မမျှော်လင့်ထားတဲ့ အစ

3 0 0
                                        

Vera Lane က တစ်ယောက်တည်းနေရတာကို နေသားကျနေတဲ့လူတစ်ယောက်ပါ။

တစ်ယောက်တည်း နိုးထလာတာ၊ တစ်ယောက်တည်း မနက်စာစားတာ၊ တစ်ယောက်တည်း အလုပ်သွားတာနဲ့ တစ်ယောက်တည်း အိမ်ပြန်လာတာတွေက သူမအတွက် ထူးဆန်းတဲ့အရာတွေ မဟုတ်တော့ပါဘူး။

လူတွေက တစ်ယောက်တည်းနေရတာနဲ့ အထီးကျန်နေတာကို အမြဲတမ်း အတူတူပဲလို့ ထင်တတ်ကြတယ်။

Vera ကတော့ အဲ့ဒီနှစ်ခုက မတူဘူးဆိုတာ သိတယ်။
သူမက အထီးကျန်နေတာ မဟုတ်ဘူး။
တစ်ယောက်တည်းနေရတာကိုပဲ နေသားကျနေတာ။

မနက်ခင်းတိုင်း သူမနိုးလာတဲ့အခါ အခန်းထဲမှာ သူမရဲ့အသက်ရှူသံကလွဲပြီး တခြားအသံမရှိတတ်ဘူး။ အဲ့ဒီတိတ်ဆိတ်မှုကလည်း Vera အတွက် အဆင်ပြေပါတယ်။
တိတ်ဆိတ်မှုက ဘယ်တော့မှ သူမကို မေးခွန်းမမေးဘူး။

"ဘယ်သွားနေတာလဲ?"

"ဘယ်သူနဲ့လဲ?"

"ဘာလို့တစ်ယောက်တည်းလဲ?"

ဆိုပြီးလည်း မမေးဘူး။
ဒါကြောင့် Vera က တိတ်ဆိတ်မှုကို သဘောကျတယ်။

သူမရဲ့ဘဝမှာ တစ်ယောက်ယောက်ကို လိုအပ်တယ်ဆိုတဲ့ခံစားချက်ကို သိပ်မခံစားဖူးခဲ့ဘူး။ မိသားစုရှိပေမဲ့ နွေးထွေးတဲ့မိသားစုတစ်ခုတော့ မဟုတ်ခဲ့ဘူး။

အဖေနဲ့အမေက တစ်အိမ်တည်းမှာ နေခဲ့ကြပေမဲ့ တစ်ယောက်နဲ့တစ်ယောက် ချစ်ကြတဲ့လူတွေတော့ မဟုတ်ခဲ့ကြဘူး။

သူမအမေ ဆုံးသွားတဲ့အချိန်မှာတောင် Vera က ငိုမိခဲ့ပေမဲ့ အမေ့ကိုဆုံးရှုံးလိုက်ရလို့ ငိုတာလား၊ ဒါမှမဟုတ် တစ်ယောက်ယောက်ကို ဆုံးရှုံးရတဲ့ခံစားချက်ကြောင့် ငိုတာလားဆိုတာ သူမကိုယ်တိုင်တောင် မသိခဲ့ဘူး။

အဖေနဲ့ကတော့ အမေဆုံးပြီးနောက်ပိုင်း ပိုပြီးဝေးကွာလာခဲ့ကြတယ်။
သူ့အဖေက လူဆိုးတစ်ယောက်မဟုတ်ဘူး။
ဒါပေမဲ့ Vera အတွက်တော့...

လူကောင်းတစ်ယောက်ဖြစ်တာနဲ့ နွေးထွေးတဲ့အဖေတစ်ယောက်ဖြစ်တာက မတူဘူး။
အဲ့ဒါကြောင့် Vera က တစ်ယောက်တည်းနေတတ်လာခဲ့တယ်။

မလိုအပ်ဘဲ မမျှော်လင့်တတ်အောင်။
မမျှော်လင့်တော့ မနာကျင်တော့ဘူး။
ဒီနေ့လည်း အခြားနေ့တွေနဲ့ သိပ်မကွာပါဘူး။
Vera က အလုပ်စားပွဲပေါ်မှာရှိတဲ့ စာရွက်တွေကို တစ်ချက်ကြည့်ပြီး နာရီကိုကြည့်လိုက်တယ်။

You've reached the end of published parts.

⏰ Last updated: Jul 25 ⏰

Add this story to your Library to get notified about new parts!

A Little Home Called Us Stories to obsess over. Discover now