လူတိုင်းမှာ ပတ်၀န်းကျင်နဲ့ပတ်သက်လို့ အိမ်နီးချင်းဆိုသူများရှိကြသလိုပဲlingမှာလည်း
lingအထူးတလည်ကိုမှ အာရုံစိုက်ရတဲ့ ဘေးအိမ်ကအိမ်နီးချင်းဂိုက်ဆရာမတစ်ယောက်ရှိတယ်။
သူ့နာမည်ကorm kornnaphatတဲ့။ သူ့အသက်က တော့25နှစ်ရှိပြီ။ တစ်နည်းဟာဖြင့်ပြောရရင် တီချယ်ကlingရဲ့ဂိုက်ဆရာမပေါ့။
lingတို့ကတိုက်တစ်တိုက်ထဲမှာ အခန်းဘေးချင်းကပ် နေကြတဲ့ ဆရာမနဲ့တပည့် အိမ်နီးချင်းတွေဆိုပေမယ့်လည်း ရင်းနှီးမှုဆိုတာရှိမနေပါဘူး။ ပြောဆိုဆက်ဆံတယ်ဆိုတာတောင် တီချယ်ကlingရဲ့ဂိုက်ဆရာမဖြစ်နေတာကြောင့်သာ။ တီချယ်lingကိုစာပြလာတာ နှစ်လလောက်ရှိပြီ။ ဒါပေမယ့်lingတို့တစ်ခါမှာ စကားကောင်းကောင်းမပြောဖူးဘူး။
တီချယ်က စကားပဲနည်းတာလား?။
အနေပဲအေးတာလား?။
ချေပဲချေတာလား မသဲကွဲပါဘူးလေ။
သေချာတာကတော့ ရုပ်တည်ကြီးနဲ့နေတာပါဆို။
•••
ling တီချယ်ကိုနေ့တိုင်းစောင့်ကြည့်ရသလောက်ဆိုရင် တီချယ်ကတစ်ယောက်ထဲနေတာ။
ပြီးတော့ တီချယ့်စီမှာသူငယ်ချင်းများများစားစားမရှိဘူး nunewနဲ့ viewဆိုတဲ့သူငယ်ချင်းနှစ်ယောက်ပဲရှိတယ်။ သူတို့ကလည်းပဲ ဆရာ/ဆရာမတွေပဲ။
အဲ့သူငယ်ချင်းနှစ်ယောက်နဲ့တီချယ်က နေ့တိုင်းနီးပါး အပြင်သွားတယ်။ ကြည့်ရတာ ကျူရှင်ဝိုင်းတွေကိုသွားတယ်ထင်ပါရဲ့။
ling တီချယ့်အကြောင်းအများကြီးသိချင်မိတယ်။ စပ်စုပြန်ရင်လည်း " မင်းကသိပ်စပ်စပ်စုစုနိုင်တာပဲ " ဆိုပြီးဆူခံရဦးမယ်။
သိပ်ချစ်ရတဲ့တီချယ်အကြောင်းlingသိတာပေါ့။ တီချယ်ကစကားသာနည်းတာ lingကိုဆိုအားတိုင်းကိုဆူနေတာ။
lingကလည်းဆူချင်စရာပဲလေ...။
ဘာလို့ဆို...
" တီချယ့်အသက်ကဘယ်လောက်လဲ? "
" တီချယ်ကတစ်ယောက်ထဲနေတာလား? "
" တီချယ်ကlingထက်အရပ်ရှည်တယ်နော်။ တီချယ်အရပ်ကဘယ်လောက်လဲ? "
****
" ဒီမှာကလေးမ ဒို့ကမင်းကိုစာသင်ဖို့လာတာနော် မင်း မေးတာတွေဖြေဖို့လာတာမဟုတ်ဘူး "
