" Evan's Gift Shop "
ဆိုင်ကလေးက gift shop ဆိုတဲ့အတိုင်း အတွင်းရောအပြင်ရော ချစ်စရာအတိ။
အဲ့ဒါအပြင် ခရစ္စမတ်နားနီးလို့တူပါရဲ့ အဝင်ဝမှာတင် 'ကြိုဆိုပါတယ်' ဆိုတဲ့ ဆိုင်းဘုတ်လေးကို ခြေအိတ်နီတာရဲလေးနဲ့ပါတွဲချိတ်ထားသေး။
ဒါပေမယ့် သူ ဒီဆိုင်ရှေ့ကိုဘယ်လိုရောက်လာတာပါလိမ့် ... သေချာပေါက်ကျောင်းဆင်းတော့ ဂျောင်ဝန်းနီးတို့နဲ့နှုတ်ဆက်ပြီး အိမ်ကိုပဲ တန်းပြန်လာခဲ့တာပါ။
အာ မှတ်မိပြီ နေ့လယ်ကကန်တင်းမှာနေ့လယ်စာစားရင်း ဂျောင်ဝန်းနဲ့ဆောန်းနူတို့ပြောတဲ့ ကိုယ်သဘောကျတဲ့သူကို အိမ်မြှောင်ပုံဂျယ်လီပေးပြီးဖွင့်ပြောရင် တစ်ဖက်လူကလည်း ပြန်သဘောကျတယ်ဆိုတဲ့အကြောင်း။
ဂျယ်ယွန်းတောင် အဲ့တုန်းက ကြောင်သွားပါသေးတယ် ဘယ်လိုလို့ အိမ်မြှောင်ဂျယ်လီပေးတာနဲ့ပဲ တစ်ဖက်လူက ကိုယ့်ကိုပြန်သဘောကျလိမ့်မလဲလေ ... ပြီးတော့ သူဖြင့် ချောကလက်ပေးပြီး ဖွင့်ပြောတာလို့ပဲကြားဖူးတာ ဘယ်နှယ့် အိမ်မြှောင်ဂျယ်လီတုန်း။
ဆောန်းနူနဲ့ဂျောင်ဝန်းကတော့ပြောပါတယ် ကျောင်းဖိုရမ်ထဲမှာ ခုတလော ခေတ်စားနေတဲ့ဟာတဲ့ ...
" ပြဇာတ်မေဂျာက ကောင်လေးတစ်ယောက်က သူသဘောကျနေတဲ့ မေဂျာကွင်းကို Evan's Gift Shop ကနေဝယ်လာတဲ့ အိမ်မြှောင်ဂျယ်လီပေးပြီး ဖွင့်ပြောလိုက်တာ ကောင်မလေးကလက်ခံလိုက်တာတဲ့လေ အခုတွဲတောင်တွဲနေကြပြီတဲ့ "
" မင်းတို့ဟာက ဟုတ်ရော ဟုတ်လို့လားကွာ ယုတ္တိမရှိတာကြီး အိမ်မြှောင်ဂျယ်လီပေးတာနဲ့ပဲတွဲသွားရောတဲ့လား "
" ဟုတ်ပါတယ်ဆို ဂျယ်ယွန်းနီးဟျောင်းကလည်း post အောက်မှာ တကယ်တွဲသွားကြတယ်ဆိုပြီး ပုံတွေနဲ့ပါ မန့်ထားတဲ့သူတွေအများကြီး "
" AI နေမှာပါကွာ ဆောန်းနူရာ "
" ဟူး ... ဟျောင်းမယုံရင် အဲ့ gift shop ကနေ အိမ်မြှောင်ဂျယ်လီဝယ်ခဲ့ပြီး မနက်ဖြန် MT ကျ စီနီယာဆောင်းဟွန်းကို ဖွင့်ပြောလိုက်လေ "
" ဟုတ်တယ် ဟျောင်း စမ်းကြည့်လိုက် ကျွန်တော်ဆိုင်လိပ်စာပို့ပေးလိုက်မယ် အာ လိပ်စာတောင်ပို့ပေးဖို့မလိုဘူး အဲ့ဆိုင်က ဟျောင်းတို့အိမ်ဘေးလမ်းကြားထဲတင် ဟျောင်း ကျောင်းဆင်းရင်သွားဝယ်လိုက် "
YOU ARE READING
Jelly CC
Fanfictionကိုယ်သဘောကျနေတဲ့သူကို အိမ်မြှောင်ဂျယ်လီပေးရင်းဖွင့်ပြောရင် တစ်ဖက်လူကကိုယ့်ကိုပြန်ကြိုက်တယ်တဲ့။ ဂျယ်လီတစ်ခုကအဲ့လောက်စွမ်းလို့လား။
