Uno

112 6 0
                                        

Pub တစ်ခု ထဲ ခေါင်းတစ်ထောင်ထောင်နဲ့ ဆိုင်အဝင်ဝကို မျှော်နေတဲ့ ဟျွန်းဂျင်ကို မင်ဟိုကြည့်နေမိသည်။ ဟျွန်းဂျင် မျှော်နေတာ ဘာလဲဆိုတာလည်း မင်ဟိုသိနေသည်။

မင်ဟို နီရဲနေတဲ့ နှုတ်ခမ်းပါးတွေကို ကိုက်ထားလိုက်ပြီး အလိုမကျစွာနဲ့ ဟျွန်းဂျင်ကိုကြည့်နေမိပါသည်။ ဟျွန်းဂျင်ကတော့ မင်ဟို့ကိုဂရုမစိုက်အားပဲ တစ်စုံတစ်ယောက်ကိုသာမျှော်နေ၏။

ခဏအကြာမှာ‌တော့ အဝေးကနေ ခပ်သုတ်သုတ်ပြေးလာတဲ့ကောင်လေးတစ်ယောက် Pub ထဲ အမောတကော‌ပြေးဝင်လာ၏။

"ဟျွန်းဂျင်နီ .... ဆောရီးပါ ကျောင်းဆင်းတာနောက်ကျသွားလို့ပါ၊ စောင့်နေတာကြာပြီလားဟင်"

ကျောင်းက ကမန်းကတမ်းထပြေးလာပုံရတဲ့ ဂျီဆောင်းက မင်ဟို့မျက်နှာချင်းဆိုင်မှာထိုင်နေတဲ့ ဟျွန်းဂျင်ဘေးနားဝင်ထိုင်၏။ မင်ဟို့ကိုမြင်တော့ ခေါင်းလေးတစ်ချက်သာငြိမ့်ပြပြီး ဟျွန်းဂျင်ကိုသာ အကြည်စိုက်နေတော့သည်။

"ငါစောင့်နေတာကြာပြီ၊ မင်းကဘာလို့အဲလောက်နောက်ကျနေရတာလဲ"

စိတ်ကောက်ချင်နေတဲ့ ဟျွန်းဂျင်ကို ဂျီဆောင်းက အမျိုးမျိုးအဖုံဖုံချော့နေတော့ တစ်ဖက်ခုံက မင်ဟိုက ကြည့်မရတော့ပါ။ အဲလောက်အဖြစ်သည်းဖို့လိုလို့လား။

"အင်းပါ။ စိတ်မဆိုးနဲ့တော့နော်။ ဟျွန်းဂျင်ရာ။ နော် .... နော်"

"အဲလိုချော့ရုံနဲ့ စိတ်ဆိုးပြေပေးရမှာလား"

ဂျီဆောင်းရဲ့အလျှော့ပေးမှု၊ ဟျွန်းဂျင်ရဲ့ အနိုင်ယူမှုတွေကို မြင်တွေ့ရပြီးနောက် မင်ဟို စားပွဲကထလာပြီး ဆိုင်ပြင်ထွက် ဆေးလိပ်သွားသောက်နေလိုက်သည်။

"ဘာဖြစ်လို့လဲ၊ ရုတ်တရက်ကြီး"

ဆေးလိပ်သောက်တဲ့နောက်ပြေးလိုက်လာတဲ့ ဆွန်းမင်းကမေးခြင်းဖြစ်သည်။ ဆွန်းမင်းက မင်ဟို့ထံကနေ ဆေးလိပ်တစ်လိပ်တောင်းပြီး အတူလိုက်သောက်လေသည်။

ဆွန်းမင်းကပျော်ရွှင်နေသလောက် မင်ဟိုက မျက်နှာထားတင်းနေ၏။

"ဒီလိုပါပဲ။ နေရထိုင်ရတာ မကောင်းတော့လို့"

ဆွန်းမင်းက တစ်ချက်ရယ်ပြီး မင်ဟို့ကိုကြည့်လာ၏။ သူ့အကြည့်တွေက မင်ဟို့ကိုနားလည်နေသယောင်ယောင်။

MismatchWhere stories live. Discover now