ဦးသျှောင် အိမ်ကို ပြန်ရောက်နေတာ ၁ ပါတ်ကျော်ပြီ မားမားကလည်း ဒီနေ့ အပြင်သွားစရာရှိနေတာကြောင့် ဦးသျှောင် အိမ်မှာ တစ်ယောက်တည်းပျင်းနေရမှာစိုးလို့ မမနဲ့အတူ ကုမ္ပဏီကိုအတူလိုက်လာခဲ့တယ်
မဟုတ်လည်း နောင်တစ်ချိန် သူဒီနေရာကိုခြေချရမှာပဲလေ
"ဦးသျှောင် လာလေ"
မမက ရှေ့ကဦးဆောင်သွားရာနောက်ကို ဦးသျှောင်လိုက်လာခဲ့တယ်
"မိုးယု"
"ကိုကောင်းခန့်"
"သြော် ဦးသျှောင်ရော ပါလာတာပဲ"
"ဟုတ်"
"အလည်လာတာလား"
"ဟုတ် အစ်ကို ကျောင်းတစ်ဖြတ်နားတုန်းအလည်လာလိုက်တာ မားမားကလည်းအသက်ကြီးပြီဆိုတော့ ကျွန်တော့်ဆီလာရင် ခရီးပန်းရမှာစိုးလို့"
"အင်း ကောင်းပါတယ် မင်းအစ်မက မင်းဆီသွားပြီးရင် ငါတို့ကိုမင်းအကြောင်းဖောက်သည်ချလို့ကိုမပြီးဘူးရယ်"
"ဟုတ်"
"ကိုကောင်းခန့် ကိစ္စရှိလို့လား"
"ဟုတ်သား ညနေကျ အလုပ်သင်လေးတွေအတွက် တစ်ဝိုင်းဖွဲ့ပေးမလို့ အတူလိုက်မလားလို့"
"အင်း မားမားလည်း အပြင်မှာညစာစားခဲ့မှာဆိုတော့ လိုက်ခဲ့မယ်လေ"
"ဟုတ်ပြီ ဒါဆို အစ်ကိုစီစဥ်ထားလိုက်မယ်"
"ဦးသျှောင်ရော"
"ဗျာ"
"အတူလိုက်မလား"
"မလိုက်တော့ပါဘူး မမ"
"ဘာလို့လဲ"
"ကျွန်တော် လူစည်ရင် သိပ်မနေတတ်လို့ပါ"
"ဦးသျှောင်ကတော့ကွာ ကဲပါ မလိုက်ချင်လည်း ဇွတ်မပြောတော့ပါဘူး"
"မင်းကို ဒါကြောင့် လျှော့ပါလို့ ပြောသားပဲ"
"မင်းအဖေက စကီလေးတွေအကြောင်းပြပြီး ဇွတ်သောက်ပြနေတာလေ"
"ခံလေ"
"ဘောလား မင်းတို့ကောင်တွေ တစ်ယောက်တစ်ပေါက်နဲ့"
"ဟာ ယု"
"သြော် အငယ်လေးတွေ ရောက်လာကြပြီလား"
YOU ARE READING
Unexpected Arrival
Romance"မှောင်မဲနေတဲ့ တိမ်စိုင်တွေကြား အမြဲလိုလို မိုးသည်းသည်းမဲမဲရွာနေမယ်လို့ ထင်ခဲ့ပေမယ့်လည်း ရုတ်တရက်ကြီး ပေါ်ထွက်လာတဲ့ နေရောင်လေးကြောင့် တိမ်မဲတွေက ခုန်ပေါက်ပြေးသွားပြီး ပတ်ဝန်ကျင်းကလည် ထင်းလင်းလာခဲ့တယ်"
