက်သံကြားသည်နှင့် နာရီကြည့်မိတော့ ၃နာရီထိုးနှင့်နေပြီ။စောသေးတာနဲ့ မထလို့လဲမရ ဒီနေ့ သူငယ်ချင်းများနှင့်တောင်တက်ဖို့ချိန်းထားလေသည်။မျက်နှာသစ်သွားတိုက် အဝတ်စားလဲကာ အိမ်ရှေ့တွင်ထိုင်၍ စောင့်နေလိုက်သည်။
ထိုင်ပြီးမကြာခင်လေးတွင် ကားဖြင့်တောင်တူတူတက်မည့် သူငယ််ချင်းတစ်သိုက်ရောက်လာခဲ့လေသည်။
" ဟေ့ရောင် သော်တ မြန်မြန်လာတက် ဟိုကောင်အာကာနိုင့်အိမ်ဝင်ခေါ်ရဦးမှာ"
"ငါ့ကိုနောက်ဆုံးမှဝင်ခေါ်မယ်ထင်တာ"
"အေးအဲ့လိုလုပ်မလို့ပဲ ဟိုကောင့်အိမ်က ပုပ္ပါးမြို့အထွက်မှာဆိုတော့ တစ်ခါတည်းလမ်းသင့်တာနဲ့သူ့ကိုနောက်ဆုံးမှခေါ်မလို့"
တောင်တက်မည့်အဖွဲ့မှာကျွန်တော်တို့သူငယ်ချင်း ငါးယောက်ဖြစ်သည်။ကျောက်ပန်းတောင်းနှင့် ပုပ္ပါးဆိုတာ နီးကပ်လှ၍ ခဏတိုင်းတောင်တက်ဖြစ်ကြသည်။သည်လိုနှင့်နောက်ဆုံးကျန်သည့်သူကိုဝင်ခေါ်ကာ ပုပ္ပါးဘက်သို့ထွက်ခဲ့လိုက်သည်။

"ဒီနေ့တောင်ပေါ်မြူဝေမယ်ထင်တယ် ချမ်းစိမ့်စိမ့်နဲ့"
"အေးကွာ ငါတို့တက်မယ်ဆိုမှညတုန်းကမိုးဖွဲဖွဲက ကျရတယ်လို့ ဒါနဲ့ သော်တ မင်းပြောတော့ နောက်နေ့ပုဂံသွားမလို့ဆို"

"အေးဟုတ်တယ် နောက်သုံးရက်နေမှပါကွာ ကပ်ရင်တော့ငါလဲ မလိုက်နိုင်ဘူး"
"ငါလဲ မန္တလေး အမေ့ဆေးပြလိုက်ပို့ရမှာကွာ မင်းတို့လူအကုန်စုံမယ်ဆိုလို့သာ လိုက်လာတာ"
"ပိုင်ပိုင် မင်းအမေခုထိ ဆေးပြရတုန်းလား"
"ဒီလိုပါပဲ နေတော့ကောင်းပေမယ့် ဆေးရုံက၅လတစ်ခါလောက်ပြန်ချိန်းတော့ သွားနေရတာ"
"ဒီနေ့တော့ တောင်မကြီးထိပဲမလား မှန်ပြတောင်ထိသွားကြဦးမှာလား"

"မင်းတို့လဲသွားစရာတွေရှိတာ တောင်မကြီးတက်ပြီး ပြန်ကြတာပေါ့"ဟုဆိုပြီး အာကာနိုင််မှ ဝင်ပြောလိုက်သည်။

ကျွန်တော်တို့အုပ်စုတွင် ဝေယံနိုင်၊ဝေယံပိုင်၊အာကာနိုင်၊ပိုင်ယံမင်း ကျွန်တော်အပါဝင်ငါးယောက်ဖြစ်ရာ ဝေယံပိုင်နှင် ဝေယံနိုင်မှာ အမွှာများဖြစ်ကြသည်။သိပ်မဝေးလှသည်မို့ စကားများပြောရင်း တောင်ခြေကိုရောက်လာကြသည်။

You've reached the end of published parts.

⏰ Last updated: 3 days ago ⏰

Add this story to your Library to get notified about new parts!

CHERYMPACAStories to obsess over. Discover now