သူ ကျွန်တော့်ကို ခေါ်တာ "ကလေး" တဲ့....။

8 2 0
                                        

အကို နဲ့ ကျွန်တော်က ကျောင်းမှာကတည်း က စီနီယာနဲ့ ဂျူနီယာပါ။ အကို့ ကို ကျောင်းရဲ့ School Trip တုန်းက စတွေ့ခဲ့ပြီးတော့ ခင်မင်ခဲ့ပါတယ်။ အကို က ကျွန်တော့်ရဲ့ Acc ကို လာတောင်း ရာကနေစပြီးတော့ ကျွန်တော်တို့ ဆက်ဆံရေးလေးက စတင်ခဲ့ပါတယ်။

နေ့တိုင်းတွေ စကားပြောဖြစ်တယ်။ အတူတူလည်း ရယ်မောတယ်။ ကျွန်တော် ပင်ပန်းတိုင်းလည်း အကို က ကျွန်တော့်ရဲ့ နားခိုရာ ဖြစ်ခဲ့တယ်။ ဒါပေမယ့်လည်း ကျွန်တော်တို့ ဆက်ဆံရေးကို ဘယ်လို ခေါင်းစဉ် တပ်ရမလဲ?

———

"အကိုရာ သား ပင်ပန်းတယ်ဗျာ..."

ခွန်ရှိုင်း ဆိုတဲ့ ကျွန်တော် က အကို့ကို အမြဲတမ်း သား ဆိုပြီးတော့ နာမ်စား တတ်ပြီး ကိုယ့်ကိုယ်ကိုယ် ပြောဖြစ်ပါတယ်။ ဒါကတော့ ကျွန်တော် စိတ်ကောင်းဝင်နေချိန်လေး ပြောတာပေါ့...။

"ဘာတွေဖြစ်လို့လဲ ခွန်ရှိုင်း..."

"Head ကလေ အများကြီး သားကို ခိုင်းတယ်..။ မနေ့ကဆိုရင်လေ ညဘက်ကြီး Content ကို ပြင်ဖို့ ဆိုပြီး သား ကို လှမ်းခေါ်တာလေ.... သား မှာတော့ အိပ်ချင်နေတာကို မနည်း ထပြီးတော့ လုပ်ပေးလိုက်ရတယ်...."

နှုတ်ခမ်းကြီး ဆူပုတ်ပြီး ပြောနေတဲ့ ရှိုင်းကို ကြည့်ပြီး စစ်ငြိမ်းမှာ ပြုံးမိလိုက်လေတယ်။ ဒီကလေး သိပ်ဆိုးတတ်နေပြီ။ သူများအကြောင်းကိုတောင် လာပြီးတော့ တိုင်တတ်နေပါပြီလေ။

"နောက်ဆို ထမလုပ်ပေးနဲ့ ရှိုင်း... သူတို့က လုပ်ပေးရင် နည်းနည်း ကြွကြတယ်..."

"သား ကြောက်တယ် ကိုကြီးရ... Head ကြီးက ဆူရင် ဘယ်လိုလုပ်မလဲ.."

"ကိုယ် ရှိနေတာပဲ သူတို့ကို ကြောက်စရာ မလိုပါဘူးကွာ..."

"ဟူးးး...."

ရှိုင်း တစ်ယောက် ဘာမှတောင် မပြောနိုင်တော့ဘဲနဲ့ သက်ပြင်းသာ ချလိုက်လေသည်။

"ဒါနဲ့ ခဏ နေပါဦး... အကို အသံက နှာသံပါနေတယ် နေမကောင်းဘူးလား..."

ရှိုင်း တစ်ယောက် ထိုင်နေရာကနေ ထလိုက်တာ အကို့ရဲ့ နဖူးအပေါ်ကို လက်ဖမိုးလေး တင်ပြီးတော့ စမ်းသပ်လိုက်လေသည်။

Lover ZoneWhere stories live. Discover now