"ငါတို့လမ်းခွဲကြမယ် ချွဲဆွန်းချောလ်"
ယွန်းဂျောင်ဟန်စကားကြောင့် ဆွန်းချောလ် မျက်မှောင်ကြုတ်လိုက်မိလေသည်။ သူနှင့် ဂျောင်ဟန် အခုတလော သိပ်အဆင်မပြေတာတွေရှိသော်လည်း လမ်းခွဲရလောက်သည်ထိမဟုတ်ဟု သူတွေးမိလေသည်။ လမ်းလည်းမခွဲပေးနိုင်ပါ။
"မခွဲပေးနိုင်ဘူး ဟန်နီ ဘာကိစ္စနဲ့ လမ်းခွဲပေးရမှာလဲ ငါတို့ကြားမှာ လမ်းခွဲရလောက်တဲ့ထိဘာပြဿနာရှိလို့လဲ"
"မင်းကိုယ်တိုင်ကမှ အဲတာကိုပြဿနာလို့မတွေးမိတာ ငါပြောရင်ကောမင်းကလက်ခံမှာမလို့လား"
ယွန်းဂျောင်ဟန်၏ပြန်ဖြေသံကအေးစက်စက်။
"အဲတာငါ့ကိစ္စ အကြောင်းရင်းကိုတော့မင်းပြောမှရမယ်"
"ဟုတ်ပြီလေ အဲလိုဆိုတော့လည်းပြောတာပေါ့"
ယွန်းဂျောင်ဟန်၏အဖြေစကားကြောင့် သူလေးလေးနက်နက်နားစိုက်နေမိ၏။
"မင်းရည်းစားဟောင်းကို အိမ်ပေါ်ခေါ်တင်ထားတဲ့ကိစ္စ"
ထိုစကားကိုကြားတော့ ချွဲဆွန်းချောလ် ပို၍မျက်မှောင်ကြုတ်မိသွား၏။ ဟန်နာကသူ့ရည်းစားဟောင်းဆိုတာမှန်သော်လည်း အခုချိန်မှာတော့ သူငယ်ချင်းတစ်ယောက်သာ။ ဟန်နာကသူ့ငယ်သူငယ်ချင်း၊ တွဲခဲ့တာ တစ်နှစ်၊ အခုပြတ်ခဲ့တာပင် ၅နှစ်ကျော်ပြီဖြစ်လေသည်။
ပြီးတော့အခုအိမ်ပေါ်ခေါ်တင်ထားတဲ့ကိစ္စကလည်း အမှန်ပြောရရင် ငယ်သူငယ်ချင်းတစ်ယောက်ခက်ခဲနေတဲ့အချိန်မှာ ကူညီလိုက်ရုံသက်သက်သာ။ ဟန်နာ့ရဲ့ရည်းစားက ဟန်နာကို ကိုယ်ထိလက်ရောက်ရိုက်နှက်တဲ့အပြင် ကိုယ်ဝန်ရှိနေတာကိုလည်း တာဝန်မယူလို့ ပြတ်စဲပြီး ထွက်လာရခြင်း။ ဟန်နာကမိဘမဲ့ တကောင်ကြွက်မလို့ တခုခုဆို အားကိုးစရာကမောင်နှမလိုဖြစ်နေတဲ့ သူတစ်ယောက်သာရှိသည်မို့ သူ့ဆီရောက်လာရခြင်းပင်။
သူ့ဆီအားကိုးပြီးရောက်လာတဲ့သူတစ်ယောက်ကိုပစ်ပစ်ခဲခဲမလုပ်ရက်၊ ထို့အပြင် သွေးနုသားနုနဲ့မို့ ကူညီပေးထားခြင်းဖြစ်လေသည်။ ထိုဟန်နာ့ရည်းစားဆိုသူအား တရားစွဲရန်ပြောသော်ငြား ဟိုဘက်မိဘအသိုင်းအဝိုင်းကငွေရှိလူတန်းစားမို့ ရှုံးဖို့သေချာနေတဲ့တိုက်ပွဲကို ဝင်မတိုက်ချင်တော့ဟုဆိုသည်။ သူ့ကလေးရှေ့ရေးအတွက်သာကြည့်လို့၍ အခုလက်ရှိလည်း အချိန်ပိုင်းအလုပ်တွေရှာလုပ်ကာ ပိုက်ဆံစုနေခြင်းဖြစ်လေသည်။ အိမ်ရှာရန်ငွေစုနေခြင်းဖြစ်ပြီး ပြေလည်ပါက ချက်ချင်းပြောင်းမည်ဖြစ်လေသည်။ ဒါတွေကိုရှင်းပြပြောပြထားပါရက်နဲ့ ဘာလို့ပြဿနာရှာနေပြန်တာလဲ ဆွန်းချောလ်နားမလည်တော့။
YOU ARE READING
Sunset
Fanfiction"အဲလိုခံစားစရာဘာရှိလဲ ဟန်နီရာ ဟန်နီ့ကိုငါချစ်တာ ဟန်နီသိနေတာပဲမလား လူတွေအပြောကိုဘာတွေးစရာလိုလို့လဲ" -scoups "မင်းကအခုထိနားမလည်သေးဘူးပဲဆွန်းချောလ် ငါစကားအရှည်ကြီးပြောသွားပေမယ့် မင်းကတော့ အခုထိနားမလည်ဘူး" -jeonghan - ကြီးကြီးမားမားပြဿနာမဟုတ်ဘူးလို့ထင်ခ...
