Target Acquired

87 13 2
                                        

"Perth Tanapon ဆိုတာအဲ့ကောင်လေးပဲ.. target acquired! Santa Pongsapak စီကရအောင်ရှောင်နော် စီနီယာအကို...။"

"အဲ့ကောင်လေးကငါ့ကိုကြည့်လို့မပြီးနိုင်တော့ဘူးလား လူအများကြီးနဲ့မို့နေရခက်ပါတယ်ဆို shia..။"

_____

မီးရောင်တွေဖြာနေတဲ့နေရာ၊ လူတွေစုအုံပြီးအသံပေါင်းစုံနဲ့ဆူညံနေတဲ့နေရာ၊ စားစရာသောက်စရာတွေများပြားလှတဲ့နေရာ၊ ဒီလိုနေရာက Santa Pongsapak အတွက်တော့..

"နိဗ္ဗာန်ပဲကွ!"

ခန်းမထဲကိုလက်မြှောက်ယက်နဲ့ဝင်လာကာ Santa ရဲ့ အော်ဟစ်လိုက်တဲ့အသံကခန်းမတစ်ခုလုံး မဟိန်းသွားယုံတစ်မယ်၊ သူငယ်ချင်းတွေနဲ့အတူလာခဲ့တဲ့ Santa ဟာ ငှက်လေး‌တစ်ကောင် လွှတ်လိုက်သကဲ့သို့လူအုပ်ထဲကိုပြေးဝင်သွားကာ မီးခိုးငွေ့လိုပျောက်သွား၏။ ကျန်ခဲ့ရတဲ့ Fourth နဲ့ Phuwin ကရပ်ကျန်ခဲ့သည် တစ်ယောက်နဲ့တစ်ယောက်အကြည့်ချင်းဆုံပြီး မျက်ခုံးကိုပင့်လိုက်ကာ သွားကြ‌ရအောင်ဆိုတဲ့အကြည့်ဖြင့် သူတို့ပါ ရွှေလျားနေတဲ့ လူအုပ်ထဲသို့ ပြေးဝင်သွားခဲ့ကြသည်။

သူတို့သုံးယောက်ဟာ အရမ်းကိုလိုက်ဖက်တဲ့သူငယ်ချင်းတွေလို့ပြောရမည်။ သုံးယောက်အတူအဝပျော်တတ်ပြီး သုံးယောက်အတူအားတွေကုန်တတ်သည်။ ယခုညအခုလိုသာကဲနေရင် နောက်နေ့သူတို့အိပ်ယာပေါ်ကနေ လေးဘက်ကုန်းဆင်းရမဲ့အခြေအနေဖြစ်သည်။

ဒါတောင်သူတို့သုံးယောက်အမှတ်မရှိပါ Santa ဆိုသည်မှာအဆိုးဆုံးဖြစ်သည် သူကဲနေရတဲ့အချိန်ဆို ဘယ်အတွေးမှခေါင်းထဲမရှိနေပါ ကဲပြီးတဲ့အချိန်လွန်လျှင်တော့ သူ့အားတွေကိုဝိဉာဉ်တွေစုတ်ယူလိုက်သလိုပါပဲ။
Fourth ဆိုသည်မှာလဲ Santa နဲ့မခြားမနား အမွှာတွေဖြစ်သည်။ Fourth ကဲလိုက်ရင်ဘယ်ပွဲတိုင်းကျော်မှ သူ့ကိုလိုက်မမှီနိုင်လောက်အောင်ကဲသည် လူတိုင်းကသူ့အကြောင်းကိုသိနှင့်နေပြီမို့ ဒါတွေကတော့ဘယ်သူ့အတွက်မှမထူးဆန်းတော့ချေ။
အငြိမ်ဆုံးကတော့ Phuwin ပင် ငြိမ်သည်လို့သာခေါင်းစဉ်တပ်ရတာ သူလဲမခြားမနား ဟိုကောင်လေးနှစ်ယောက်ကိုအမှီကဲနိုင်ပါသည်။ စာလဲကြိုးစား ကဲလဲကဲရင်း လူငယ်ဘဝကိုဖြတ်သန်းကြသည့်ကောင်လေးသုံးယောက်ပင်။

Você leu todos os capítulos publicados.

⏰ Última atualização: Jul 11 ⏰

Adicione esta história à sua Biblioteca e seja notificado quando novos capítulos chegarem!

921 To Get YouHistórias para pegar e não largar. Descubra agora