Ne-am actualizat Ghidul de Conținut.
Consultă cele mai recente reguli pentru a continua să distribui povești în siguranță.

Intro

257 37 8
                                        

Juhoon ရဲ့ 8 နှစ်သား အရွယ်မှာ ဘေးအိမ်ကို Canada ကနေ မိသားစုတစ်စုပြောင်းလာခဲ့သည်။အိမ်က အမေဖြစ်သူမှာ ဆန်ကိတ် အနည်းငယ်ယူပြီး အိမ်နီးချင်းရဲ့အိမ်ရှေ့တံခါးအား ခေါက်လိုက်သည်။

တစ်ဖက်ကအိမ်ရှင်ဖြစ်သူမှာလည်း အပြုံးလေးဖြင့်တံခါးဖွင့်ပေးပြီး အိမ်ထဲသို့ ဖိတ်ခေါ်လာသည်။အမေဖြစ်သူနဲ့ထိုအမျိူးသမီးတို့စကားစမြည်ပြောနေသည့်အချိန် ဘေးတွင် Juhoon လေးဟာ သက်တောင့်သက်သာထိုင်နေရင်း ခြေထောက်များကိုလွှဲယမ်းလျက်..

"သား နှုတ်ဆက်လိုက်ဦး ဒါခုမှ ပြောင်းလာတဲ့ အိမ်နီးချင်းအသစ်လေ"

Juhoon လေးဟာ ကလေးပီပီ သွားကျိုးလေးများကိုဖွင့်ဟပြကာ..

"တွေ့ရတာ ဝမ်းသာပါတယ် အန်တီ သားနာမည်က Juhoon ဖြစ်ပါတယ်ဗျ"

"အိုကွယ် ကြည့်ပါဦး ချစ်စရာကောင်းလိုက်တာ အန်တီမှာလည်း သားနဲ့ရွယ်တူအငယ်ဆုံးလေးရှိတယ်"

Juhoon ဟာ ထိုစကားကြားကြားချင်း မျက်နှာလေးဟာရွှင်လန်းသွားခဲ့ရသည်။အဘယ်ကြောင့်ဆိုသော် သူ့ထံတွင်မူကြိုကျောင်းရှိသူငယ်ချင်းများကလွဲ အိမ်နီးချင်းသူငယ်ချင်းမရှိသောကြောင့်ပင်..

"Martin..!Martin..."

"Yes sir mother ရို့ ဟာ့ what's up?"

အိမ်ပေါ်ထပ်ကနေ rapper style ဖြင့်ဆင်းလာသော Martin ဆိုသည့်ကောင်လေးအား Juhoon သေချာစူးစူးစိုက်စိုက်ကြည့်မိသည်။

ဒီကောင်ရဲ့ဦးနှောက်ပတ်ကြောင်းက အချိုစားတာများလို့ ပုရွတ်ဆိတ် ဦးနှောက်ထဲဝင်ကိုက်သွားတာလားဟု Juhoon ထင်မိသည်။မည်သို့ပင်ဆိုစေကာမှု ၈နှစ်အရွယ်ချင်းတူတူ Juhoon ဟာ ရိုးရှင်းသလောက် Martin မှာတော့ ဂွတကိုင်ကိုင် ဦးထုပ်ကိုလည်း ဘေးသို့စောင်းပြီးလည်းပင်းမှာလည်း ခွေးလည်ပတ်လိုလို သံကြိုးရှည်ကြီးနဲ့...

Martin ပေါ် Juhoon First impression ကတော့ ထိုးကျသွားခဲ့လေပြီ။

"ohh! ဘေးအိမ်က ရှော်တီလေးလား mother အာ့"

Martin ရဲ့ အမေဖြစ်သူဟာရှက်ရွံသွားသောကြောင့် သားဖြစ်သူရဲ့ နားရွက်ခပ်ကြမ်းကြမ်းလေးဆွဲလိုက်သည်။

"တောင်းပန်ပါတယ် ကျွန်မသားက နည်းနည်းအပျော်ရှာတာပါ ကလေးတွေပဲလေဟဟ"

Juhoon ဟာ Martin ကို သေချာစိုက်ကြည့်သလို Martin ကလည်း Juhoon ကို မျောက်တစ်ကောင်လိုစူးစမ်းကြည့်နေသည်။ပြီးနောက်..

"အဟမ်း မဂ်လာပါ မိန်းမငယ်လေး ကျွန်တော်က Martin Edward ပါဗျ"

"ဖူး..ဟားး ဟားး"

Juhoon ရဲ့အမေဟာ ဘေးတွေ ဗိုက်နှိပ်ပြီး အူတက်အောင်ရယ်နေပြီဖြစ်သည်။ Martin ကထိုမျှ ပင်မကျေနပ်သေး

"Mother သား ဒီမိန်းကလေးကို ကြီးလာရင် လက်ထပ်မယ် သားသူ့ကို အရမ်းသဘောကျတယ်"

Martin ရဲ့စကားကြောင့် Martin အမေဖြစ်သူဟာ..

"သား မင်း သေချာရဲ့လား"

"သေချာတယ် mother အခုပဲစေ့စပ်ထားကြရအောင်လေ"

ဒီတစ်ခါတော့ Martin အမေဖြစ်သူမှာ Juhoon အမေဖြစ်သူထံ ဝင် Join ပြီး မျက်ရည်ကျလုနီးပါး တဟားဟား အော်ရယ်နေသည်။

Martin ဟာ သူ့မိခင်နှင့် အိမ်နီချင်းအန်တီဖြစ်သူကိုကြည့်ပြီးခေါင်းယမ်းကာ..

"စိတ်မပူပါနဲ့ မိန်းကလေး ကိုယ့်အမေက အဲ့လိုပဲ ထားလိုက်ကိုယ်တို့စေ့...စပ်"

Juhoon ဟာ ခုချိန်ထိ တစ်ခွန်းမှဝင်မပြောပဲ မျက်နှာကြီးမည်းသည်းပြီး Martin ကိုကြည့်နေပြီး သူ့ဘောင်းဘီကိုချွတ်ချလိုက်သည်။

မျက်မှန်တပ်ထားတဲ့ Martin ဟာ မျက်မှန်ကိုအလျင်မြန်ချွတ်ပြီး Juhoon ကို တလှည့် မိခင်ဖြစ်သူကိုတလှည့်ကြည့်ကာ..

"Mother သားလက်ထပ်မယ့် ကောင်မလေးမှာ သားလိုငရုတ်သီးလေးပါနေတယ် အဲ့ဒါ ပုံမှန်ပဲ လားဟင်"



Note  - ဒုတိယတစ်ပုဒ်ပြီးရင် ဒါ update ပေးမယ်။

I need to marry you!Povești de care să fii obsedat. Descoperă acum