Intro

47 7 13
                                        

ဟယ်လို... ပထမဦးဆုံးအနေနဲ့ Fiction အသစ်လေးတစ်ပုဒ်နဲ့ ပြန်လာခဲ့ပါပြီ။ ဒီတစ်ခေါက်မှာတော့ ထုံးစံအတိုင်းပဲ ကိုယ်တိုင်လည်း တကယ်ဖတ်ချင်တဲ့ Type မျိုးလေးကို ရေးသွားမှာပါ။

Fic အကြောင်းမပြောခင် ကြိုတင်ပြီး Warning လေးတစ်ခုတော့ ပေးချင်ပါတယ်။ လူတစ်ယောက်နဲ့တစ်ယောက် အမြင်ချင်း မတူညီနိုင်ကြတဲ့အတွက် ရေးသားမယ့် အကြောင်းအရာတချို့က Sensitive ဖြစ်နိုင်ပါတယ်။
ဒါကြောင့် မဖတ်ခင်မှာ စဉ်းစားပေးကြဖို့ မေတ္တာရပ်ခံချင်ပါတယ်။

နောက်တစ်ခုကတော့ ဒီ Fic ရဲ့ ဇာတ်အိမ်က လက်တွေ့ကမ္ဘာမဟုတ်ဘဲ Parallel Universe (အပြိုင်ကမ္ဘာ) သဘောမျိုး သီးသန့်ကမ္ဘာတစ်ခုဖြစ်ပါတယ်။

လက်ရှိကိုယ်‌ေတွတို့နေထိုင်တဲ့ နိုင်ငံတွေ၊ မြို့တွေရဲ့ နာမည်တွေနဲ့ တူနိုင်ပေမယ့် အကုန်လုံး ချွတ်စွတ်တူနေမှာတော့ မဟုတ်ပါဘူးနော်။
ဖတ်ရတာ မရှုပ်ထွေးစေဖို့အတွက်လည်း ဇာတ်လမ်းထဲက ခုနှစ်တွေကို အတိအကျ ထည့်သွင်းဖော်ပြသွားမှာ မဟုတ်ပါဘူး။

ကဲ... ဒါဆို ရေးမယ့် Fic အကြောင်းလေး စပြောရအောင်။

"ဆရာဝန်တစ်ယောက်နဲ့ သာမန်လက်ဝှေ့ထိုးသမားတစ်ယောက်ရဲ့ ပုံမှန်မြင်တွေ့နေကျ ရိုးရိုးတန်းတန်း အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါ။"

စိတ်ဝင်စားတယ်၊ ဖတ်ချင်တယ်ဆိုရင်တော့ ကိုယ်နဲ့အတူ လိုက်ပါစီးမျှောပေးဖို့ ဖိတ်ခေါ်ပါတယ်ရှင်။

Character Quotes

"ငါ့နာမည်က 'စောနိဂုံးချုပ်' လို့ ခေါ်တယ်။ မင်း သိထားရမှာက နိဂုံးချုပ်ပြီးရင် နောက်ထပ် အခန်းဆက် ဆိုတာ မရှိတော့ဘူး။"

__________

"ကျွန်တော့် ဆေးဝါးတွေအပေါ် ယုံကြည်မှုမရှိဘူးဆိုရင် ကျွန်တော်နဲ့ ဆွေးနွေးနေဖို့ မလိုပါဘူး။ ဦးနှောက်နဲ့ အာရုံကြောဆိုတာ ရှုပ်ထွေးတဲ့စနစ်တစ်ခုပါ။ အဲဒီစနစ်ကို ဘယ်လိုထိန်းချုပ်ရမလဲဆိုတာ ကျွန်တော့်ထက် ပိုသိတဲ့သူ ဒီလောကမှာ မရှိဘူးလို့ ကျွန်တော် ယုံကြည်တယ်။"

___________

Name - ခြံရံခံ့ညားထက်
Birthday - 1.1.1993
Specialty -Neurosurgery

Name- နိဂုံးချုပ်
Birthday -27.3. 1997
Profession-Lethwei Fighter

Charters တွေရဲ့ Information တွေကို ဒီလောက်ပဲပြောပြထားပါဦးမယ်နော်။
နောက်တစ်ခုက လက်ရှိ ကိုယ်ရေးမယ့် Fic မှာက ကျား/မ မရွေးကိုယ်၀န်ဆောင်လို့ရပါတယ် သတ်မှတ်ချက်တွေပညက်တွေရယ်လို့မရှိပါဘူး။အရာအားလုံးကို ကျား/မ တန်းတူ ပါပဲ။
Note က fic က Male pregnant လုံး၀မဟုတ်ပါဘူးနော်။ family bloodline ကြောင့်ကြိုရှင်းပြထားတာရယ်။

ဒါဟာ ကိုယ့်ရဲ့ ပထမဆုံး ဖန်တီးမှုဖြစ်တဲ့အတွက် အသေးစိတ် ပုံဖော်မှုပိုင်းမှာ အားနည်းချက်လေးတွေ ရှိနိုင်ပါတယ်။ စိတ်ကူးထဲက ရသတွေကို စာသားအဖြစ် အပြည့်အဝ ဘာသာပြန်မရသေးတာကြောင့် စာဖတ်သူတို့ဆီမှာ ပုံရိပ်တွေ မပီပြင်မှာကိုလည်း စိုးရိမ်မိပါတယ်။

ရင်ထဲကခံစားချက်တွေကို စာလုံးရေတွေအဖြစ် ဘာသာပြန်ရတာ မလွယ်ကူမှန်းသိပေမဲ့ ကိုယ်တတ်စွမ်းသမျှ အကောင်းဆုံးနဲ့ အတတ်နိုင်ဆုံး ကြိုးစားပြီးတော့ ရေးသားပါ့မယ်။
ပြည့်စုံဖို့ထက် စစ်မှန်ဖို့ကိုပဲ ဦးစားပေးချင်ပါတယ်။ အားနည်းချက်တွေ ရှိနေဦးတော့... အကောင်းဆုံးနဲ့ အတတ်နိုင်ဆုံး ကြိုးစားပြီးတော့ ရေးသားသွားမှာပါပဲ။ ဒီခရီးလမ်းမှာ ကိုယ့်ရဲ့ စိတ်ကူးလေးတွေကို အကောင်းဆုံး ပုံဖော်ပြသွားပါ့မယ်။








ပုံ

ဒူးရင်းသီးခြံ(ခ)ငါးး

Has llegado al final de las partes publicadas.

⏰ Última actualización: 6 days ago ⏰

¡Añade esta historia a tu biblioteca para recibir notificaciones sobre nuevas partes!

EntwinedHistorias para obsesionarse. Descúbrelo ahora