မှောင်မိုက်နေတဲ့ studio အတွင်း မှန်ဘူးသီးလုံးလေးတွေကို တင်းကြပ်စွာတပ်ဆင်ထားတဲ့အခန်းထဲမှာ မီးခိုးငွေ့လေးတွေလွင့်ပျံနေသည်။
Jeon Wonwoo အတွက်တော့ ကမ္ဘာကြီးဟာ လွန်ခဲ့တဲ့ သုံးလကတည်းက သေဆုံးသွားခဲ့တာဖြစ်သည်။ ဆရာဝန်တွေက ဦးခေါင်းဆိုင်ရာ ထိခိုက်မှုကြောင့် ဖြစ်ရတဲ့ အာရုံကြော ချို့ယွင်းချက် (Monochromacy) လို့ အမည်တပ်ကြပေမဲ့ Wonwoo အတွက်တော့ ဒါဟာ ဓာတ်ပုံဆရာတစ်ယောက်ရဲ့ ဘဝအဆုံးသတ်လိုက်ခြင်းပဲဖြစ်သည်။
"ဒီနေရာလေးကို အနီရောင်နဲ့ သာယာတဲ့ ရာသီဥတုမျိုး ရချင်တာ ... Wonwoo-shi၊ ခေတ်ဟောင်းအငွေ့အသက် ရမလား"
ဧည့်သည်ကင်မရာမန်းရဲ့ စကားကို Wonwoo အေးစက်စွာ ခေါင်းညိတ်ပြလိုက်သည်။ ကင်မရာခလုတ်ကို နှိပ်လိုက်ချိန်မှာ သူမြင်ရတာက အဖြူ၊ အမည်းနဲ့ မီးခိုးရောင်တွေသာ။ ဘယ်နေရာက
အနီရောင်လဲ၊ ဘယ်နေရာက အဝါရောင်လဲဆိုတာ သူ မသိတော့။
"ခဏနားရအောင်..."
Wonwoo ကင်မရာကို စားပွဲပေါ် တင်လိုက်ပြီး အပြင်ဘက်ကို ထွက်လာခဲ့သည်။ စတူဒီယိုရဲ့ စာကြည့်ခန်းထောင့်မှာတော့ တရုတ်စာအုပ်တစ်အုပ်ကို အာရုံစိုက်ပြီး ဘာသာပြန်နေတဲ့ Wen Junhui ဆိုတဲ့ ကောင်လေးဟာ ဒီ studio မှာ ဓါတ်ပုံစာအုပ်တွေအတွက် စာမူဘာသာပြန်အဖြစ် ခေတ္တဝင်ကူပေးနေရသူဖြစ်တယ်။
Wonwoo စားပွဲပေါ်က ရောင်စုံ ပို့စ်ကတ်လေးတွေကို ကြည့်ရင်း တစ်ခုကိုရွေးကာ သက်ပြင်းချလိုက်သည်။
"Wonwoo-shi..."
Jun က စာအုပ်ထဲကနေ မျက်လုံးလေး ကလယ်ကလယ်နဲ့ မော့ကြည့်လာသည်။
"အဲဒီ ပို့စ်ကတ်က အနီရောင် မဟုတ်ဘူးနော်။ အဲဒါ စပိန်နိုင်ငံက နေဝင်ချိန် အနီရင့်ရောင်..."
Wonwoo ၏ ကိုယ်ထည်တစ်ခုလုံး တောင့်တင်းသွားသည်။
"မင်း... ဘာပြောလိုက်တာလဲ"
Jun က စာအုပ်ကို ပိတ်လိုက်ပြီး Wonwoo
အနားကို ဖြည်းဖြည်းချင်း လျှောက်လာသည်။ Jun ၏ မျက်လုံးတွေထဲမှာ သရော်မှု သို့မဟုတ် သနားမှု လုံးဝမပါဘဲ အေးချမ်းသည့် စိတ်တစ်ခုသာ ရှိနေ၏။
YOU ARE READING
The Sound of Silence
Fanfictionအရောင်တွေကင်းမဲ့နေတဲ့ Jeon Wonwoo ရဲ့ကမ္ဘာကြီးထဲမှာ မြင်တွေ့ခွင့်ရခဲ့တဲ့တစ်ခုတည်းသော အလင်းရောင်က Wen Junhui ဖြစ်တယ်။ စကားလုံးတွေမလိုတဲ့ ယုံကြည်မှု၊တိတ်ဆိတ်မှုတွေကြားထဲက တိုးတိုးလေးထွက်ပေါ်လာခဲ့တဲ့ နှလုံးသားသံစဥ်လေး ...
