Part-4

80 28 23
                                        

လီအို့ကားအပြာရောင်ကလေးဟာ လမ်းမီးတိုင်တို့ကို လျင်မြန်စွာကျော်ဖြတ်နေပြီး တိုက်ခန်းဆီရောက်ရန် အမြင့်ဆုံးအရှိန်နှုန်းဖြင့် အလုပ်များနေတော့သည်။

ဆန်းဝန်းရဲ့ 'လီအိုအခုချက်ချင်းပြန်မလာရင် ကိုယ့်ကိုယ်ကို တစ်ခုခုလုပ်ပစ်မှာနော်' ဆိုတဲ့စကားကြောင့် ရင်အစုံဟာ မီးလိုပူကာ စိုးရိမ်စိတ်တို့ ကြီးစိုးနေသည်။

ကားကိုဖြစ်သလိုပါကင်ထိုးပြီး သူနေတဲ့လေးလွှာဆီ ရိုးရိုးလှေကားဖြင့်သာ ပြေးတက်မိသည်။ တံခါးဖွင့်လိုက်သည်နှင့် အိမ်ရှေ့ကိုကျောပေးကာ ဆိုဖာမှာထိုင်ပြီး ဆိုဂျူကိုပုလင်းလိုက်မော့နေသည့်ဆန်းဝန်းကို တွေ့ရသည်။

"ငါ‌ပြန်ရောက်ပြီ"

"ဘယ်ကပြန်လာတာလဲ?!"

အေးစက်မာကျောနေတဲ့အသံကြောင့် လီအိုလိမ်လို့မရဘူးဆိုတာကို သိလိုက်ရသည်။

"ဂွန်းနူနဲ့တွေ့ပြီး ပြန်လာတာ"

"ဒီအချိန်ကြီးကိုလား လီအို?!"

လီအိုဖိနပ်ချွတ်ပြီးနောက် သောက်နေသည့်ဆန်းဝန်းအနားသွားကာ ထိုင်လိုက်သည်။ ဘေးချင်းကပ်ထိုင်လာသည့်လီအို့ကို ကြည့်လာတဲ့မျက်ဝန်းတွေဟာ မီးတောက်တွေလို နီရဲကာနေတော့သည်။

နှုတ်ခမ်းတို့ကို ဖိကိုက်လိုက်ပြီး ကိုင်ထားတဲ့ဆိုဂျူပုလင်းကို မော့သောက်သည်။

"ငါက လီအို့ကို ဆင်ဆင်ခြင်ခြင်နေဖို့ပြောထားတာ တစ်ပတ်တောင်မရှိသေးဘူးလားလို့"

ခပ်အေးအေးလေသံနှင့်ပြောနေပေမဲ့ ဆန်းဝန်းဒေါသထွက်နေတယ်ဆိုတာ လီအိုသိပါသည်။ လည်ပင်းတွေအထိနီရဲနေပြီး အံကြိတ်ထားပုံက တစ်ခုခုလုပ်မိမှာစိုး၍ လီအိုပြန်လာတဲ့အထိကို ထိုင်စောင့်နေပုံပေါ်သည်။

"ငါမေးနေတယ်လေ လီအို!"

လီအိုမတ်မတ်ကလေးထိုင်နေရာမှ ဆိုဖာကိုဖရိုဖရဲကျောမှီလိုက်ရင်း မျက်နှာတို့ကိုပွတ်သပ်လိုက်သည်။

"လီအို!"

"ဘယ်လိုဖြစ်နေတာလဲ!? မင်းကျ စီနီယာတွေနဲ့ ခရီးသွားတယ်ပြောပြီး, ဘယ်ကမှန်းမသိတဲ့ကောင်နဲ့ ဘူဆန်ရောက်နေတာလေ!"

𝚈𝚘𝚞𝚛 𝙽𝚊𝚖𝚎 𝚒𝚗 𝙰𝚕𝚕 𝚖𝚢 𝚆𝚘𝚞𝚗𝚍𝚜Место, где живут истории. Откройте их для себя