Part 1 : မျှော်လင့်မထားသော ဥပဒေ

66 2 1
                                        

တီတီ.....တီတီ....တီတီ......တီတီ....

လင်းလက်ဖြူတစ်ယောက် အခုမှ ဖုန်းက alarm မြည်တာကိုကြားခြင်းဖြစ်သည်။

ကြားကြားချင်း မျက်လုံးပင်မဖွင့်သေးဘဲ လက်ကအလိုအလျောက် ဖုန်းပါဝါခလုပ်လေးကို နှိုပ်ပြီးသား။

နောက် ၁၅ မိနစ်နေသော်.... တီတီ... တီတီ.....

ဒီတစ်ခါတော့ လင်းထမှရတော့မယ်မှန်းသိလိုက်သည်။ မထလို့လည်းမဖြစ်တော့။ လင်းတို့နေတဲ့ရောင်ခြည်မြို့မှာက မနက် ၈:၁၅ ကနေ ၉ နာရီကြားကို ကားတွေအလွန်ပိတ်သည်။ ကားပိတ်တာကို ကြုံလိုက်ရင် ကျောင်းကနောက်ကျကိုကျမည် ဖြစ်သည်။
'ဟူး..... ထမှပဲဖြစ်မှာပါလေ' လင်း တစ်ယောက်တွေးပြီး အိပ်ရာမှလူးလွန့်ကာ ထလာသည်။

သို့သော် လင်း အိမ်က ထွက်သည့်အချိန်သည် ၈:၃၀ ပင်ရှိနေပြီဖြစ်သည်။ ထင်ထားတဲ့ အတိုင်းပင် လမ်းမှာ ကားတွေပိတ်နေသည်။ ဒါတောင် လင်းက ဒေသခံမို့ အချို့ လမ်းကြိုလမ်းကြားကနေ ကားကို မောင်းခဲ့သေးသည်။ မဖြစ်မနေ သွားရမည့် လမ်းမကြီးပေါ်မှ ကားကပိတ်နေခြင်းဖြစ်သည်။
"ကဲ မိလင်းရေ အခုမှ စိတ်ညစ်မနေနဲ့တော့။ နင်စောစောမထွက်နိုင်တာလေ။ အခုမှတော့ ကားပိတ်ရင်း ရွတ်လက်စ ဘုရားစာပဲ ရွတ်နေလိုက်တော့" လင်းကိုယ့်ကိုယ်ကို ထိုကဲ့သို့သာ ပြောနိုင်တော့သည်။
ဘုရားစာဆိုမှ လင်း တစ်နေ့တစ်ကြိမ်မှန်မှန် ရွတ်ဖြစ်တာ ၃ လပိုင်းကနေ အခုဆို ၁၀ လပိုင်းတောင်ရောက်ပြီ။ လင်း အမှန်တကယ်တော့ ဘုရားတရား လုပ်ရတာ ဝါသနာမပါပါ။ သို့သော် ကံ၊ကံ၏ အကျိုးကိုတော့ လင်းယုံသည်။ အခုဆို ကျောင်းက အချို့ဘာသာရပ်တွေက ဆေးရုံမှာလည်း သင်နေရပြီဆိုတော့ သရဲတစေအခြောက်မခံရအောင်ရယ်၊ ဆရာသမားကောင်းနဲ့ တွေ့ဖို့ရယ်က လင်းအတွက်အရေးကြီးသည်။ ထို့ကြောင့်ပင် လင်း ကုသိုလ်ရအောင် ဘုရားတရားလုပ်ဖြစ်နေခြင်းဖြစ်သည်။

ကျောင်းရောက်တော့ ဆရာကစာသင်နေပြီ။ လင်းလည်း ဆရာ့ကိုအားနာလို့ အပေါက်က ဝင်ဝင်ချင်းလွတ်နေတဲ့ ထိုင်ခုံမှာ ဝင်ထိုင်လိုက်သည်။ သူငယ်ချင်းတွေဖြစ်တဲ့ ပြည့်ပြည့်၊ ကြယ်စင်သန့်၊ကျော်သာဦးတို့ကို ရှာကြည့်လိုက်တော့ သူတို့သုံးကောင်က ထိပ်ဆုံးတန်းမှာထိုင်နေလေရဲ့။
'ဒီတစ်ချိန်ပြီးမှပဲ ရှေ့ပြောင်းထိုင်ပါတော့မယ်' ဟုလင်းတွေးပြီး အနောက်မှာပဲ ဆရာစာသင်တာကို နားထောင်နေလိုက်သည်။

22:22Where stories live. Discover now