ယွမ်လီ၏ငယ်ရွယ်သောအသက်ကို ထည့်သွင်းစဉ်းစားပါက သူ၏စွမ်းဆောင်ရည်သည် ချီးကျူးထိုက်ပြီး ၎င်းက ယန်ကျုံးဖာကို သူ၏အရည်အချင်းကို အနည်းငယ်တန်ဖိုးထားစေသည်။​ချူဟယ်ချောင်သည် မြင်းပေါ်မှ ချောမွေ့စွာဆင်းပြီး သူ၏ခြေထောက်ကို မြင်းရိုက်တံဖြင့် ပေါ့ပေါ့ပါးပါးရိုက်လိုက်ပြိးမှ သူပြောလိုက်တယ်
“သူက အဲဒါထက်ပိုပြီး စွမ်းဆောင်နိုင်နေမှာကို ငါကြောက်တယ်”
ဟု လှောင်ပြောင်လိုက်သည်။​ပြောပြီးနောက် သူသည် စံအိမ်ထဲသို့ လျှောက်ဝင်သွားသည်။​ယန်ကျုံးဖာသည် ချူဟယ်ချောင်၏နောက်ကျောကိုကြည့်ပြီး ဗိုလ်ချုပ်က ဒါကို ဘာကိုဆိုလိုတာလဲဟု တွေးမိသည်။​သူ၏မေးစေ့ကို ပွတ်သပ်ရင်း ထိုစကား၏အဓိပ္ပါယ်ကို ခဏတာစဉ်းစားသော်လည်း အဖြေကိုရှာမတွေ့ပေ။ သူမတွေးတော့ပဲလှည့်ပြီး သူအိမ်သို့ ပြန်သွားရန် ဆုံးဖြတ်လိုက်သည်။​ယွမ်လီသည် စံအိမ်တွင် တစ်ရက်နားပြီး နောက်နေ့တွင် သူသည် သခင်မယန်က လာရှာပြီး အိမ်တော်ကို စီမံခန့်ခွဲရန် တာဝန်ပေးအပ်ခြင်းခံခဲ့ရသည်။​ငြင်းဆန်၍မရသောကြောင့် ယွမ်လီသည် ယာယီတာဝန်ယူလိုက်သည်။ ချူဝမ်စံအိမ်၏ စာရင်းစာအုပ်များကို စစ်ဆေးရန် နေ့တစ်တစ်ဝက်ကြာခဲ့ပြီးနောက် သူတွေ့ရှိခဲ့သော ဘဏ္ဍာရေးရှုပ်ထွေးမှုကြောင့် အံ့အားသင့်သွားသည်။​လော့ယန်ရှိ ချူဝမ်စံအိမ်တွင် ဆိုင်များနှင့် လယ်ယာများစွာပိုင်ဆိုင်ပြီး ၎င်း၏အိမ်ခြံမြေများမှ နှစ်စဉ်အခွန်ဝင်ငွေများရှိသည်။ ယုတ္တိတန်စွာပြောရလျှင် ၎င်းသည် ငွေကြေးအခက်အခဲမရှိဘဲ ချမ်းသာပြီး ကြွယ်ဝသော အိမ်တော်တစ်ခုဖြစ်သင့်သည်။ သို့သော် စာရင်းစာအုပ်များကို စစ်ဆေးကြည့်သောအခါ ယွမ်လီသည် ချူဝမ်စံအိမ်တစ်ခုလုံးတွင် လစ်လပ်မှုများစွာရှိနေပြီး နှစ်စဉ်အခွန်ဝင်ငွေများကို ယိုကျိုးရှိ ဒေသခံအင်အားကြီးပုဂ္ဂိုလ်များနှင့် အကျင့်ပျက်အရာရှိများက အလွဲသုံးစားလုပ်နေပြီး ကြွယ်ဝမူသည်အပေါ်ယံသာ ဖြစ်နေကြောင်း သူသဘောပေါက်လိုက်သည်။ပူနွေးသောလက်ဖက်ရည်တစ်ခွက်သောက်ပြီးနောက် ယွမ်လီသည် ထရပ်ပြီး စာရင်းစာအုပ်များကို ယူကာ သခင်မယန်ကို သွားရှာသည်။ သူသည် ချူဝမ်စံအိမ်၏အခြေအနေအား သူမကိုအမှန်တိုင်းပွင့်လင်းစွာပြောပြသည်။​သူအံ့အားသင့်ရသည်မှာ သခင်မယန်က တည်ငြိမ်နေဆဲဖြစ်သည်။ သူမသည် ယွမ်လီ၏လက်ကို ကိုင်ပြီး သူ့ကို ထိုင်ခိုင်းသည်။
“လိမ္မာတဲ့ကလေး၊ ဒီစာရင်းစာအုပ်တွေကို စစ်ဆေးရတာ မင်းအတွက် ခက်ခဲခဲ့မှာပဲ။ မင်းရဲ့ဉာဏ်ရည်နဲ့ဆိုရင် ဒီပြဿနာတွေကို မင်းဖြေရှင်းနိုင်လိမ့်မယ်လို့ အမေထင်တယ်”​သူမသည် ညင်သာစွာသက်ပြင်းချသည်၊ “ဖုန်းအာ ဖျားကတည်းက အိမ်ကို စီမံခန့်ခွဲဖို့ စိတ်ဆန္ဒမရှိတော့ဘူး၊ အခြေအနေတွေက ပိုဆိုးလာတယ်။ လီအာ၊ မင်းမှာ ကြီးမားတဲ့ရည်မှန်းချက်တွေရှိပြီး ဒိစံအိမ်မှာ အကြာကြီးနေမှာမဟုတ်ဘူးဆိုတာ အမေသိတယ်။ ဒါပေမဲ့ မျိုးရိုးမြင့်အိမ်တော်တစ်ခုကို စီမံခန့်ခွဲဖို့ကြိုးစားတာကလည်း မင်းအတွက် အကျိုးရှိနိုင်တယ်။ မင်းက ချမ်းသာတဲ့မိသားစုတွေနဲ့ လေးစားရတဲ့ပညာရှင်တွေကိုဆက်ဆံရေးလုပ်ချင်ရင် သူတို့ဘာစားတယ်၊ ဘာဝတ်တယ်၊ နေ့တိုင်း ဘာလုပ်တယ်၊ ဘယ်လိုအကြောင်းအရာတွေကို ဆွေးနွေးတယ်ဆိုတာ မင်းသိရမယ်။ အမေပြောတာမှန်တယ်မလား၊ ကလေး?”​
ယွမ်လီသည် ပြုံးပြီး သူ၏နှုတ်ခမ်းများကို စေ့ထားသည်။ “သခင်မပြောတာ မှန်ပါတယ်”​သခင်မယန်က ညင်သာစွာပြောသည်၊
“ဒီစာရင်းစာအုပ်တွေကနေ အခွန်ဝင်ငွေတွေကို အမေတို့ ဖြေရှင်းစရာမလိုပါဘူး။ စံအိမ်ကို ကောင်းကောင်းမွန်မွန် စီမံခန့်ခွဲထားနိုင်ရင် ကြီးမားတဲ့အကူအညီဖြစ်လိမ့်မယ်”​
ယွမ်လီသည် ထက်မြက်သောလူဖြစ်ပြီး သခင်မယန်၏ ဆိုလိုရင်းကို နားလည်သည်။ သခင်မယန်ကလည်း သူတို့သည် လော့ယန်နှင့် ယိုကျိုးနှင့်ဝေးကွာနေသည်ကို သိပြီး အကျင့်ပျက်အရာရှိများကို အပြစ်ပေးဆုံးမလိုစိတ်ရှိရင်တောင် လုပ်ဆောင်ရန်နည်းလမ်းမရှိဘဲ ၎င်းကို လက်ခံရုံသာရှိသည်။​ယွမ်လီသည် ခေါင်းညိတ်ပြီး သွက်လက်စွာပြောသည်၊
“စံအိမ်မှာ ကျွန်ဟောင်းတွေနဲ့ အိမ်တော်မှာ မွေးဖွားတဲ့ ကလေးတွေ အများကြီးရှိတယ်။ ကျွန်တော်က လူသစ်တစ်ယောက်အနေနဲ့ သူတို့ကို ကိုင်တွယ်ဖို့ မသင့်တော်ဘူးလိုထင်မှာကိုကျွန်တော် စိုးရိမ်ပါတယ်”
သခင်​မယန်၏အသံသည် မှိန်ဖျော့သော်လည်း ခိုင်မာသည်။
“မင်း လုပ်ချင်တာကို လုပ်လိုက်ပါ။ ဘယ်သူက ကန့်ကွက်ရဲလဲဆိုတာ အမေကြည့်ရအောင်”
သခင်​မယန်၏ပံ့ပိုးမှုဖြင့် ယွမ်လီသည် သူ၏ကြိုးစားအားထုတ်မှုများကို အစွမ်းထုတ်ဖော်ပြပြီး ချူဝမ်စံအိမ်ကို ပြင်ပနှင့်အတွင်းပိုင်းနှစ်ခုလုံးတွင် လျင်မြန်စွာ ပြုပြင်ပြောင်းလဲမှုစတင်သည်။​ရက်အနည်းငယ်အတွင်း အိမ်တော်ရှိ သခင်အမျိုးမျိုးသည် အပြောင်းအလဲများကို ရှင်းရှင်းလင်းလင်းခံစားရသည်။​စံအိမ်ရှိ အစေခံများသည် ပို၍ကြိုးစားလာပြီး သူတို့၏သတ်မှတ်ထားသောလုပ်ငန်းများပြီးနောက် အခြားခြံဝင်းများတွင် လှည့်လည်သွားလာခြင်းမရှိတော့ပေ။ သူတို့သည် ခေါင်းကိုငုံ့ထားပြီး စည်းမျဉ်းစည်းကမ်းများကိုလိုက်နာကာ အလုပ်ကြိုးစားကြသည်။ စံအိမ်၏ထောင့်တိုင်းသည် သန့်ရှင်းပြီး စနစ်တကျဖြစ်လာသည်။ ဆိုင်များနှင့် လယ်ယာများ၏မန်နေဂျာများသည် ကြိုးစားလုပ်ကိုင်ပြီး သူတို့၏စာရင်းစာအုပ်များကို လေးစားစွာတင်ပြကြသည်။​ပထမတစ်ချက်ကြည့်လိုက်ရုံနဲ ချူဝမ်စံအိမ်သည် အသက်ပြန်ဝင်လာပုံရသည်။​ချူဝမ်သည် နံနက်စာစားနေစဉ်တွင်ပင် ကောင်းမွန်စွာလုပ်ဆောင်နေစွမ်းဆောင်နေသော အစေခံများကို

မြင်တဲ့အခါ သူသည် သခင်မယန်ကို “ရှင်မ၊ကိုယ်တို့မိသားစုက အရည်ချင်းရှိိတဲ့ ချွေးမကို လက်ထပ်ခ်ိုင်းခဲ့တာပဲ” ဟု တိတ်တဆိတ်ပြောမိသည်။​သခင်မယန်သည် သူမ၏နှုတ်ခမ်းများကို ဖုံးအုပ်ပြီး ပြုံးသည်။
“သခင်ကြိး၊ လီအာကို အဲဒီစကားတွေ မကြားစေပါနဲ့”
​ချူဝမ်သည် သူ၏မုတ်ဆိတ်ကို ထိလိုက်ပြီး “ငါသိပါတယ်” ဟု တီးတိုးပြောလိုက်သည်။​ချူဝမ်စံအိမ်ကို အောင်မြင်စွာပြုပြင်ပြောင်းလဲပြီးနောက် ယွမ်လီသည် စီမံခန့်ခွဲမှုကို သခင်မယန်ထံသို့ ပြန်လည်အပ်နှံရန် ဆုံးဖြတ်လိုက်သည်။ သို့သော် ထိုနေ့၏မနက်ပိုင်းတွင် သူ့ခြံဝင်းထဲမှမထွက်သည် ချူမင်ဖုန်းထံမှ သူ၏ “ဇနီး” ယွမ်လီကို တွေ့ဆုံလိုကြောင်း အကြောင်းကြားမူတစ်ခု လက်ခံရရှိလိုက်သည်။

ပြန်ပေးဆွဲခံရပြိးနောက်Where stories live. Discover now