#Unicode
{ လွန်ခဲ့တဲ့တစ်လ လူ့ပြည် }
"ဟုတ်ပြီငါနဲ့အလောင်းအစားလုပ်ချင်တယ်ပေါ့"
"ဟုတ်ပါတယ်"
အနက်ရောင် ဝတ်စုံအား အပေါ်မှထပ်ကာ အနီရောင်ဝတ်ရုံလွှမ်းခြုံလို့ထားသည့်လူ၏စကားအား ထောက်ခံလို့လာသည့် အိုမင်းရင့်ရော်နေပြီဖြစ်သော ပတ်ချီဂယောင်း။ထို့နောက် ပတ်ချီဂယောင်းဆိုသည့်အဘိုးအိုက အားလုံးကိုအပိုင်တွက်ထားသည့်ဟန် အသေအချာပြောလာသည်။
"ကျနော်မျိုးအနိုင်ရခဲ့ရင်ဆုတောင်းတစ်ခုဖြည့်ဆည်းပေးပါ"
ဆေးလိပ်သဏ္ဍာန်ခပ်ရှည်ရှည်သစ်သားတုတ်ချောင်းအားရှိုက်ကာအရသာခံလို့နေသည့်ထိုလူက အဘိုးအို၏စကားကြောင့် မျက်ခုံးပင့်သွားသည်။
"မပြည့်တဲ့ဆုကိုတောင်းပြီးဘာလုပ်ဖို့လဲ"
အဘိုးအို၏စကားအား ခပ်ပေါ့ပေါ့ပင်ပြောလို့လာသည့် ထိုလူက ပိုင်ပိုင်နိုင်နိုင်ပြုံးကာပင်ကြည့်လို့နေပြီးထပ်မံစကားသံထွက်မလာသည့်
အဘိုးအို၏ပုံစံကြောင့် စကားဆက်လိုက်သည်။
"ဟုတ်ပါပြီ ဆုတောင်းကိုနားထောင်ပေးလိုက်လို့အခကြေးငွေကုန်တာမှမဟုတ်ပဲ ဆိုစမ်းပါဦး"
ထပ်မံစကားဦးသန်းပေးလာသည့် ထိုလူကြောင့် အဘိုးအိုက ကျေနပ်လို့သွားပြီး ထိုလူအား ခပ်စေ့စေ့ကြည့်ကာ
"လူအိုကြီးရဲ့အသက်ကိုတိုးပေးဖို့ပါ"
*ကတိပေးထားတဲ့အတိုင်းသူ၏အသက်ကို ကြက်နှစ်ကနေ နွားနှစ်အဖြစ်ပြောင်းလဲလိုက်သည်*
လူ့သက်တမ်းများအား မှတ်လို့ထားသည့် စာအုပ်ကြမ်းပေါ်ရှိ စာမျက်နှာပြင်ထက်မှ မွေးနှစ် မွေးလ မွေးရက်နှင့် အမည်နာမအား တစ်ချက်ကြည့်ပြီး ရှည်ရှည်သွယ်သွယ်လက်ဖဝါးအားဖြန့်လိုက်သည်နှင့်အလင်းတန်းများဖြာထွက်လို့လာပြီး ကြက်နှစ်မှနွားနှစ်သို့ ပြောင်းလဲလိုက်သည်။
လူ့အသက်အားမျက်စိတစ်မှိတ်အတွင်းပြောင်းလဲပေးလိုက်သည့်ထိုလူက
အဘိုးအို၏သက်တမ်းအားပြောင်းလဲပြီးတဲ့နောက် မျက်နှာအား ယပ်တောင်ဖြင့်တဖြတ်ဖြတ်ခပ်ကာ ကာလိုက်ပြီး အဘိုးအိုအားတစ်ချက်စိုက်ကြည့်လိုက်သည်။
YOU ARE READING
The Ghost's Nocturne
Horror#Unicode အဲ့လိုကိစ္စလေးနဲ့ အဖေနဲ့သားရဲ့အသက်ကိုလဲလိုက်တယ်လို့ပြောချင်တာလား ဝိညာဥ်လိုက်ပို့သူတွေမင်းကြောင့်ဘယ်လိုပြသနာမျိုးကြုံခဲ့ရလဲဆိုတာသိလား ချီးပဲကွာ လူသားရဲ့အသက်လောက်နဲ့ရေးကြီးခွင်ကျယ်လုပ်နေတယ် ထပ်ပြီးတော့မင်းရဲ့ရိုင်းဆိုင်းမှုတွေကိုကျော်မသွားပေး...
