🚩အခန်း၁🚩
💘မာနမင်းသားနှင့်ရွှေဖူးစာ💘
"ဝိုင်းလေးရယ်..ညည်းရုပ်ကဘာဖြစ်နေတာလဲ..."
"ဘာဖြစ်ရမှာလဲ..အန်တီလေးရဲ့..မေမေတို့က
ဝိုင်းလေးတစ်ခါမှတောင် မတွေ့ဖူးတဲ့လူနဲ့
ပေးစားချင်နေတဲ့ဥစ္စာကို..အဟင့်..
သေသာသေလိုက်ချင်တော့တယ်..."
မေဝိုင်းလေးတစ်ယောက် မျက်ရည်နဲ့မျက်ခွက်
ဖြစ်နေကာ လက်ထဲမှမြန်မာ၀တ်စုံ
ချိတ်၀မ်းဆက်ကိုလည်း ဆောင့်ကြီး၊အောင့်ကြီးနဲ့ပစ်ချလိုက်သည်။
မျက်နှာကြီးရှုံ့မဲ့ကာသစ်သားခုတင်ပေါ်မှာ
စိတ်ညစ်စွာထိုင်ချလိုက်မိတော့ အန်တီလေးကအနားသို့ရောက်လာလေသည်။
"အမလေး...နင်ယူရမဲ့ယောက်ျားက
ဘောစိပါအေ...တင်မမတို့ကလည်း
ကိုယ့်သမီးကိုယ်တော့
ချောက်ထဲကိုတွန်းမချပါဘူးဟယ်..
ဒီမှာ..အခုကတစ်လ..သုံး၊လေးသိန်းလောက်ပဲ
ရတဲ့အလုပ်လေးကို
ခြေကုန်လက်ပမ်းကျအောင် လုပ်နေရတာ
မဟုတ်ဘူးလား..အမေပေးစားတဲ့ယောက်ျားသာ
ယူလိုက်စမ်းပါအေ..
တစ်ဘ၀စာလုံးအငြိမ်းစားပဲ..
ဟိုကကုန်တိုက်တွေပိုင်တာတဲ့နော်...
ကြိုက်တဲ့ပစ္စည်းကိုသာလက်ညှိုးထိုးလိုက်
ကိုယ့်အရှေ့ကိုရောက်လာပြီးသားပဲ..."
"ဟာ...ဟုတ်သားပဲ...ဝိုင်းလေးမေ့နေခဲ့တာ.."
"ဘာကိုမေ့နေတာတုန်း..."
အကြံပေါင်းစုံလင်းလတ်လာတဲ့ ဝိုင်းလေးရဲ့မျက်၀န်းတွေက အန်တီလေးဆီသို့
အကြည့်ရောက်သွားသည်။
အန်တီလေးက ၀တ်ပုံစားပုံခောတ်ဆန်တာကြောင့် အသက်လေးဆယ့်ငါးနှစ်ဆိုတာထက် ပိုနုနေသည်။
အသက်၂၃နှစ်ရှိပြီဖြစ်တဲ့ ဝိုင်းလေးနဲ့ဆိုရင်
လမ်းအတူထွက်တိုင်း ညီအစ်မတွေလို့တောင် အထင်ခံရပါသေးတယ်။
နောက်ပြီးအန်တီလေးက လုံးကြီးပေါက်လှဆိုတော့ မင်းစက်အာဏာဆိုတဲ့လူ ကျေနပ်လောက်မှာပါ။
"ဟီ...ဟိ..."
"အန်တီလေး..."
"ဘာလဲ...."
"အဲ့ဒီ့ မင်းစက်အာဏာဆိုတဲ့လူကြီးကို
အန်တီလေးယူလိုက်ပါလားဟင်...
သူကလည်းအသက်နှစ်ဆယ့်ခုနှနှစ်ဆိုတော့
အန်တီလေးနဲ့ဆိုရင် သိပ်ကိုလိုက်ဖက်နေမှာပဲနော်...
ယူလိုက်ပါလားဟင်..."
YOU ARE READING
မာနမင်းသားနှင့်ရွှေဖူးစာ
Romance🚩"မရည်ရွယ်ပဲဖြစ်ဖြစ် တမင်လုပ်တာဖြစ်ဖြစ် ငါ့ဥယျာဥ်ထဲက ပန်းကလေးကို လိပ်ပြာလာနားရင်တောင် ငါမကြိုက်ဘူး.. အထုပ်ပြင်ပြီး ဒီအိမ်ထဲကနေသာ ထွက်သွားလိုက်တော့.."🚩 ********************* 🚩မေ့ကို..ကိုယ်မပိုင်ဘူးဆိုတဲ့ စကားမျိုး နောက်တစ်ခါ ထပ်မပြောပါနဲ့ ကိုယ့်က...
