အံဆွဲထဲက CDချပ်များကို လိုချင်တာ မတွေ့သမျှ တစ်ခုချင်းရှာနေသည်။ CD ချပ်များမှာ များလွန်းသဖြင့် လိုချင်သည့်ကို မနဲရှာနေရသည်။ တစ်ခုကြည့်လည်း မတွေ့ နောက်တစ်ခုကြည့်လည်းမတွေ့ရာ စိတ်တိုတိုဖြင့် အံဆွဲကို ဝုန်းခနဲပိတ်လိုက်မိသည်။
ထို့နောက် လွယ်အိတ်ဆွဲပြီး ကျောင်းသို့သာ ထွက်လာခဲ့တော့သည်။ ကျောင်းတက်ချိန် မရောက်သေးသဖြင့် သွားနေကြ music class roomကို အရင်သွားသည်။
တံခါးဖွင့်လိုက်သည်နဲ့ ချက်ချင်း သူ့ဘက်ကို ကြည့်လိုက်ကြသော ကောင်လေးခြောက်ယောက်။
"လူတောင်စုံနေပြီပဲ" အခုမှဝင်လာသောသူပြောခြင်းဖြစ်သည်။
"မင်းပဲကျန်တော့တာ ဂျေး"
အီဟီဆွန်း၏ ပြန်ပြောဆိုမှုဖြစ်သည်။
"ဘယ်မှာလဲ ယူလာခိုင်းတဲ့ CDခွေ"
ယန်းဂျောင်ဝန်းအမေးဖြစ်သည်။
ဂျေး၏ စိတ်တိုမှုများမှာ အခုထိ အနည်းငယ်ကျန်ရှိနေသေးသည် ထို့ကြောင့် "ရှာမတွေ့လို့ ထားခဲ့တယ်"
"စိတ်တိုလာတာနေမှာပေါ့" pianoဘေးတွင် မှီနေသော ဂျိတ်ခ်မှ မချိုမချဉ်ပြန်သမလိုက်သည်။
"ရှာမှမတွေ့တာ CDတွေကလည်း အများကြီးပဲ မင်းတို့ပဲ ငါ့အိမ်ကို လာထားပြီးတော့"
ထိုစကားအဆုံးတွင် နီခီမှ ဂျေး၏ဘေးလာကာ ပုခုံးကိုဖက်လိုက်ပြီး
"ကဲပါ ကဲပါ ကျွန်တော်တို့ ကျောင်းဆင်းမှသွားယူကြတာပေါ့ ဂျေးဟျောင်းသနားပါတယ်"
ပတ်ခ်ဆောင်းဟွန်းလည်း နီခီဖက်သလိုပင် ဂျေးကို ဖက်လိုက်ပြီး "ဂျေးကို နားလည်ပေးလိုက်ကြပါကွာ ငါတို့ bandရှိတဲ့အခါ ဟင်းမချက်ပေးရင် ဘယ်လိုလုပ်မလဲ"
ထိုအချိန်တွင် ဂင်မ်ဆောနူး၏ side eyeနှင့် "အံ့ဩပါ့"
CDယူခိုင်းရခြင်းမှာ ယခုလာမည့် school musical event တွင် ဖျော်ဖြေဖို့ရာ လေ့ကျင့်ကြဖို့ ဖြစ်သည်။
ထိုအထက်တန်းကျောင်းသားလေး 7ယောက်မှာ ကျောင်းတွင် နာမည်အကြီးဆုံး performer များဖြစ်ကြသည်။ ကိုယ်တိုင်သီချင်းများရေးသည်။ ကိုယ်တိုင်သံစဉ်များဖန်တီးသည်။ ကျောင်းအုပ်ကြီးကပင် သဘောကျသဖြင့် music class အခန်းကိုဝင်ချီ ထွက်ချီ ပြုလုပ်နိုင်သည်။ သို့သော် ပြင်ပပြိုင်ပွဲများ မပြိုင်ဖူးကြပါ။ ယခုလည်း နှစ်တိုင်းပြုလုပ်သည့် school musical event တွင် ပါဝင်ရသည်။ ထိုသို့ ပါဝင်ရသည့်မှာ အလယ်တန်းကတည်းက ဖြစ်ခဲ့သည်။
