1

8.4K 32 0
                                        

Beyond the Friendzone

အပိုင်း (၁)

Screen shot ရိုက်ခြင်း ၊ Social Media ပေါ်တွင် ဖြန့်ဝေခြင်းများမပြုလုပ်ပါရန် ။

မှန်တင်ခုံရှေ့မှာ ရပ်နေတဲ့ မင်းသန့်ရဲ့လက်တွေက တုန်ယင်နေတယ် ။ အပေါ်အင်္ကျီရဲ့ကြယ်သီးတွေကို တစ်လုံးချင်းတပ်နေရင်း ရင်ဘတ်နားကိုရောက်တော့ ခဏရပ်တန့်သွားမိတယ် ။ မင်းသန့်ရဲ့ဒီခန္ဓာကိုယ် ... ဘယ်သူမှမသိတဲ့ ၊ ဘယ်သူ့ကိုမှလည်းမသိစေချင်တဲ့ဒီလျှို့ဝှက်ချက်က မင်းသန့်ရဲ့ဘဝကို ခြောက်လှန့်နေတာ ကြာပြီ ။

" မင်းသန့် ... ပြီးပြီလား ဟေ့ကောင် ... နောက်ကျနေပြီ "

မင်းသန့်အတွေးလွန်နေတုန်း အခန်းပြင်ကထွက်လာတဲ့ခန့်ထည်ရဲ့အသံကြောင့် လန့်ဖျပ်သွားပြီး အင်္ကျီကိုအမြန်ဝတ်လိုက်တယ် ။ ခန့်ထည်က မင်းသန့်ရဲ့ငယ်သူငယ်ချင်း ။ တစ်ဦးတည်းသောယုံကြည်ရတဲ့သူဆိုပေမဲ့ ဒီကိစ္စကိုတော့ ခန့်ထည်ကိုလည်း ပေးမသိနိုင်ဘူး ။ အဲ့ဒါကြောင့် ကပြာကပြာနဲ့အခန်းတံခါးကို ဆွဲဖွင့်လိုက်တယ် ။

" အေး ... ပြီးပြီ ... လာပြီ "

မင်းသန့် တံခါးဖွင့်လိုက်တာနဲ့ အခန်းဝမှာ လက်ပိုက်ပြီးမတ်တပ်ရပ်စောင့်နေတဲ့ ခန့်ထည်ကိုတွေ့လိုက်ရတယ် ။ ခန့်ထည်က အရင်ကတည်းက ကြည့်ကောင်းပြီး ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်လိုလူဆိုပေမဲ့ ဒီနေ့မှ ပိုပြီးတော့ကြည့်ကောင်းနေသလိုပဲ ။ အဖြူရောင်ရှပ်အင်္ကျီကို ကုတ်အနက်ရောင်နဲ့တွဲဝတ်ထားတဲ့အပြင် နှစ်နှစ်ခြိုက်ခြိုက်လည်းပြုံးနေတာမို့လို့ မင်းသန့်နေမထိထိုင်မသာဖြစ်မိတယ် ။

" မင်းနေမကောင်းဘူးလား မင်းသန့် ... မျက်နှာလည်းမကောင်းဘူး "

ခန့်ထည်က အခန်းအပြင်ကိုဖက်ကိုထွက်လာတဲ့မင်းသန့်ကိုစကားစရင်း ပြောပြောဆိုဆိုနဲ့ မင်းသန့်ရဲ့နဖူးကိုစမ်းဖို့ လက်လှမ်းလိုက်တာမို့လို့ မင်းသန့် အနောက်ကိုခြေလှမ်းတစ်လှမ်းဆုတ်လိုက်မိတယ် ။

" ဘာမှမဖြစ်ဘူး ... ဟို ... အိမ်ကကိစ္စစဉ်းစားနေလို့ "

" အေးပါ ... မင်းအမေကအတင်းစေ့စပ်ပေးတော့မယ်ဆိုလို့ ငါကကူညီမယ်ပြောတာလေ ... အဲ့ဒါကြောင့် ဒီညပါတီမှာငါတို့နှစ်ယောက်ကချစ်သူတွေလို့ အားလုံးကိုကြေညာလိုက်တော့မယ်လို့ပြောတာလေ "

Beyond the FriendzoneWhere stories live. Discover now