The Guidance - 1

376 33 7
                                        

ညနေခင်းရဲ့မိုးတိမ်တွေဟာ မြို့ပြ၏မီးရောင်စုံအလင်းတန်းတွေကို ငုံ့ကြည့်ရင်း ရွှေရောင်တစ်လှည့်၊ လိမ္မော်ရောင်တစ်လှည့် ကူးလူးယှက်ပြေးနေကြတယ် ။

အဲ့ဒီအချိန် တိုက်ခန်းတစ်ခုအတွင်း မှန်ပြတင်းပေါက်နံဘေးမှာ တိတ်တဆိတ်ထိုင်နေတဲ့ ကောင်လေးတစ်ယောက်ရှိတယ်။

သူ့နာမည်ကတော့ ထက်ဝေလျံ...

အဲ့ဒီ့ကောင်လေးရဲ့မျက်နှာထက်မှာတော့ ဖုန်းမျက်နှာပြင်ကနေ ရောင်ပြန်ဟပ်လာတဲ့ အလင်းဖျော့ဖျော့ကသာ စိုးမိုးထားလျက်ရှိတယ်။

သူ့ရဲ့ လက်ချောင်းသွယ်သွယ်လေး‌တွေကတော့ ဖုန်းမျက်နှာပြင်ပေါ် မရပ်မနား အပေါ်အောက်ပွတ်ဆွဲနေမိပြီး သူ့အနေနဲ့ ဘာကိုရှာနေမိမှန်း သူကိုယ်တိုင်လည်း သေချာမသိတော့ဘူး ။ သို့ပေသိ သူ့ရဲ့အတွင်းစိတ်ထဲမှာတော့ တစ်ခုခုကို မွတ်မွတ်သိပ်သိပ်ဆာလောင်နေသည့် ခံစားချက်မျိုးက ပြင်းပြင်းရှရှ။

BDSM... Dom... Sub...
ထိုစကားလုံးလေးတွေကို ဖုန်း screen ပေါ်မှာ မြင်လိုက်ရတိုင်း ဝေလျံ့ရင်ဘတ်ထဲက နှလုံးခုန်သံဟာ ခပ်သွက်သွက် တိုးမြင့်လာတတ်တယ်။

"Submissive..."

သူ့ရဲ့နှုတ်ခမ်းဖျားကနေ အဲ့ဒီ့စကားလုံးလေးကို တိုးတိုးလေး ရေရွတ်လိုက်မိတယ်။ အဲ့ဒီစကားလုံးလေးထဲမှာ သူတစ်ခါမှ မထိတွေ့ဖူးသေးတဲ့ လျှို့ဝှက်ဆန်းပြားတဲ့ ဆွဲဆောင်မှုတစ်ခုက ရှိနေသလိုမျိုးပဲ။ ဘယ်သူ့ကိုမှ ဖွင့်မပြောပြရဲတဲ့ ကိုယ့်ကိုယ်ကိုယ်တောင် ဝန်ခံဖို့ခက်ခဲတဲ့ စိတ်အာသီသတစ်ခုက အဲ့ဒီစကားလုံးလေးထဲမှာ မြုပ်နှံနေခဲ့တာ။

သူ့အ‌နေနဲ့ ဒီ application ကိုစပြီး ဝင်ဖြစ်ခဲ့တာက လွန်ခဲ့တဲ့ တစ်နှစ်ကြာကာလ မိုးသည်းထန်နေတဲ့ ညတစ်ညမှာပေါ့။ အပြင်လောကရဲ့ရှုပ်ထွေးမှုတွေကနေ ရုန်းထွက်ပြီး တခြားကမ္ဘာတစ်ခုထဲကို ခဏလောက်ပျောက်ကွယ်သွားချင်တဲ့ စိတ်နဲ့ သူ ဒီ application ထဲကို ရောက်လာခဲ့တာ။

အပြင်လောကရဲ့ ရှုပ်ထွေးမှုတွေ..
တစ်နေ့တာလုံး မပြောရသေးတဲ့ စကားတွေ..
မဖော်ထုတ်နိုင်တဲ့ ခံစားချက်တွေ..

The GuidanceOnde histórias criam vida. Descubra agora