Stay With Me
Part-1
ရှမ်းပြည်နယ်တောင်ပိုင်း၊ပင်းတယမြို့
၂၀၂၅ခုနှစ်.....
ပင်းတယမြို့နယ်ထဲကရွာလေးတစ်ခုဖြစ်တဲ့ ဟဲနူရွာ။တောင်ခြေရွာလေးဖြစ်သည့်အလျောက် အိမ်ခြေ၂၀၀ဝန်းကျင်ခန့်သာရှိသည်။ဟဲနူ ရွာလေးရဲ့အရေးကြီးတဲ့နေ့တစ်နေ့ဖြစ်သည်။ဥက္ကဋ္ဌ အသစ်ကဟဲနူရွာကိုဒီနေ့ရောက်မှာဖြစ်တာမို့တစ်ရွာလုံးကြိုဆိုဖို့ပြင်ဆင်နေကြသည်။ဥက္ကဋ္ဌအသစ်က ဟဲနူရွာအပြင် ရွာနီးပတ်ဝန်းကျင်က၆ရွာအထိကိုအပိုင်စားအုပ်ချုပ်ရမည့်လူဖြစ်တာမို့နည်းနည်းလေးမှတာဝန်မလစ်ဟင်းစေရဖို့ဟဲနူရွာသူကြီးနဲ့တစ်ခြားရွာကရွာသူကြီးတွေကကိုင်တိုင်စီမံခန့်ခွဲကာကြပ်မတ်နေကြသည်။
ထိုမြင်ကွင်းနဲ့ခြားနားသည့်မြင်ကွင်းတစ်ခုကရှိနေသေးသည်။ဖုန်တထောင်းထောင်းထနေတဲ့ခြံကျယ်ကြီးထဲ ယောင်္ကျားသားအယောက်၂၀နီးပါးခန့်ရှိနေသည်။ ဟဲနူရွာကသူကြီးသားနဲ့ဟဲဒူရွာကသူကြီးသားနှစ်ယောက်ရန်ဖြစ်ကာအကြိတ်အနယ်ထိုးသတ်နေကြတာဖြစ်သည်။
"အထွေး၊မင်းကိုငါညှာနေတာ ဒီထက်မလွန်လာနဲ့ဟေ့ကောင်"
အထွေး ဆိုသည်မှာဟဲနူရွာရဲ့သူကြီး ဦးထေ့ပေါ်ရဲ့တစ်ဦးတည်းသောသားဖြစ်သည်။နဂိုဗီဇတွေနဲ့သူကြီးသားဆိုသည့်အရှိန်အဝါကြောင့်ကမ်းကုန်အောင်ဆိုးသွမ်းလှသည်။
"စောက်ပိုတွေမပြောနဲ့နောင်ထူး မင်းညှာတာကငါ့လည်ပင်းပြတ်တော့မယ် ခွေးဝဲစားရဲ့"
"ဟဲဒူရွာသားတွေကိုစောက်ခွက်တည့်တည့်ကိုပိတ်ထိုးကြ!
အထွေးက သူ့ရွာသားတွေကိုအသံဟစ်ပေးလေသည်။ထိုခါရန်ပွဲကြီးကအစောကထက်ပိုမိုပြင်းထန်လာသည်။
"ဟုတ်ကဲဲ့၊ဒါလေးကတော့ဟဲနူရွာနဲ့ဟဲဒူရွာက သူကြီးသားနှစ်ယောက်ရန်ဖြစ်နေကြတာပါ၊ဟိုဘက်မှာကရွာသားတွေပါ ဒီမှာပါဒီမှာ ဒီကြက်တွေတိုက်ရင်းဖြစ်ကြတာပါ"
ဖုန်းကြီးကိုကင်မရာချိန်ကာဘယ်ရွှေ့၊ညာရွှေ့နဲ့Liveကြီးလွှင့်နေတဲ့လူငယ်တစ်ယောက်ကိုအထွေးကမျက်မှောင်ကြီးကြုတ်ပြီးကြည့်လာသည်။
YOU ARE READING
Stay With Me
Romanceကိုကိုမင်းကိုချစ်တယ် နန်းအဥ္ဇလီထွေး၊မင်းသာဆန္ဒရှိရင်စိုင်းစွမ်ဟန်ခေးဆိုတဲ့ကိုယ်ကဘယ်အရာမဆိုမင်းရှေ့ယူလာနိုင်တယ်" စိုင်းစွမ်ဟန်ခေး စိတ်ကူးယဥ်ဇာတ်လမ်းတစ်ပုဒ်သာဖြစ်ပါသည်။ Uni/Zawgyi Start Date - 1/4/2026 End Date - 1/6/2026
