မှောင်မိုက်ပြီးကြောက်ရွံ့ဖွယ်ကောင်းတဲ့ညတွေဟာ ဆောနူကိုထပ်ပြီး ဒုက္ခပေးလာပြန်ပြီ။
အိမ်မက်ထဲမှာတွေ့နေကျဖြစ်တဲ့ နန်းတွင်းဝတ်စုံနဲ့လူကြီးကရော ဘယ်သူလဲဆိုတာ ဆောနူမသိဘူး
ဆောနူကရော ဘာလို့ အဲ့လူကြီးကိုမြင်တိုင်း ဝမ်းနည်းနေရတာလဲ။ ဆောနူတို့ကပတ်သက်မှူရှိနေခဲ့တာလား။ ညအိပ်ချိန်ဆို ဆောနူမှာအတွေးပေါင်းများစွာနဲ့ ငိုဖို့စောင့်နေမိတယ်။ဆောနူဒီကံကြမ္မာဆိုးကြီးကလွတ်မြောက်ချင်သလို ဒီအထဲမှာဆက်ပြီးပိတ်မိနေချင်တယ်။
ပြတင်းပေါက်ပေါ်ကဖြာကျနေတဲ့နေရောင်ခြည်ဝင်းဝင်းလေးက ဆောနူရဲ့မျက်နှာပေါ်ကို အတိုင်းသားထိုးဖောက်ဝင်ရောက်နေတယ်။နာရီကြည့်တော့ ၇နာရီဆို ကျောင်းသွားရမှာမို့ ထပြီးပြင်ဆင်လိုက်တယ်။
ခနကြာတော့ အမေက အောက်ထပ်ကလှမ်းခေါ်တယ်။
"ဆောနူရေ သား ဆင်းလာပါဦး။"
"ဟုတ် မေမေ လာပါပြီ"
အောက်ဆင်းပြီးမနက်စာစားရင်း အမေကမေးလာပြန်တယ်။
"သား အိမ်မက်ဆိုးတွေထပ်မက်သေးလား မက်ခဲ့ရင်မေမေ့ကိုပြောနော် ဒေါက်တာ့ဆီသွားကြမယ်"
"သားအဆင်ပြေပါတယ် မေမေရဲ့ မမက်တော့ပါဘူး"
ဆောနူမုသားစကားသုံးလိုက်ပါသည်။ဟုတ်တယ်။သူအိမ်မက်ထဲကလူနဲ့ထပ်တွေ့ချင်သေးတယ်။သူ့အကြောင်းတွေကိုပိုသိချင်တယ်။သူကလူ့လောကမှာရှိမယ်ဆိုရင် ဆောနူသူနဲ့ဆုံချင်မိပါရဲ့လေ။ဆောနူတွေးနေချိန်မှာ ဆောနူရဲ့ ရင်ဘတ်တခြမ်းဟာ အောင့်သက်သက်ဖြစ်လာပြီး ဝမ်းနည်းစိတ်တွေပျို့တက်လာတယ်။
"ကျွန်တော် ခင်များနဲ့တွေ့ရဖို့ဘာပဲဖြစ်စေဖြစ်စေ ကျွန်တော် ခင်များဆီရောက်အောင် လာခဲ့မှာမို့ စောင့်နေပေးပါ"
ဒါဟာ ဆောနူစိတ်ထဲကနေတစ်ဆင့် ထိုလူ့ဆီပေးပို့ချင်တဲ့အမှာစကားတစ်ခုပဲ။ဆောနူစိတ်ဆုံးဖြတ်လိုက်တယ်။သူ့ကိုရအောင်ရှာပြီး ဆောနူ ခံစားခဲ့ရတဲ့အိမ်မက်ဆိုးတွေအကြောင်းပြောပြပါဦးမယ်လို့...။
