Studio အခန်းထဲသို့ ၀င်လာသည့် ခြေသံများကို ကြားရသည်။ တံခါးဖွင့်လိုက်သည်နှင့် အပေါ်အောက် ၀တ်စုံနက်၀တ်ဆင်ထားသည့် လူတစ်ယောက်က အခန်းထဲသို့ ၀င်ရောက်လာသည်။
ထိုသူက အသံသွင်းခန်းထဲသို့ ၀င်၍ တံခါးကို သော့ခတ်လိုက်သည်။
-"ပိတ်ပိတ်မပိတ်ပိတ် ငါတို့ကရှိနေတာပဲကို"
-"မင်းတို့ကို တိတ်တိတ်နေလို့ ငါမပြောထားဘူးလား..ငါ့ကို သရုပ်ဆောင်ခွင့်လေးပေးပါ T-T"
-"အိုကေ ဟိုးကြီး"
ဇာတ်လမ်းပြန်ဆက်လိုက်ပါသည်။
၀တ်စုံနက်နှင့်သူသည် ခုံပေါ်တွင် ထိုင်ကာ အသံစသွင်းလေ၏။
"အဟမ်း..ကျွန်တော်က"
"ဟိုးကြီး..ချောင်းဆိုးရင်ကြပ်နေတာလား..ဒို့ကျောင်းသားပါတယ် ယူမလား"
"ဒီကောင်တွေ ငါ-"
ထိုအခန်းကို ဆင်ဆာဖြတ်လိုက်သည်။
"Okay..1..2..3..ရပြီ..မင်းတို့တစ်ယောက်မှ အသံမထွက်ကြနဲ့တော့"
ကင်မ်မရာကို သေချာချိန်ပြီးသည်နှင့် သူ၏မျက်နှာကို မပြခင် မျက်နှာဖုံးကို တပ်လိုက်၏။ ရောက်နေသည့် နေရာသည် ယခင်က စတူဒီယိုအခန်းမဟုတ်တော့၊ ခပ်မှိန်မှိန်အလင်းရောင်နှင့်အတူ မလုံခြုံသည့် အငွေ့အသက်များဖြင့် ဖုံးလွှမ်းနေလေသည်။
"ဒီစာကို မြင်လိုက်ပြီဆိုတာနဲ့ ကြိုဆိုပါတယ်..ကျွန်တော်က Orgha ပါ"
မျက်နှာဖုံး၏နောက်ကွယ်မှ ထိုလူက စကားပြောလေသည်။
"ကျွန်တော်အခု မိတ်ဆက်ပေးချင်တာက ဂိမ်း.."
"ဂိမ်းပေါင်းငါးရာကျော်မလား ဟိုးကြီး"
"...."
တစ်ခန်းရပ်လိုက်သည်။
ကျွန်တော်အခုမိတ်ဆက်ချင်တာက ဂိမ်းတစ်ခုအကြောင်းပါ..အခုစာဖတ်နေတဲ့ မိတ်ဆွေက စိတ်၀င်စားမယ်ဆိုရင် ကျွန်တော်ပြောပြချင်ပါတယ်.. Telegram မှာ Role-play လောက ပေါ်ပေါက်လာတာနဲ့အမျှ ဆော့တဲ့သူတွေ များလာတဲ့ပေါ့လေ..အဲဒီထဲကမှ ကျွန်တော်အရင်နှစ် အခုချိန်က ထောင်ခဲ့တဲ့ Game Roleplay အကြောင်းရှင်းပြပေးချင်ပါတယ်။ စပြောရမယ်ဆိုရင် ဒီဂိမ်းဟာ Series တစ်ခုဖြစ်တဲ့ Night Has Comes ကို inspired ယူထားတာဖြစ်လို့ အဲဒီ Series ကို ကြည့်ဖူးရင် ဒီဂိမ်းက မိတ်ဆွေအတွက် နားလည်ရလွယ်ကူနေပါလိမ့်မယ်။ မကြည့်ဖူးရင်လည်း ကိစ္စမရှိပါဘူး။ ကျွန်တော် နောက်မှ သေချာအသေးစိတ်ရှင်းပြဖို့ Part တစ်ခု ရေးပေးပါ့မယ်။
ဒီဂိမ်းရဲ့ Role တွေကို ပြောပြရမယ်ဆိုရင်
- Mafia
- Police
- Doctor
- Innocent
တစ်ခုချင်းစီအတွက် စည်းမျဉ်းတွေ ရှိပါတယ်။
အလွယ်ကူဆုံးပြောပြရရင်
မာဖီးယား က ကျန်တဲ့လူတွေအားလုံးကို ရှင်းထုတ်ပစ်ရပါမယ်။
ရဲက မာဖီးယား ကို ရှာပြီး တားဆီးနိုင်ရပါမယ်။ (တစ်မျိုးပြောရရင် ဂိမ်းက ထုတ်ပယ်ရမှာပေါ့)
ဆရာ၀န်က ကုသပေးရပါမယ်။
ပြည်သူတွေကတော့ အသက်ရှင်အောင်နေထိုင်ပြီး မာဖီးယားကို တူတူရှာကြရပါမယ်။
တစ်ညကို တစ်ခါ ဘယ်သူက မာဖီးယားလဲ ဆိုတဲ့ ခေါင်းစဉ်နဲ့ ကစားသမားအားလုံးက မဲပေးရပါမယ်။ မဲအများဆုံးရတဲ့ ကစားသမားက ထွက်ရမှာပါ။
ပြီးရင်တော့ မာဖီးယားက သူသတ်မဲ့သူကို ရွေးချယ်ရပါမယ်။
အရင်တုန်းကတော့ ည (၇) နာရီက မဲပေးချိန် လုပ်ပြီး
ည (၈) နာရီကို မာဖီးယားတွေ မဲပေးချိန်လို့ သတ်မှတ်ထားပါတယ်။
အခုချိန်မှာတော့ ဒီဂိမ်းက Role အသစ်တွေနဲ့ Season 5 ကို ရောက်လာပါပြီ။ စမယ့် ဒိတ်ကတော့ အတိအကျမရှိသေးပါဘူး။
ကျွန်တော် ဒါကို ရေးရတာက လွန်ခဲ့တဲ့ တစ်နှစ်က အမှတ်တရတွေကို ပြန်အမှတ်ရရင်း ကစားသမားတစ်ယောက်ချင်းစီ ဆော့ခဲ့တဲ့ Role-play အလိုက် Season 1 ကို Fic အနေနဲ့ ပြန်ရေးဖို့ပါ။ သူတို့ပိုင်ဆိုင်ခဲ့တဲ့ Characters တွေအတိုင်း မပြောင်းလဲပဲ ထည့်သွင်းသွားပါမယ်ဗျာ။ သဲလွန်စတွေကတော့ မပြောင်းမလဲတည်ရှိနေမှာဖြစ်ပြီး အပိုဇာတ်အိမ်တွေပဲ ပါ၀င်မှာဖြစ်ပါတယ်။
ဒီ Characters တွေကို သက်ဆိုင်ရာ ကစားသမားတစ်ယောက်ချင်းစီကသာ ပိုင်ဆိုင်ပါတယ်။
Fic မရေးတာကြာပြီဖို့ တစ်ခုခုမှားယွင်းသွားတာရှိရင်လည်း ခွင့်လွှတ်ပေးကြပါဗျာ။
ဒါဆိုရင် အရင်တစ်နှစ်ကို Time Travel လုပ်ကြမလား..။
YOU ARE READING
Find The Mafias [Season 1]
Mystery / ThrillerCredit to every single owner for their characters.
![Find The Mafias [Season 1]](https://img.wattpad.com/cover/403206029-64-k197563.jpg)