ဟလို~အယ်လ်ကိုဟောလ်ပါပဲ။ဒီဘက်မှာ သီးသန့်ရေးချင်လို့ ဒီဘက်မှာပဲ updateသွားမယ်နော်။ ဒီ Ficက စ်ိတ်ကူးယဉ်သပ်သပ် ဇာတ်အိမ်ဖြစ်ပြီး Theeနှင့်Waveကို အဓိကထားပြီး ရေးမယ့် ABOဇာတ်အိမ်ဖြစ်ပါတယ်။ ABOဆိုတာကြောင့် အကုန်လုံးလဲ ရင်းနှီးပြီးသားဖြစ်မှာပါ။ အဲ့ဒါကြောင့် ABO သဘောသဘာဝကိုမနှစ်သက်တဲ့လူတွေရှိကောင်းရှိနိုင်တာမို့လို့ မဖတ်ပါနဲ့နော်။ ပြီးတော့ အမုန်းစကားများ လက်မခံပါ။🦷🌊
-
၁၁၊၀၆၊၂၀၂၆ (ကြာသပတေးနေ့)
ကျယ်ဝန်းသည့် ချူလာတက္ကသိုလ််၏ အရိပ်ရသည့် သစ်ပင်အောက်တွင် ရှိတဲ့ ခုံတန်းအလွတ်ပေါ်တွင် အယ်ဖာတစ်ယောက်သည်ရေးထားပြီးသား Assignment ကိုပြန်ဖတ်ကြည့်နေသည်။ အရိပ်ကျနေသည့် သစ်ပင်အရွက်တို့ဟာ အယ်ဖာရဲ့ကိုယ်ပေါ်ကိုတစ်ဆင့်ပြုတ်ကျပြီးမှ မြေကြီးပေါ်ပြုတ်ကျသွားသည်။ အယ်ဖာက နှာခေါင်းပေါ်က မျက်မှန်ကို လက်ညှိုးနဲ့ အနည်းငယ်ပင့်တင်လိုက်ပြီး ရှေ့ဝဲကျနေတဲ့ ဆံပင်ကို သပ်တင်လိုက်ပုံက ဆွဲဆောင်မှုရှိ၏။
အယ်ဖာ၏နောက်ထပ်ဆွဲဆောင်မှုတစ်ခုကရုပ်ရည်သန့်ပြန့်ပြီး ဘေးအနားရှိလူများရဲ့အမြင်မှာ စာတော်ပြီးလူရည်မွန်တဲ့ အယ်ဖာကောင်ငယ်လေးဖြစ်၏။ ထိုအယ်ဖာကောင်ငယ်လေးသည် သွားဆေးမေဂျာမှတတိယနှစ်ကျောင်းသားဖြစ်ပြီး တိတ်တဆိတ်ခိုးကြိုက်ကြတဲ့သူတွေအများအပြားရှိသည်။ အိုမီဂါတို့ကလဲ အရဲစွန့်ပြီး မဖွင့်ပြောရဲကြပါ။
အကြောင်းအရင်းမှာထိုအယ်ဖာနဲ့ပတ်သတ်ပြီး ကောလဟာလ တစ်ခုရှိပြီး ထိုအယ်ဖာရဲ့ အယ်ဖာဖခင်ဖြစ်သူဟာမာဖီးယား ဆိုတဲ့ သတင်းတစ်ပုဒ်ကြောင့်။
Thiratiမျိုးရိုးရဲ့ တစ်ဦးတည်းသောသားဖြစ်သူ Theeက ခပ်တည်တည်နေတတ်ပြီး အမြဲတမ်းလိုလို မျက်နှာထားတည်တံ့သေးကာ အပေါင်းအသင်းကိုလဲ ကြည့်ပေါင်းတတ်တဲ့ အယ်ဖာဖြစ်တဲ့ Theeဟာ အမှန်ပင် မာဖီးယားတစ်ယောက်ရဲ့ သားဆိုတာကို အကုန်လုံးက အသိအမှတ်ပြုလိုက်ကြသည်။
Theeသည် စာကိုစစ်ဆေးပြီးနောက် စာရွက်ကို ဖိုင်ထဲပြန်ထည့်လိုက်၏။ ဒီဘာသာရဲ့Assignment က လက်ရေးမူဖြင့် ထပ်ရမည်ဖြစ်တာကြောင့် အတန်းချိန်နီးလာပြီဖြစ်ရာ အတန်းမတက်မှီ Assignment ထပ်ရန် လော့ခ်ကာရှိရာကို သွားလိုက်သည်။
