မနက်ဖြန်မှာ Nut နဲ့ Hong ချိန်းတွေ့ဖို့ လုပ်ထားကြတယ်။
Nut က Hong ကို စာပို့ပြီး ဘယ်ကို သွားချင်လဲလို့ မေးလိုက်တော့ Hong က အနည်းငယ် စဉ်းစားပြီးမှ ရုပ်ရှင်ရုံကို သွားကြမယ်လို့ ပြန်ဖြေလိုက်တယ်။
အဲဒါနဲ့ သူတို့ နှစ်ယောက် ရုပ်ရှင်ရုံမှာ ချိန်းတွေ့ဖို့ လုပ်လိုက်ကြတော့သည်။
နောက်နေ့ကျတော့ Nut က ရုပ်ရှင်ရုံနားက ကော်ဖီဆိုင်မှာ Hong ကို စောင့်နေတယ်။
Hong ရောက်လာတော့ ပေါ့ပါးတဲ့ ရှပ်အင်္ကျီအဖြူလေးနဲ့ ချစ်စရာ ကြောင်ပေါက်ကလေးလိုပဲ။ Hong က သူ့ကို မြင်တော့ မျက်နှာလေး ရှက်ရွံပြီး ရဲတက်လာတယ်။
“လာလေ ကလေးလေး။ ဒီမှာထိုင်”
Nut က Hong ကို ခေါ်လိုက်တော့ Hong ရဲ့ မျက်နှာလေး ပိုပြီး ရဲသွားတယ်။
“ကလေးလေး မဟုတ်ပါဘူး။ ကျွန်တော် နာမည်ရှိတယ်လေ”
“အင်း.. သိပါတယ်။ ဒါပေမဲ့ မင်းက ချစ်စရာကောင်းတဲ့ ကလေးလေးလိုပဲလေ။”
Hong က ဘာမှ ပြန်မပြောဘဲ ခေါင်းလေး ငုံ့ထားလိုက်တယ်။ Nut က Hong ရဲ့ ရှက်နေတဲ့ ပုံစံလေးကို ကြည့်ပြီး သဘောကျနေတော့သည်။
“ဟိတ်.. ဘာလို့ ဒီလောက်တောင် ရှက်နေတာလဲ။ အဲ့ဒါ မင်းရဲ့ ပထမဆုံးချိန်းတွေ့မှုလား”
“ဟုတ်တယ်phi”
Hong က အသံ တိုးတိုးလေးနဲ့ ပြန်ဖြေလိုက်ပြီး Nut ရဲ့ မျက်လုံးတွေက အပြုံးတွေနဲ့ ပြည့်နေတယ်။
Hong ရဲ့ မျက်နှာလေး ပိုပြီး နီရဲလာတယ်။ Nut က Hong ရဲ့ လက်လေးကို ယူပြီး ဖွဖွလေး ဆုပ်ကိုင်ထားလိုက်သည်။
“မင်းအတွက်က အရာအားလုံးက အသစ်ဖြစ်နေနိုင်တယ်။ ငါလည်း အဲဒါတွေကို လက်ခံပေးမှာပါ။ ဒါပေမဲ့ ငါက မင်းအတွက် နွေးထွေးတဲ့ အရာတွေကိုပဲ ဖန်တီးပေးချင်တာ မင်းရဲ့ ဘဝမှာ အကောင်းဆုံးတွေပဲ ပေးချင်တာ။”
Nut ရဲ့ စကားတွေက Hong ရဲ့ နှလုံးသားကို နွေးထွေးစေတယ်။
Hong က Nut ရဲ့ လက်ကို ခိုင်ခိုင်မြဲမြဲ ဆုပ်ကိုင်လိုက်ပြီး
"ကျွန်တော်တို့ ရုပ်ရှင် သွားကြည့်ရအောင်လေphi"
Hong က ရုပ်ရှင်ကြည့်နေရင်း Nut ရဲ့ရင်ခွင်ထဲမှာ ထိုင်နေတယ်။ သူတို့ လက်တွေက တစ်ယောက်နဲ့ တစ်ယောက် ဆုပ်ကိုင်ထားတယ်။
Nut က တစ်ချက်တစ်ချက် Hong ရဲ့ နဖူးလေးကို နမ်းလိုက်တယ်။ Hong က ရှက်သွားပြီး
"phi ဘာလုပ်တာလဲ။"
"အချစ်ခံရတာကို မကြိုက်ဘူးလား Hong ကလေးလေး။"
"ကြိုက်တယ်။ဒါပေမဲ့ကျွန်တော်ရှက်တယ်လေ phi nut"
Nut က ရုပ်ရှင်ကို မကြည့်ဘဲ Hong ရဲ့ မျက်နှာလေးကို ငေးကြည့်နေတယ်။
Hong က "phi ရုပ်ရှင် ကြည့်လေ" လို့ ပြောလိုက်တယ်။
"ငါ့အတွက်တော့ မင်းက ရုပ်ရှင်ထက် ပိုစိတ်ဝင်စားဖို့ ကောင်းတယ်"
Hong က ပြုံးလိုက်ပြီး "ကျွန်တော် phi ကို အရမ်းချစ်တယ်နော်"
"ကိုယ်လဲ hong ကိုအရမ်းချစ်ပါတယ်ဗျာ"
Nut ရဲ့ မျက်နှာက ပျော်ရွှင်မှုတွေနဲ့ ပြည့်နေတယ်။ Nut က Hong ကို ရင်ခွင်ထဲ ဆွဲသွင်းပြီး ဖက်ထားလိုက်သည်။
သူတို့ နှစ်ယောက် အချစ်ကို စတင်ပြီး ယုံကြည်လာကြလေပြီ။
တစ်ခါတစ်လေကျအချစ်ဆိုတာကမထင်မှတ်ထားတဲ့အချိန်မှာလူတစ်ယောက်ကိုနင့်နင့်နဲနဲချစ်မိသွားနိုင်လေသည်။
ကိုယ်ချစ်တဲ့လူကကိုယ့်ကိုပြန်ချစ်လာတာကတော့ကံအကောင်းဆုံးဆုလာဘ်တစ်ခုပေါ့
_________________________________________
The End~~
#Have a good day
#G(ဂျီ)
YOU ARE READING
The Day I Learned Love Exists
Fanfictionအချစ်ဆိုတာကိုမယုံခဲ့တဲ့ကောင်လေးတစ်ယောက် love at first sight ဖြစ်သွားသောအခါ
