"သတိပေးချက်! သတိပေးချက်! Host ရဲ့ ဝိညာဉ်သည် 'နတ်ဆိုးဧကရာဇ်၏ အချစ်ဆုံး' ဆိုတဲ့ ဝဘ်နိုဗယ်လ်ထဲကို ၁၀၀ ရာခိုင်နှုန်း အောင်မြင်စွာ ကူးပြောင်းသွားပါပြီ။"
ခေါင်းထဲမှာ ဒိုင်းခနဲ မြည်ဟီးသွားတဲ့ စက်ရုပ်သံကြောင့် ဖူဝင်း မျက်လုံးကို အားယူပြီး ဖွင့်ကြည့်လိုက်တယ်။
မျက်စိထဲ ပထမဆုံး မြင်လိုက်ရတာက သစ်သားအကွက်ဖော်ထားတဲ့ မျက်နှာကျက်မြင့်မြင့်ကြီးနဲ့ ရှေးဟောင်း ကုတင်ကြီးတစ်ခု။ သူ အံ့ဩလွန်းလို့ အိပ်ရာပေါ်ကနေ ငုတ်တုတ် ထထိုင်လိုက်မိတယ်။
"ငါ... ငါ အိမ်မှာ စာအုပ်ဖတ်ရင်း အိပ်ပျော်သွားတာ မဟုတ်ဘူးလား? ဒါ ဘာနေရာလဲ?"
"မင်္ဂလာပါ Host... ကျွန်တော်ကတော့ 'ဇာတ်ကောင် အသက်ကယ် စနစ်' (System 007) ဖြစ်ပါတယ်။"
ခေါင်းထဲက အသံက အေးအေးဆေးဆေးပဲ ဆက်ပြောလာတယ်။
"Host ရောက်နေတဲ့ ဇာတ်ကောင်က ဇာတ်လိုက် ပွန်း (Pond) ရဲ့ လက်ထဲမှာ မသေမချင်း နှိပ်စက်ခံရမယ့် ဗီလိန်အသေးလေး 'ဖူဝင်း' ဖြစ်ပါတယ်။"
"ဘာပြောတယ်!"
ဖူဝင်း ရင်ဘတ်ကို လက်နဲ့ ဖိလိုက်မိတယ်။
သူ ဖတ်လက်စ ဝတ္ထုထဲက ဇာတ်လိုက် ပွန်း ဆိုတာ မြို့တော်မှာ သြဇာအာဏာ အကြီးမားဆုံး၊ အေးစက်ပြီး ရက်စက်လွန်းလို့ 'နတ်ဆိုး' လို့တောင် တင်စားခံရတဲ့ သခင်လေး။ အခု သူ ရောက်နေတဲ့ ဇာတ်ကောင်က ပွန်းကို နောက်ကွယ်ကနေ ဒုက္ခပေးဖို့ ကြံစည်ရင်း နောက်ဆုံးမှာ ကောင်းကောင်းမွန်မွန်တောင် သေခွင့်မရဘဲ ဇာတ်သိမ်းရမယ့်သူ။
"System! ငါ အိမ်ပြန်ချင်တယ်။ ငါ့ကို ပြန်လွှတ်ပေး!"
"နဂိုကမ္ဘာကို ပြန်ချင်ရင် သို့မဟုတ် ဒီကမ္ဘာမှာ အသက်ရှင်ချင်ရင် နည်းလမ်း တစ်ခုပဲ ရှိပါတယ်။ ဇာတ်လိုက် ပွန်း ရဲ့ မေတ္တာရရှိမှု ရာခိုင်နှုန်း (Affection Rate) ကို ၁၀၀% ရောက်အောင် လုပ်ရပါမယ်။ လက်ရှိ Affection Rate က မနုတ် ၁၀% (-10%) ဖြစ်ပါတယ်။"
"-10% ဟာ?"
ဖူဝင်း မျက်လုံးပြုးသွားတယ်။
"ငါ သူ့ကို ဘာမှတောင် မလုပ်ရသေးဘူးလေ!"
ESTÁS LEYENDO
The Villain's Survival Script
Ficción General... ဝတ္ထုတစ်အုပ်ထဲ ကူးပြောင်းရောက်ရှိသွားပြီး အစောပိုင်းမှာတင် ခေါင်းနဲ့ကိုယ် အိုးစားခွဲခံရမယ့် ဗီလိန်အသေးလေးဖြစ်သွားခဲ့တဲ့ 'ဖူဝင်း'...
