"ဟေ့၊ မင်းတို့ကြားပြီးပြီလား၊ ကိုယ်တွေ တောရဲ့ အမြင့်ဆုံးနေရာမှာ ဟိုတယ်အသစ်ကြီး ဖွင့်လိုက်ပြီတဲ့။
ရှုခင်းတွေကလည်း တအားလှတယ်.. ကြားတယ်!"
သစ်သီးတစ်လုံးကို ကိုင်ထားတဲ့ ရှဉ့်ကလေးက စိတ်လှုပ်ရှားစွာနဲ့ ဒီ သတင်းကို တတွတ်တွတ် ဖောက်သည်ချနေတယ်။
"အဲဒါများ ငါမသိပဲ နေမလား!"
သစ်တောက်ငှက်က မျက်စောင်းတစ်ချက်ထိုးရင်း....
"ကြားရုံတင်မကဘူး၊ ငါကိုယ်တိုင်တောင် သွားကြည့်ခဲ့ပြီးပြီ!"
"တကယ်လား?"
သမင်မလေးက လည်ပင်းကို ဆန့်ပြီး မျှော်လင့်တကြီး မေးလာသည်
"ငါလည်းသွားချင်တာ။ ဒါပေမဲ့ ဘေးအိမ်က ဝက်ဝံလေးပြောတာတော့ တော်တော်ဈေးကြီးတယ်တဲ့။
ပျားရည်နှစ်အိုးတောင် တစ်ညတည်းခိုဖို့အတွက် မလောက်ဘူးလို့ ပြောတယ်။"
"ဈေးကတော့ ကြီးတာပေါ့လေ"
"ဒါပေမဲ့ ပေးရတဲ့ ဈေးနဲ့ တန်ပါတယ်၊
အရမ်းကို ဇိမ်ကျတာ။ ဝန်ဆောင်မှုပေးတဲ့သူတွေတောင် သစ်တောထဲမှာ အလှဆုံး ခိုဖြူလေးတွေပဲတဲ့!"
"ငါကြားတာတော့ ဟိုတယ်ပိုင်ရှင်ကလည်း အရမ်းလှပြီး နူးညံ့တဲ့ မြေခွေးတစ်ကောင်ဆို?"
"ဟဲဟဲ၊ ဖွင့်ပွဲနေ့တုန်းက ငါ လှစ်ခနဲတွေ့ခဲ့တယ်"
သစ်တောက်ငှက်က ဂုဏ်ယူဝံ့ကြွားစွာ ပြောလာသည်
"ပြတင်းပေါက်ကတစ်ဆင့် အဝေးကပဲ လှမ်းမြင်လိုက်တာ...
ဒါပေမဲ့... တကယ်ကို ကြည့်လို့ကောင်းသား။"
"ဟမ်?"
သမင်မလေးမှ စိတ်ဝင်တစားနဲ့...
"ဘယ်လိုကြည့်ကောင်းတာလဲ?"
"အင်း..."
သစ်တောက်ငှက် သစ်ပင်ကို သူ့နှုတ်သီးနဲ့ နှစ်ချက်ခေါက်ပြီး စဉ်းစားရင်း...
"ထူးခြားပြီး စိတ်ဝင်စားဖို့ကောင်းတဲ့ ကြည့်ကောင်းမှုမျိုးဗျ...."
"သွားကြည့်ချင်လိုက်တာ" ရှဉ့်ကလေးက သက်ပြင်းချလိုက်တယ်။
ESTÁS LEYENDO
တောကြီးထဲက Hotel H
FanfictionAnother Short Story which featured in the extra part of ABO DESIRE Novel. --- I do not own any story or art. Credit goes to the owners I am just translating this little story.
