We Found Love (Part-2)

3.7K 260 16
                                    

Sehun ​နောက်​ပြန်​လှည့်​ကြည့်​လိုက်​​တော့ နက်​ပြာ​ရောင်ရှပ်​​ပေါ် အနက်​​ရောင်​ဖဲသား Coat နှင့်​ လည်​ပင်းတွင်​ လိပ်​ပြာ​တောင်​ပံစီးကာ ​ကျော့​မော့​နေ​သော Xiao Luhan။ ဆံပင်​များက ဂျယ်​​အောက်​တွင်​ ငြိမ်​သက်​စွာ ဝပ်​ဆင်းလျက်​။ မ​နေ့က
လမ်း​ပေါ်တွင်​ ​ဆေးလိပ်​တဖွာဖွာ ​လျှောက်​သွား​နေပုံနှင့်​ လားလားမျှမဆိုင်​​တော့။

"ငါ့ဆံပင်​​တွေပွ​နေလို့ မင်းဂျယ်​နည်းနည်း ယူလိမ်းလာတယ်​။ ဘယ်​လိုလဲ အဆင်​​ပြေရဲ့လား"

"ahkkk ..... ပို​တောင်​ပို​နေပြီ။ အဝတ်​အစားက လူတစ်​​ယောက်​ကို လုံးဝ​ပြောင်း
လဲ​ပေးလိုက်​နိုင်​တာပဲ"

"နဂိုရှိလို့ နဂိုင်းထွက်​တာပါကွာ မင်းကလည်း"

"သွားရ​အောင်​ ​နောက်​ကျ​တော့မယ်​"

................................................................

"Sehun ပစ်​မှတ်​က ဒီတစ်​​ခေါက်​​တော့ ဦး​လေး​ပေါ့"

"​ဦး​လေးမဟုတ်​ပါဘူး။ ဦး​လေး company ပါ"

"မင်း အ​ဖေမျက်​နှာကို​တော့ နည်းနည်း​ထောက်​ဖို့​ကောင်းပါတယ်​"

"အ​ဖေ့မျက်​နှာ​ကြောင့်​ဆို ကျွန်​​တော်​ဒီထက်​ပိုဆိုး​အောင်​လုပ်​မိမလားပဲ"

မှာထား​သော ဟင်းပွဲများ​ရောက်​လာသဖြင့်​ Mr: Lee နှင့်​ Sehun စကား​စ ရပ်​သွားသည်​။ အစားအ​သောက်​များကို မြင်​သည်​နင့်​ မျက်​လုံးများ မီးဝင်းဝင်း​တောက်​လာသည်​က Luhan။ ​Mr: Lee နှင့်​ အတူပါလာ​သော သူ၏​မြေးဆိုသူကလည်း Luhan အပြုအမူများကို မျက်​​တောင်​မခတ်​လိုက်​ကြည့်​​​နေသည်​။

"Sehun ဟို​လေ salad မပါဘူးလား?"

"Salad က main dish ပြီးမှချမှာ အခု ဟင်းချိုအရင်​​သောက်​လိုက်​"

"main dish??"

*sigh* Mr: KAI က ငါကို salad စားနည်းပဲ သင်​​ပေးလိုက်​တာ။

Sehun .... Luhan စိတ်​ရှုပ်​​နေ​သောမျက်​နှာ​ကြောင့်​ အလိုက်​သိစွာ ဖြန့်​စီထား​သော ဓား၊ ဇွန်း၊ ခက်​ရင်းများစွာထဲမှ ဇွန်းတစ်​ခုကို ​ရွေးပြီး Luhan ဟင်းချိုပန်းကန်​တွင်​ ​ကောက်​တပ်​​ပေးလိုက်​သည်​။ ထိုအခါကျမှ Luhan လည်း အသက်​ရှူ​ချောင်​ကာ အဆက်​မပြတ်​ငတ်​​နိုင်​လေ​တော့သည်​။ ဟင်းချိုတစ်​ခွက်​ကုန်​သွား​တော့ Sehun နားကပ်​ကာ အသံတိုးတိုး​လေးဖြင့်

We Found LoveWhere stories live. Discover now