ငယ်"ကတည်းကအသက်၁၉နှစ်အထိအချစ်ဆိုတာဘာမှန်းမသိသေးတဲ့ကောင်မလေးတစ်ယောက်ဟာ..ဒီနှစ်uni တက်ဖို့အတွက်စိတ်တွေလှုပ်ရှားနေလေရဲ့...Uni life ဆိုတာဘယ်လိုမျိုးလဲ...သူငယ်ချင်းအသစ်တွေအများကြီးနဲ့ပျော်စရာကောင်းနေမလား..စိတ်လှုပ်ရှားစွာအတွေးထဲပုံဖော်နေရင်း..အတွေးတစ်ခုကဖြတ်ကနဲဝင်ရောက်လာတယ်..အာ့ကဘာလဲလို့ဆက်မေးရင်...အချစ်စစ်နဲ့တွေ့နိုင်ဆိုတဲ့အတွေးပင်..တကယ်တော့high school မှာကတည်းကလာကြိုက်တဲ့သူတွေဒုနဲ့ဒေးပင်ဒါမဲ့အကြိုက်မတွေ့တာရော..ရည်စားမထားချင်သေးတာလည်းပါတော့ဘယ်သူကိုမှအခွင့်ရေးမပေးခဲ့ဘဲနှလုံးသားတံခါးကိုပိတ်ပြီးနေနေခဲ့တယ်..အခုတော့ဖွင့်ကြည့်ဖို့အချိန်တန်တဲ့အတွေးတွေဝင်လာတယ်စိုပါဆို့...
အာ့လိုအတွေးတွေနယ်ချဲ့နေတဲ့အချိန်...အိမ်အပြင်ဘက်မှခေါ်သံကြားတော့..ပြုံးလိုက်တယ်...အသံပိုင်ရှင်ကဘယ်သူမှန်းကြားယုံနဲ့သိတာကိုး...အာ့နဲ့ထိုင်နေရာမှထပြီးအပြင်ထွက်လာခဲ့တယ်...အမေကလည်းမကြားမိမှာစိုးလို့ထင်တယ် လှမ်းအော်ရှာတယ်။
သမီးရေအပြင်မှာ..ပိုးမသာရောက်နေတယ်ဆိုပြီးတော့
ပိုးမသာဆိုသည်မှာ..အခြားသူမဟုတ်သူငယ်တန်းကတည်းကခင်ခဲ့တော့သူငယ်ချင်းအရင်းကြီးပင်..အခုလည်း၁၀တန်းအောင်အတူ"အောင်ပြီးuni လည်းတစ်uni တည်းကျလေရဲ့အခုလည်းသူကဘယ်နေ့ပြောင်းသွားဖို့အကြောင်းလာပြောတာဖြစ်မယ်...
ဒါမဲ့လည်းတွေးထားတာနဲ့အခြားစီပင်...သူ့အမေကသူ့ကိုကိုးရီးယားသွားစေချင်ကြောင်း...သူကလည်းသွားချင်ကြောင်းပြောလာတယ်...ကြားတဲ့အခိုက်မှာဒုတ်ခနဲ့ဖြစ်ပြီးငိုချင်လာတယ်ဒါမဲ့လည်း..သူပျော်"ကြီးပြောနေတာမြင်တော့...ငိုချင်စိတ်ကိုမျိုသိပ်ပြီး....အာ့လိုဆိုကောင်းတာပေါ့...ဒါမဲ့လည်းဘွဲ့အရင်ယူပြီးမှသွားတာမကောင်းဘူးလားလို့မေးလိုက်တယ်
သူကဆက်ပြီး...ငါအခုလာတာအာ့တိုင်ပင်ဖို့ပဲလို့...အမေကလည်းသင်တန်းအပ်ပြီးသွားပြီးစရံငွေတောင်သွင်းပြီး"တဲ့သူလည်းသွားချင်ပေမဲ့...တစ် ယောက်ထဲမို့.ကြောက်လည်းကြောက်တာမို့အတူ"သွားရအောင်တဲ့လေ...သူ့စကားကြားတော့ပိုပြီးဝမ်းနည်းသွားတယ်..အကြောင်းအရင်းကတော့အမေကလည်းလွှတ်မှာမဟုတ်သလို..ကိုယ်ကိုတိုင်ကအဲနိုင်ငံကိုမကြိုက်တာ...အာ့ကြောင့်အမေခွင့်ပြုမှာမဟုတ်တဲ့အကြောင်းပြီးတော့နိုင်ငံခြားကသွားချင်ပေမဲ့..ကိုးရီးယားတော့မသွားချင်ကြောင်းရှင်းပြလိုက်တယ်...သူကထိုစကားကြားမိအချိန်ခဏအတွင်းမှာတိတ်ဆိတ်နေတယ်..
အာ့ကြောင့်ကိုယ်ကပဲဆက်ပြီး...ဘာတွေကြောက်တာလဲ...သင်တန်းရောက်ရင်အဖော်ရမှာပေါ့..စိတ်မပူနေနဲ့လို့ပြောလိုက်တယ်...
နှစ်ယောက်သားဟိုအကြောင်းဒီအကြောင်းဆက်စပ်ပြောရင်းအချိန်တော်"ကုန်သွားတယ်..ညနေစောင်းတော့သူပြန်သွားတယ်
အမေကမေးတယ်..ပိုးမသာဘာပြောသွားလို့သမီးမျက်နှာမကောင်းဖြစ်သွားတာလဲတဲ့အာ့နဲ့သူလာရင်းအကြောင်းကိုပြောပြဖြစ်သွားတယ်..အမေကလည်းကိုယ်စိတ်မကောင်းဖြစ်နေတာသတိထားမိလောက်တယ်ထင်..ဘာမှထွေ"ထူး"ပြောမနေဘဲအဆင်ပြေသွားမှာပါလို့ပဲပြောပြီးစကားဝိုင်းကအဆုံးသတ်သွားေတော့တယ်။
နောက်ကိုယ်လည်းလုပ်စရာရှိတာဆက်လုပ်ပြီးနေနေလိုက်တော့တယ်။
နောက်နေ့မနက်ရောက်လာတော့အစောကြီးပိုးမသာဆီကဖုန်းဝင်လာတော့..ဘာများထူးခြားလည်းပေါ့..ချက်ချင်းပဲဖုန်းကောက်ကိုင်လိုက်တယ်။
ဟယ်လို...အေးပြော..
သူ့ဘက်ကစကားတစ်ခွန်းကြောင့်ပြုံးမိတယ်ရင်ထဲမှာလည်းပျော်လို့....တစ်ကိုယ်ကောင်းဆန်တယ်လို့ပဲပြော"အာ့အချိန်တကယ်ပျော်ခဲ့တယ်
သူကဘာပြောလဲဆို...သေ"ချာ"ပြန်စဥ်းစားကြည့်တော့သူကိုးရီယားကိုမသွားဖြစ်တော့ဘူးတဲ့..ကျောင်းပြီးမှသွားတော့မယ်တဲ့အာ့ကြောင့်မနက်ဖန်..နင်နဲ့အတူ"အဆောင်ဝင်မယ်ဆိုတဲ့အကြောင်း
ကိုယ်ကလည်းဒီလိုမျိုးဆုံးဖြတ်ချက်ချတာမှန်ကြောင်း..ပြောလိုက်တယ်...
