ဟယ်လို ဟယ်လို နိုရာပါ။ ပြန်လာပါပြီရှင်။
ဒီတစ်ခေါက်မှာတော့ နိုရာ့အနေနဲ့တစ်ခါမှမရေးဖူးတဲ့ပုံစံလေးကို အတူခေါ်ဆောင်လာခဲ့ပါတယ်။ fic nameက မြန်မာနာမည်လေးဆိုတဲ့အတိုင်း ဒီတစ်ခေါက် ficလေးကလဲ မြန်မာ့ယဉ်ကျေးမှုအပြည့်အဝပါဝင်နေပါမှာ။
ဟုတ်ပါတယ်။ နိုရာ GemFot fanficကိုမှ
မြန်မာမှုအနေနဲ့ပြောင်းလဲပြီးရေးသွားမှာပါ။
Fanficကို မြန်မာမှုပြောင်းပြီးရေးမယ်ဆိုတော့
နိုရာ့ဘက်ကနေ တက်နိုင်သမျှ GemFot vibeလေးကို မပျောက်သွားအောင်လို့ ပြုလုပ်ထားပါတယ်ရှင်။
Gemfotကို မြန်မာမှုပြောင်းထားတာဖြစ်တာကြောင့် သဘောကျတဲ့သူလဲရှိမယ် သဘောမကျတဲ့သူလဲရှိမယ်ပေါ့နော်။ အဲ့တော့ စာဖတ်သူတွေအနေနဲ့ဒီဟာကို လက်ခံနိုင်တယ် သဘောကျတယ်ဆိုမှဖတ်ပေးဖို့အတွက် အကြုံပြုချင်ပါတယ်ရှင်။
Ficကိုတော့ ဓားတွေအများကြီးမပါပဲနဲ့ အညာဓလေ့ရိုးရိုးအေးအေးလေးဖြစ်ပြီး အနည်းငယ်ဟာသဓာတ်ကလေးတွေပါဝင်နေတဲ့ plotမျိုးဖြင့် နိုရာစဉ်းစားထားပါတယ်။ Ficထဲမှ ပါဝင်လာမယ့် ကာရိုက်တာနာမည်တွေနဲ့ အခြားသောအရာတွေကို နိုရာဘက်ကသေချာစဉ်းစားထားပြီး research တွေအများကြီး လုပ်ထားတာကြောင့် ဖတ်ရတာအကျိုးရှိစေမယ်လို့ နိုရာမျှော်လင့်ပါတယ်။
အညာဓလေ့လေးဆိုတော့ နိုရာက အိမ်တွင်းပုန်းတစ်ယောက်ဖြစ်ပြီ ရန်ကုန်တောင်နှံ့နှံ့စပ်စပ်မရောက်ဖူးတာကြောင့် တစ်ချို့သော နေရာလေး အသုံးအနှုန်းတွေကို နိုရာအွန်လိုင်းပေါ်ကနေတစ်ဆင့်ပဲရှာကြည့်ခဲ့ပါတယ်။ မှားတာရှိရင် အသုံးအနှုန်းလွဲသွားတာရှိရင် ယူတို့လေးတို့က စိတ်တိုင်းကျထောက်ပြနိုင်ကြောင်းပါရှင်။
အဲ့တော့ မနက်ဖြန် အပိုင်းတစ်ကလေးနဲ့အတူ
တွေ့ကြရအောင်။ see you!
#Park_nora7
YOU ARE READING
လက်ပံတို့ဆုံစည်းရာမြေ [ Complete ]
Fanfictionမိုးသောက်မြစ်ဆိုသည့် ရွာကလေးတွင် ဖြစ်သည်။ GEMINI X FOURTH MYANMAR FANFIC
![လက်ပံတို့ဆုံစည်းရာမြေ [ Complete ]](https://img.wattpad.com/cover/401023193-64-k65913.jpg)