1

8 0 0
                                        

အပူရှိန်ပြင်းလှသောကောင်းကင်အောက်တွင် တစ်ယောက်သောသူသည် ခြေဗလာနှင့်ပြေးလွှားနေသည်။

ကမ်းခြေဘေးလည်းမဟုတ်၊ တောတွင်းတစ်နေရာက လယ်ကွင်းပြင်ကျယ်၌ ထိုသူသည် နေပူကိုပူရကောင်းမှန်းမသိကာ စိတ်လွတ်လျက်ပြေးလွှားနေခဲ့သည်။

သစ်အုပ်စိမ်းစိမ်းတစ်နေရာအရောက်တွင် နေရောင်ခြည်တို့ကမထိုးဖောက်နိုင်တော့ပေ။ ထိုအချိန်တွင် သစ်ပင်ကြီး၏နောက်၌မှန်တံခါးကြီးတစ်ချပ်ပေါ်လာကာ ရောင်ဝါများတောက်ပလာသည်။

ထိုမှန်တံခါးကြီးနောက်ဝင်သွားလိုက်သည်နှင့် ယခင်ကပြေးလွှားနေသောသူသည် ‌ကိုယ်ပေါ်၌အမွှေးအမျှင်များပေါ်လာကာ ချက်ချင်းပင် ကြီးမားသောဝံပုလွေအဖြစ် ပြောင်းလဲသွားလေသည်။

" သခင်လေး ပြန်ရောက်လာပြီလား parallel universe မှာ သခင်လေးရှာနေတဲ့လူကိုတွေ့ပြီလား "

အိမ်တော်ထိန်းဝံပုလွေတစ်ကောင်က အနားကပ်ကာမေးလိုက်သည်။

"မတွေ့ဘူး ကျွန်တော်လည်းလူကြားထဲကိုသွားရတာ အရမ်းလူနံ့နံတာပဲ မခံနိုင်တော့ဘူး"

ဝံပုလွေတိုင်းပြည်၏ဟန်မျိုးနွယ်အိမ်ရှေ့မင်းသား မာန်လွင်ဟန်သည် ဘုရင်မကြီး၏ခိုင်းစေချက်အရ လူတစ်ယောက်ကိုလိုက်ရှာနေရသည်။ အဘယ်ကြောင့်ရှာခိုင်းသည်ကိုမပြောဘဲ ထိုလူကိုသာအမိအရရှာခိုင်းနေသည်မှာ ၁ပတ်ပြည့်ပြီဖြစ်သည်။

" သခင်လေးကို ဘုရင်မကြီးကစောင့်နေတာကြာပါပြီ သွားတွေ့လိုက်ပါအုန်း"

အိမ်တော်ထိန်းကြီးသည် မာန်လွင်ငယ်စဉ်ကတည်းက အနီးကပ်သင်ပြပေးခဲ့ရသူလည်းဖြစ်ကာ ဘုရင်မကြီး၏အယုံကြည်ရဆုံးသူလည်းဖြစ်ပေသည်။ သခင်လေး အိမ်တော်ကထွက်သွားသည်မှာ တစ်ပတ်ကြာသော်လည်း ရှာခိုင်းသည့်လူကိုမတွေ့သောကြောင့် ဘုရင်မကြီးနှင့် အချေအတင်ဖြစ်ကြဦးမှာ မြင်ယောင်နေပြီဖြစ်ပေသည်။

မာန်လွင်တစ်ယောက် နန်းတွင်းဆောင်ဆီသို့လျှောက်ရာလမ်းတွင် ဒီနေ့မှခြေလှမ်းတွေပိုလေးနေသလိုခံစားနေရသည်။ မယ်တော်ပေးမယ့်အပြစ်ကိုကြောက်၍လား၊ အားအင်ကုန်ခမ်းနေ၍လားမသိ။ အတော်ကိုပင်ပန်းနေပြီဖြစ်ပါသည်။ ဖြစ်နိုင်ရင် နန်းတော်ရဲ့အဝေးဆုံးကိုပြေးထွက်ချင်လှပါပြီ။

Green Zone Where stories live. Discover now