lulu has been so lonely U_U

1K 122 8
                                    

Title: Love is the milk which share with xiuxiu
Type: Pet AU
Genre: fluff
Pairing:
Warning: this story line and the idea are purely mine except the character names. so please DO NOT Steal MY HARD-WORK.
.
.
.
.
.
.
.
မနက်ခင်းနေခြည်နွေးနွေးက သူ့ကိုယ်ပေါ် ကျရောက်လာသည်နှင့် Lulu မျက်လုံးတို့ကို မဖွင့်ချင်ဖွင့်ချင်နှင့် ဖွင့်လိုက်ပြီး သူ့အိပ်ယာလေးထဲမှ ထိုးထွက်လိုက်သည်။
"အားးးးးးး ပျင်းစရာကောင်းတဲ့ ဆန်းဒေးပဲ"
သူ့အတွက် Kyungsoo လုပ်ပေးထားသော ခွက်ကလေးထဲမှ နွားနို့ကို ပျင်းရိပျင်းတွဲသောက်ရင်း သူတွေးလိုက်မိသည်။
ခြေရင်းအိမ်က Laogao ဟူသော ကြောင်ဝတုတ်လေးမရှိကတည်းက ကြောင်ကလေး Lulu အတွက် ကစားဖော်ရှားပါးသွားသည်။ တခါတခါတော့ Kyungsoo က သူနှင့်ကစားပေးပါသည်။ ဒါပေမဲ့ Kyungsoo ကျောင်းသွားချိန်ကြလျှင်တော့ သူတကောင်တည်းအထီးကျန်နေလေ့ရှိသည်။တခါတရံကံကောင်းလျှင် Kyungsoo ၀ရံတာတံခါးပိတ်ဖို့မေ့သွားသည့်အခါမျိုးတွေမှာ အပြင်ကို ခိုးထွက်ပီး ဌက်ကလေးတွေလိုက်ဖမ်းလို့ရသည်။ဒါကလဲ ကံကောင်းလွန်းမက ကံကောင်းလွန်းပါမှ။စေ့စပ်သော Kyungsoo က အမြဲတမ်းတံခါးတွေကိုလုံအောင်ပိတ်ပြီးမှ ထွက်သွားတတ်သည်။
"အာ...၀ု.. ၀ု...၀ု" သူ့အတွေးမဆုံးခင် Puppy yeollie က Lulu ထံတရှိန်ထိုးပြေးလာပြီး ခုန်အုပ်လိုက်သည်။
"Meowww" (Go away Puppy yeol)
သူ စိတ်တိုတိုနှင့် ပါပီလေးမျက်နှာကို ကိုက်ချလိုက်သည်။ သူ့သွားသေးသေးလေးတွေက yeollie အတွက် ကလိထိုးနေသလိုပင်။yeollie ကလဲ သူ့ကိုပြန်ကိုက်သည်။
ခနကြာတော့ yeollie ကိုယ်ပေါ်က ခုန်ဆင်းရင်း သူပြောလိုက်သည်။
"မင်းနဲ့ ငါနဲ့ မခေါ်ဘူး"
"Wae??" Yeollie က မျက်လုံးလေးပြူးအမြီးလေးနှံ့ပြီး မျက်နှာငယ်လေးနှင့်မေးသည်။
"မင်း ဟိုတခါက Baekkie နဲ့တွေ့တော့ မင်းကငါနဲ့မှလာမဆော့တော့တာ"
"Baekkie???" Yeollie နားရွက်လေးထောင်ပီး မျက်လုံးလေးပြူးသွားသည်။
"Baekkie ဘယ်မှာလဲ?? Baekkie??? Baekkie?? အာဝု.." အမြီးကို ပတ်ချာလည်ရမ်းရင်း yeollie ကမေးနေသည်။
"Baekkie အသံကြားရင် အိနြေ္ဒကိုမရဘူး" Lulu က puppy yeollie ကိုဘုကြည့်ကြည့်ရင်း တွေးလိုက်မိသည်။
"Yahhhh! Puppy yeollie! ငါပြောတာက Baekkie အကြောင်းမဟုတ်ဘူးလေ။ မင်းက Baekkie ကိုမြင်တော့ ငါနဲ့မဆော့တော့လို့ မင်းကိုမခေါ်ဘူးလို့ပြောတာ ခွီးးးးးးး"
Lulu စိတ်ပေါက်ပေါက်နှင့်အော်လိုက်သည်။
"Baekkie ကချစ်ဖို့ကောင်းတာကိုး။ yeollie က Baekkie နဲ့ အကြာကြီးနေမှတွေ့ရတာ။ ပီးရင် Baekkie ကပြန်သွားရော"
Yeollie က မျက်နှာငယ်လေးနှင့်ပြောသည်။
Ashii upset emoticon ဒီလိုကြတော့လဲ သနားစရာလေး။
"Puppy Yeol-ah, ဒီနေ့ ဆန်းဒေးလေ။ မှတ်မိလား။ ဆန်းဒေးဆို Jongin လာမယ်။ ဒါဆို Baekkie လဲပါလာမယ်လေ။"
Lulu က Puppy yeollie မျက်နှာကို လျှာနှင့်ယက်ရင်းနှစ်သိမ့်လိုက်သည်။
ဟုတ်သည်။ Sunday ဆို kyungsoo သူငယ်ချင်း jongin အမြဲတမ်းလာလည်ပြီး အိမ်မှာတနေကုန်နေလေ့ရှိသည်။
Baekkie ဆိုသည်မှာ jongin ရဲ့ အမြဲတစေ တတ်ကြွနေတတ်သော အဖြူရောင် puppy လေးဖြစ်သည်။
"တကယ်??" ခုနက မျက်နှာနှင့်မတူပဲ လျှာလေးတစ်လစ်ထုတ် အမြီးလေးနှံ့ရင်း yeol က ပြန်မေးသည်။
"ဒါပေါ့" သူ့လက်တွေကို လျှာနှင့်ယက်နေသော lulu က ပျင်းရိပျင်းတွဲပြန်ဖြေသည်။
" Baekkie လာမယ်။ ဆန်းဒေးဆို Baekkie လေးလာမယ်။ အာာာာ ၀ု... ၀ု.." Puppy yeollie က ပျော်ရွှင်စွာအော်ရင်း အိမ်ရှေ့တံခါးဆီပြေးတော့သည။်
"ငါကိုက အမှတ်မရှိတာ။ Baekkie အသံကြားရင်ဒီလိုဖြစ်မယ်မှန်းသိသိကြီးနဲ့" ထွက်ပြေးသွားသော puppy yeollie ကိုကြည့်ရင်း lulu က တယောက်တည်း ရေရွတ်လိုက်သည်။
သူ ပျင်းပျင်းနှင့် ရွှေငါးကန်လေးဆီ လျှောက်သွားလိုက်သည်။
"Hunnie!! Hunnie!! ထတော့ ထတော့" ရွှေငါးကန်လေးရှေ့ကနေ Lulu ကအော်လိုက်သည်။
Comment ရွှေရောင်ငါးလေးက အိမ်ထဲကနေပြီး အမြီးလေးလှုပ်ကာ ထွက်လာသည်။
"Lulu!! Lulu!! Kitty lulu"
ရွှေငါးကန်လေးရှေ့တွင် Luluအရှေ့ကပြေးလျှင် hunnie က ရေထဲမှနေပြီး အရှေ့လိုက်ကူးသည်။
အနောက်ဖက်ကပြေးလျှင် Hunnie ကလဲ အနောက်ဖက်ကလိုက်ကူးသည်။
Hunnie နှင့်ကစားရတာကို lulu ကြိုက်သည်။
Hunnie က mr.browine (lulu ၀က်ဝံအရုပ်ကလေး)နှင့် Kyungsoo ကလွဲလျှင် lulu ချစ်သော ရွှေငါးကလေးဖြစ်သည်။
အား.. puppy yeollie ကိုလဲ lulu ချစ်သည်။
ခနကစားပြီးနောက် hunnie က မှန်အိမ်ကလေးးထဲမှ ရေကူးနေသည်ကို ရုတ်တရက် ရပ်လိုက်သည်။
"အာ.. Hunnie ဘာဖြစ်လို့လဲ ? Lulu နဲ့မကစားချင်တော့ဘူးလား" Luluက ခေါင်းလေးစောင်းပြီးမေးလိုက်သည်။
"ဘာမှမစားရသေးဘူး။ ဗိုက်ဆာတယ်။" ရွှေငါးလေးက ဆောင့်ဆောင့်အောင့်အောင့်နှင့်ဖြေသည်။
"ဗိုက်ဆာတယ်? Ah? သိပြီ.. ခနလေး အစာသွားယူပေးမယ်"
Hunnie အတွက်အစာထားသောနေရာကို lulu သိသည်။
သူ့ကို Kyungsoo က ပြထားဖူးသည်။("lulu ဒါ hunnie တို့ဖို့အစာတွေနော် ယူမစားရဘူး" လို့လဲပြောဖူးသည်။Kyungsoo မပြောလဲ lulu ယူမစားပါ။ သူတို့အစာတွေက lulu သောက်နေကြ နွားနို့လိုမှ မချိုတာ)
အစာဗူးကို သူ့ပါးစပ်လေးနဲ့ကိုက်ချီပီး ရွှေငါးကန်လေးထဲ ပစ်ချလိုက်သည်။
Hunnie ကပျော်ရွှင်စွာ စားနေလေသည်။
"ဘာလုပ်နေတာလဲ!!!!" အော်သံနှင့်အတူ ငါးမွေးကန်ထဲမှ နောက်ထပ် ရွှေငါးလေးတကောင် ၀ုန်းခနဲရေပေါ်တတ်လာပြီး lulu လက်ကို ပါးစပ်ဖြင့်ပြေးဟပ်သည်။
သူ့လက်ကို ရေတွေစိုသွားသဖြင့် lulu လန့်ပီး အနောက်သို့ဆုတ်လိုက်မိသည်။
"Taotao! Lulu က hunnie ဖို့အစာယူလာတာ"
"သေချာလို့လား။ hunnie ကိုစားမလို့လာဖမ်းတာမဟုတ်ဘူးလား"
Hunnie ကရှင်းပြသော်လည်း taotao ကမယုံသလိုအမူအယာနှင့် ကြည့်ပီးပြောနေသည်။
Taotao ဆိုသည်မှာ hunnie အနားကပ်လာသောလူမှန်သမျှကို hunnie ကိုစားမယ်အထင်နှင့် လာဖမ်းသူဟု သူ့ဟာသူထင်ကာ အမြဲရန်စောင်နေသော ရွှေငါးလေးဖြစ်သည်။
"Taotao! Lulu က hunnie သူငယ်ချင်းလေ. ဘယ်လိုလုပ် hunnie ကိုစားမှာလဲ ဟုတ်တယ်မဟုတ်လား lulu"
Hunnie ကမေးသောအခါ lulu က ယောင်တိယောင်ချာနှင့်ခေါင်းလေးကိုငြိမ့်လိုက်သည်။
"hunnie ကို lulu မစားပါဘူး။ hunnie ကကွတ်ကီးလောက်မှ မချိုတာ"
"ဒါဆိုလဲ ပြီးရော" Taotao ကမယုံကြည်သေးသော လေသံဖြင့်ပြောသည်။
"Taotao ဒီမှာကြည့်စမ်း lulu ယူလာတဲ့အစာတွေ အများကြီးပဲ။ ဟိုဖက်မှာရောပဲ "
ပြောပြောဆိုဆိုနှင့် hunnie က အစာတွေနောက်သို့ ရေကူးရင်းလျှောက်လိုက်သွားပြီး စားနေသည်။
Taotao ကလဲ သူ့အမြီးလှလှလေးကိုယမ်းကာ နောက်ကိုလိုက်သွားသည်။
ပျော်ပျော်ရွှင်ရွှင်ရေကူးနေသော ငါးလေးနှစ်ကောင်ကိုကြည့်၇င်း lulu ငါးကန်လေးရှေ့ကနေ ခေါင်းငိုက်စိုက်နှင့် ထွက်လာလိုက်သည်။
"Kyungsoo မှာ Jongin ရှိတယ်။ puppy yeollie မှာ puppy baekkie ရှိတယ်။ Hunnie မှာ Taotao ရှိတယ်။ lulu မှာကျ ဘယ်သူမှမရှိဘူး"
သူမကျေမနပ်နှင့် တကိုယ်တည်းရေရွတ်လိုက်သည်။
နှုတ်ခမ်းတော့မဆူပါ။
Lulu က ကြောင်ကလေးဆိုတော့ နှုတ်ခမ်းဆူလို့မရဘူး မဟုတ်ပါလား။
.
.
.
.
A/N: I'm not good at writing fluff thing and I really hope u'all enjoy this.

Love is "the milk" which share with xiuxiu (Completed)Where stories live. Discover now