Asgard ဟုအမည်ရသည့်စံအိမ်တော်ကြီးတွင်..
'မင်းဟာ သားဆိုးတစ်ယောက်ပဲLoki'
'မင်းဘယ်တော့မှမင်းအကိုလိုဖြစ်လာမှာမဟုတ်ဘူး'
'မင်းဒီအိမ်တော်ထဲမှာရှိမနေထိုက်ဘူး'
'ဒီအိမ်ကနေထွက်သွား!'
ထိုစကားသံများသည် နားထဲကိုချော်ရည်တွေလောင်းထည့်နေသလိုပင်ပူလောင်ပြီးခံရခက်၏။
'Father!'
'Silence!'
ဖခင်ဖြစ်သူငေါက်လိုက်ရာမှLokiခမျာခေါင်းငုံ့၍ငိုနေရုံကလွဲလို့ဘာမှမတတ်နိုင်။
'မင်းဟာ Frost Giant တစ်ကောင်ရဲ့သား Laufeyရဲ့သားပဲ အဲ့တာထက်ဘာမှမပိုဘူး'
'အဲ့လိုမပြောပါနဲ့ fatherပဲကျွန်တော့်ကိုမွေးစားခဲ့တာလေ momရဲ့မှော်ပညာတွေလဲတတ်တယ် ကျွန်တော် Odinရဲ့သားဖြစ်ထိုက်ပါတယ် ကျေးဇူးပြုပြီးဒီအိမ်တော်မှာပဲဆက်နေပါရစေ'
'မင်းဒီအိမ်တော်မှာဆက်ရှိနေရင် Thorအသက်အန္တရာယ်ထိခိုက်နိုင်တယ် နောက်နေ့မနက်ကစပြီးငါမင်းမျက်နှာကိုထပ်မမြင်ချင်တော့ဘူးLoki Laufeyson'
'Asgardအိမ်တော်ကနေထွက်သွား!'
Odinပြောလိုက်သည့် 'ထွက်သွား'ဟူသောပဲ့တင်သံနဲ့အတူ Lokiတစ်ယောက် ကယောင်ခြောက်ခြားနှင့်လန့်နိုးလာတော့သည်။ ပါးပေါ်ကစိုနေသလိုခံစားချက်ကြောင့်လက်ဖြင့်ကိုင်လိုက်သည့်အခါ..
"မျက်ရည်တွေ? ဒါကအိပ်မက်သတ်သတ်ပဲလေ ငါကဘာလို့မျက်ရည်ကျနေရတာလဲ"
ချက်ချင်းပြန်အိပ်မရတာကြောင့်စိတ်မချမ်းသာစွာပဲ လသာဆောင်တွင်လေညင်းခံရန်ထွက်လာလိုက်သည်။
ဘေးအခန်းကThorလဲတစ်ခုခုခံစားလိုက်ရသည်နှင့်တူ၏ lokiအခန်းတံခါးဖွင့်ပြီးဝင်လာတော့သည်။
"Loki ဘာဖြစ်လို့လဲ အိပ်မပျော်ဘူးလား"
"..."
သူမေးတာကိုဘာမှပြန်မဖြေတဲ့Lokiကြောင့်စိတ်ကတိုရပြန်၏။
"အိပ်မက်ဆိုးမက်လို့လား"
"အဲ့တာငါ့ကိစ္စပါ မင်းဟာမင်းသွားအိပ်"
YOU ARE READING
The Assemble
Fanfictionအခုမှစရေးတာမို့လို့ အရေးသားမကောင်းတာတွေရှိနိုင်ပါတယ်နော် အဲ့တာကိုလဲခွင့်လွှတ်ပေးဖို့ကြိုပြီးတောင်းဆိုထားပါတယ် အတတ်နိုင်ဆုံးကောင်းအောင်ရေးပေးမှာဖြစ်သလို shipတော်တော်များများကိုလဲထည့်ရေးနိုင်အောင်ကြိုးစားသွားပါမယ် ကတိပေးထားသလိုမရယ်ရခဲ့ရင်လဲတောင်းပန်ပ...
