1

186 17 1
                                        

"လမ်းခွဲရအောင်"

"ဘာ..ဘာလို့လဲမမရယ် မောင်ဘာအမှားလုပ်မိလို့လဲ"

"မင်းဘာမှမမှားပါဘူးXin Long
တို့ဘက်ကဒီတိုင်းလမ်းခွဲချင်တာ မင်းနဲ့တို့ရှေ့ဆက်ဖို့ ဘယ်လိုမှမဖြစ်နိုင်ဘူး"

"အကြောင်းပြချက်ကဘာလဲ ပြော မောင့်ဘက်ကတော့ ဘာမှသေချာမသိရဘဲ လမ်းခွဲမပေးနိုင်ဘူးမမ"

"တို့မင်းနဲ့ဆက်မတွဲနိုင်တော့ဘူး မင်းကအခုမှကလေးပဲရှိသေးတယ် ကိုယ့်ခြေထောက်ပေါ်ကိုရပ်တည်နိုင်အောင်အရင်ကြိုးစား တို့မှာကမိသားစုရှေ့ရေးရှိသေးတယ် တို့မိသားစုအတွက်ကြိုးစားရအုံးမယ် ပြီးတော့ တို့လက်ထပ်တော့မယ်"

"မောင်ကြိုးစားမယ်လေဗျာ မောင်မမလိုချင်တဲ့ဘဝရောက်မောင်ထားပေးပါ့မယ် မောင်တောင်းပန်ပါတယ်ဗျာ"

"ဘာပဲဖြစ်ဖြစ် တို့မင်းနဲ့ဆက်မတွဲနိုင်တော့ဘူး တို့တွေဒီမှာပဲလမ်းခွဲကြတာပေါ့"

......................…....………

ရက်စက်လိုက်တာလို့မပြောရက်။သူမကXin Longရဲ့အချစ်ဦး။သူ့အသက်နဲ့ရင်းပြီးတောင်ချစ်ခဲ့ရတာလေ။Yoo Soyeonဆိုတဲ့သူမက မာနသိပ်ကြီးပြီး သိပ်လှတဲ့မိန်းကလေး။သူမရဲ့အချစ်ကိုရဖို့Xin Longဘယ်လောက်တောင်မှကြိုးစားခဲ့ရသလဲ။နှစ်ယောက်သားအဆင်ပြေပြေရှိလာခဲ့တာကိုရုတ်တရက်ကြီးသူမကလက်ထပ်တော့မယ်တဲ့လား။မဖြစ်သင့်ဘူး။Yoo SoyeonကXin Long ရဲ့အပိုင်ပဲဖြစ်သင့်တာလေ။ အဟက်.. ဘယ်ကောင်ကသူတို့ကြားထဲဝင်လာရဲတာလဲ တွေ့ကြသေးတာပေါ့။

______________________________________

"ဥက္ကဌကြီးကိုယ်တိုင်ရောက်လာတာ အားနာလိုက်တာရှင် ကျွန်မတို့ကိုကြိုမပြောဘူး လာကြိုမှာပေါ့"

"မလိုပါဘူး‌ဗျာ နောက်ဆွေမျိုးတွေဖြစ်လာမှာပဲကို"

"ကဲ လာရင်းကိစ္စဆွေးနွေးကြတာပေါ့ သမီးလေးSoyeonဘက်ကရော ဘယ်လိုသဘောရလဲ ဖိုးဖိုးကတော့အမြန်ဆုံးလက်ထပ်စေချင်တယ်ကွယ် ဖိုးရဲ့အသက်လည်းကြီးနေပြီလေ မသေခင်မြစ်ကလေးတွေကိုတွေ့ချင်သေးတယ်ကွဲ့"

"ဟို Soyeonကတော့မိဘတွေသဘောပါပဲဥက္ကဌကြီး မိဘတွေစိတ်ဆင်းရဲအောင်မလုပ်ချင်ပါဘူးရှင် ဒီဘက်ကGeon Woo shiရဲ့ဆန္ဒကိုသာ အရင်မေးလိုက်ပါ"

You've reached the end of published parts.

⏰ Last updated: Aug 27 ⏰

Add this story to your Library to get notified about new parts!

^^Lovely^^Where stories live. Discover now