Part-1

14 3 0
                                        

Check-In
“Floor 13 ဘာလို့ထပ်ပျောက်ပြန်တာလဲ?!”

Hotel Noctis ရဲ့ lobby တစ်ခုလုံးကို နိုဗန်ခရဲ့အသံက အကျယ်ကြီးထွက်ပေါ်လာတာနဲ့ reception desk နားက staff တွေအကုန်တိတ်သွားကြတယ်။
တိတ်သွားတယ်ဆိုတာက… သာမန်လူတွေလို မဟုတ်ဘူး။
Front desk မှာ register စာအုပ်ကိုကိုင်ထားတဲ့ receptionist demon က pen ကိုတိတ်တိတ်လေးချပြီး မျက်လုံးလှန်လိုက်တယ်။ Bellboy ghost က luggage cart ကို lobby pillar နောက်ကွယ်ထဲ တွန်းသွားပြီး မမြင်သလိုနေလိုက်တယ်။ Piano ထောင့်နားက translucent waiter တောင် tray ကိုခဏရပ်ထားလိုက်တယ်။
Hotel Noctis မှာ ဒီလိုပဲ။
Owner ပေါက်ကွဲပြီဆို staff တွေက အလုပ်ရပ်၊ အသက်ရပ်၊ တချို့က တကယ်တောင်ပျောက်သွားတတ်တယ်။

“ငါမေးနေတာ!”

နိုဗန်ခက reception desk ကို လက်နဲ့ထောက်လိုက်ပြီး မျက်နှာရှုပ်ရှုပ်နဲ့ တစ်ယောက်ချင်းစီကိုကြည့်လိုက်တယ်။ “Floor 13 ဘယ်သွားလဲ?”

“Sir…” receptionist demon က စိတ်မပါတဲ့အသံနဲ့ပြန်‌ေပြာတယ်။

“Floor 13 က မပျောက်ပါဘူး။ Shift ဖြစ်သွားတာပါ.”

“Shift ဖြစ်သွားတာနဲ့ ပျောက်တာက ဘာကွာလို့လဲ?!”

နိုဗန်ခရဲ့နဖူးကြောက သိသိသာသာတက်လာတယ်။

“ဇာနီ.”

“ဟုတ်ကဲ့ boss.”

“ငါ မင်းကို အလုပ်ဖြုတ်လို့ရလား?”

“မရပါဘူး boss. Contract binding ရှိတယ်.”

နိုဗန်ခ မျက်လုံးမှိတ်လိုက်တယ်။
Hotel Noctis ရဲ့အကြီးဆုံးပြဿနာက cursed floors တွေမဟုတ်ဘူး။ Missing souls တွေမဟုတ်ဘူး။ Midnight piano တီးနေတဲ့ cursed instrument တောင်မဟုတ်ဘူး။
အကြီးဆုံးပြဿနာက—
သူ့ဝန်ထမ်းတွေက သူ့ကိုမကြောက်ကြတာပဲ။
“Sir!” translucent waiter တစ်ယောက်က lobby တစ်ဖက်ကနေပြေးလာတယ်။

“Room 407 က guest က complaint တက်ပါတယ်!”

“ဘာထပ်ဖြစ်ပြန်ပြီလဲ?”

“သူ့ bathroom mirror ထဲမှာ သူ့ reflection မပေါ်တော့ဘူးတဲ့.”

နိုဗန်ခ ခဏတိတ်သွားတယ်။

“သူက vampire လား?”

“ဟုတ်ကဲ့ sir.”

“...ဒါဆို complaint ကဘာလဲ?”

“သူ့ reflection မပေါ်တာက normal ဖြစ်ပေမယ့် mirror ထဲမှာ တခြားလူပေါ်နေလို့ပါတဲ့.”

The Problem Is the Owner Stories to obsess over. Discover now