P-1

4 0 0
                                        

စီးပွားရေးတက္ကသိုလ်လူသွားလမ်းမှာ
မှိုင်းသည်အလုပ်ပြီးမြှောက်ခဲ့တာမို့
လက်ကိုဆေးကြောရန်ဘေစင်ကိုရှာ
နေသော်လည်းမတွေ့ပြန်။အရင်
တက္ကသိုလ်တွေဆိုခနလေးနဲ့တွေ့တာ
တကယ်ပဲစိတ်ရှုပ်စရာအတိ!။

ဘုတ် 'အင့်'

"ဆောရီးပါ ငါသတိမထားမိလိုက်ဘူး"

"တောက်စ်!"
"ဒီမှာခဗျားပေကုန်ပြီဗျာ"

"လျော်ပေးရမလား ရော့"

Black card တစ်ကဒ်ကိုသူအဲ့ကောင်
လက်ထဲကိုခပ်မြန်မြန်ထည့်ပေးလိုက်
ပြီးပြန်မကြည့်ခဲ့တော့ပါ။တစ်ဖက်လူ
မှာဘာစကားမျှမထွက်လာပဲကြောင်အ
စွာသာကျန်ခဲ့တယ်။ငွေကတော်တော်
စကားပြောတယ်ဆိုတာဒါမျိုးပေါ့။
Card လေးတစ်ကဒ်နဲ့သူနေ့လယ်စာ
ငတ်သွားမည်မဟုတ်ပါ။ငွေဆိုတာက
သူ့ခြေဖျားအောက်မှာပဲ။

_______________________________

အဏဝါတက္ကသိုလ်ကိုလာတဲ့လမ်းမှာ
အိတ်တစ်လုံးနဲ့ပေနေတဲ့လက်ကိုဆေးဖို့
ဘေစင်ရှာနေတဲ့လူကိုတွေ့တယ်။ကိုယ့်
ဟာကိုယ်ပဲလမ်းလျောက်လာလိုက်သည်
မို့ထိုလူကအကျီကိုပေအောင်လုပ်လိုက်
ပြန်သည်။နဂိုကတည်းကတိုချင်နေသည့်
စိတ်ကလည်းအရာမရောက်ပဲထောင်းခနဲ!
ပြောချင်တာပြောကာမှထိုလူကBlack
Card တစ်ကဒ်ကိုလက်ထဲထည့်ကာလှည့်
ပင်မကြည့်ထွက်သွားခဲ့လေသည်။ဒါဟာ
အဏဝါတည်တံ့ဘဝမှာပထမဆုံးဖြစ်ခြင်း။

ပေသွားတဲ့အကျီကိုချွတ်ကြည့်ခါမှဆေးရောင်တွေမဟုတ်​နေခြင်းပင်။သွေးတွေသာဖြစ်နေသည်။ပြန်တွေးကြည့်ရင်အဲ့လူကို

မြင်ဖူးသယောင်ယောင်ရှိနေတယ်ဒါပေမဲ့
မမှတ်မိဘူး။

_____________________________

"သား"

ပါးပါး၏ခေါ်သံသည်နွေးထွေးစွာကြို
ဆိုသလိုထွက်လာသည်။

"ဗျာ"

"ဘယ်ကပြန်လာတာလဲပြောပါအုန်း"

"ဒယ်ဒီရောပါးပါး"

"မေးတာဖြေမယ် စကားလမ်းကြောင်းမ
လွှဲရဘူး"

Sweet RetributionWhere stories live. Discover now