“စာအုပ်တွေလား?”
ယွမ်လီသည် အံ့အားသင့်သွားပြီး ၎င်းတို့ကိုယူရန် အလျင်အမြန်လက်ဆန့်လိုက်သည်။မြောက်ပိုင်းကျိုးမင်းဆက်တွင် စာအုပ်များသည် ရွှေနှင့်ငွေရတနာများထက် ရရှိရန် ပို၍ခက်ခဲသည်။ ဗဟုသုတနှင့် ဂန္ထဝင်စာပေအများစုကို ပညာရှင်များနှင့် မျိုးရိုးမြင်အရာရှိများက လက်ဝါးကြီးအုပ်ထားသည်။ သူတစ်ပါးကို စာအုပ်များပေးခြင်းသည် သဘောထားကြီးမားမူကိုဖော်ပြတဲ့အရာတစ်ခုအဖြစ် သတ်မှတ်ထားကြသည်။ဤစာအုပ်များကို အဝတ်ဖြင့်တင်းကျပ်စွာ ထုပ်ပိုးထားသည်မှာ ၎င်းတို့၏အဖိုးတန်မှုကို ဖော်ပြသည်။ ယွမ်လီသည် မြင့်မားသောမျှော်လင့်ချက်များနဲ့ မြန်ဆန်စွာလှမ်းမယူပဲနေနိုင်ပေ။သူသည် ထိုအရာများကို ရှားပါးစာအုပ်များဖြစ်ပါစေဟု တိတ်တဆိတ်ဆုတောင်းသည်။မကြာမီတွင် အဝတ်ကို ဖြည်လိုက်ပြီး ယွမ်လီသည် စာအုပ်များကို စိတ်အားထက်သန်စွာ ကြည့်လိုက်မိသည်နှင့်သူ၏အပြုံးသည် ချက်ချင်းခဲသွားသည်။စာအုပ်များ၏ခေါင်းစဉ်များမှာ
“ဝက်မများ၏ မွေးဖွားပြီးနောက် စောင့်ရှောက်မှု၊”
“ဝက်မများအတွက် အထွက်နှုန်းမြင့်မားသောမွေးမြူရေးနည်းပညာများ၊” နှင့်
"ခေတ်သစ်အဆင့်မြင့် တိရစ္ဆာန်မွေးမြူရေးနည်းပညာများဆိုင်ရာ ဘက်စုံလမ်းညွှန်”
တို့ဖြစ်သည်။
ယွမ်လီ: “…”
ကော်လင်သည် “သခင်လေး?”ဘာဖြစ်လိုလဲ ဟု မေးလာသည်။
ယွမ်လီသည် အသက်ပြင်းပြင်းရှူလိုက်ပြီး “ ကျေးဇူးပြုပြိး ခဏလောက်ထွက်သွားပါ”
ဟု ပြောလိုက်သည်။ဤစနစ်အစွမ်းသည် အံ့မခန်းပင်။ဒါကြောင့်
“ကိုယ့်ဘာသာကိုယ် ရှာဖွေပါ” ဆိုတာ ဒါကိုဆိုလိုတာပဲ။ ကုန်ပစ္စည်းအစုအဝေးကို ပြောင်းရွေ့ပြိးနောက် စနစ်က ဆုလာဘ်ကို ယုတ္တိတန်စွာနှင့် အမှန်ပင်သူ၏လက်ထဲသို့ ပို့ဆောင်ပေးခဲ့သည်။ယွမ်လီသည် စိတ်မချမ်းမြေ့စွာနဲ့စာအုပ်များကိုဖွင့်ပြီး တစ်ချက်ကြည့်လိုက်သည်။ သို့သော် ဖတ်နေရင်းအံ့အားသင့်စရာများကြောင့် သူသည် သတိမထားခင်မှာမသိစိတ်ကပင် ၎င်းတို့ထဲသို့ နစ်ဝင်သွားသည်။ သူ ဖတ်လေလေ ပိုပြိးစိတ်ဝင်စရာများပါဝင်လာလေဖြစ်သည်။ သူသည် ထပ်ခါတလဲလဲ ခေါင်းညိတ်ပြီး တစ်ခါတစ်ရံ စဉ်းစားဟန်အမူအရာဖြင့်ငေးမော်းနေသည်။ခေါင်းစဉ်များသည် ခေတ်မီဆန်းပြားပုံမရသော်လည်း အကြောင်းအရာသည် တကယ်ထိရောက်သည်!ယွမ်လီ ဆက်ဖတ်နေစဉ်တွင် ဝက်တစ်ကောင်ကို မွေးဖွားရာတွင် ကူညီပေးရသည့် ခံစားချက်ကို ကိုယ်တိုင်တွေ့ကြုံခံစားလိုစိတ်ပင် ဖြစ်လာသည်။
နေထွက်လာသောအခါ ယွမ်လီသည် စာအုပ်များကို ပိတ်ရမှာနှမျှောစွာဖြင့်မလိုမလား သိမ်းလိုက်သည်။
ချူဟယ်ချောင်နှင့် သူ၏အဖွဲ့နှင့်အတူ လော့ယန်သို့ပြန်သည့်လမ်းပေါ်သို့ ထွက်ခွာလာသည်။ခရီးတွင် ပျင်းရိစရာကောင်းနေသောကြောင့် သူသည် စိတ်ဝင်စားစရာကောင်းသော ခေါင်းစဉ်တစ်ခုကို တွေ့ရှိပြီး ယန်ကျုံးဖာကို
“ဗိုလ်ချုပ်၊ ခင်ဗျား လော့ယန်ကိုပြန်လာတာ ဘယ်သူ့ကိုမှ ခေါ်မလာခဲ့ဘူးလား?”
ယွမ်လီ မေးလိုက်သည်။ယန်ကျုံးဖာသည် ပြုံးပြီး “ဘယ်လိုလုပ် ဘယ်သူ့ကိုမှ မခေါ်လာဘဲနေမလဲ? ကျွန်တော်တို့ ဒီတစ်ခါ မြင်းစီးတပ်သားတစ်ထောင်ကို ခေါ်လာခဲ့တယ်!” ဟု ပြန်ဖြေသည်။မြင်းစီးတပ်သားတစ်ထောင်သည် နည်းပါးပုံရသော်လည်း ၎င်းသည် ကြီးမားသောတပ်ဖွဲ့တစ်ခုဖြစ်သည်။ ချူဟယ်ချောင်သည် မြို့တော်သို့လာရောက်ပြီး ဆန်ရိက္ခာတောင်းခံကာ မြောက်ပိုင်းနယ်စပ်သို့ တိုက်ရိုက်ပြန်လည်ပို့ဆောင်ရန် ရည်ရွယ်ခဲ့ပုံရသည်။ ထို့ကြောင့် သူတို့သည် လူများစွာကို လော့ယန်သို့ ပြန်ခေါ်လာခြင်းဖြစ်သည်။လော့ယန်တွင် တပ်စွဲထားသော ဗဟိုတပ်ကဲ့သို့ပင် အဓိကစခန်းငါးခုတွင် စုစုပေါင်းစစ်သား တစ်သောင်းကျော်ရှိသည်။မြင်းစီးတပ်သားတစ်ဦးသည် ခြေလျင်စစ်သားအများအပြားနှင့် တိုက်ခိုက်နိုင်ပြီး မြောက်ပိုင်းနယ်စပ်ရှိ မြင်းစီးတပ်သားများသည် ထူးခြားသောမြင်းစီးခြင်းစွမ်းရည်ရှိသောကြောင့် တိုက်ပွဲတွင် ပို၍ပင် ကြောက်စရာကောင်းသည်။ယွမ်လီသည် ခဏတာစဉ်းစားပြီး
“ဒီမြင်းစီးတပ်သားတွေကို ဘာလို့ မတွေ့ရတာလဲ?”
“သူတို့က ထုံချီစခန်းမှာ တပ်စွဲထားတယ်။ မြင်းစီးတပ်မှူးက သူတို့ကို ခဏတာဂရုစိုက်ပေးနေတာ၊ ဒါကြောင့် ကျွန်တော်တို့ သူတို့ကို ကျွေးမွေးရတဲ့ဒုက္ခကို သက်သာစေတယ်။ ဒါကြောင့် ယွမ်သခင်လေးက သူတို့ကို မမြင်တာပါ” ယန်ကျုံးဖာက လက်များကိုပွတ်ကာ ပြောလိုက်သည်။
“ယွမ်သခင်လေးက ကျွန်တော်တို့ရဲ့မြောက်ပိုင်းနယ်စပ်က မြင်းစီးတပ်သားတွေကို စိတ်ဝင်စားတာလား? အားတဲ့အချိန်ရှိရင် ကျွန်တော် ခင်ဗျားကို ထုံချီစခန်းကို တစ်ချက်ကြည့်ဖို့ ခေါ်သွားနိုင်ပါတယ်!"
ယွမ်လီသည် တည်ငြိမ်သောအပြုံးကို ထိန်းထားသော်လည်း သူ့စိတ်ထဲတွင် “ခင်ဗျား တကယ် ကျွန်တော် ယုံမယ်ထင်တာလား?” လို့ပြောလိုက်မိသည်။မြောက်ပိုင်းနယ်စပ်မှ မြင်းစီးတပ်သားအချို့သည် ထုံချီစခန်းတွင် တပ်စွဲထားနိုင်သော်လည်း သူတို့အားလုံးတော့ မဟုတ်ပေ။ ယွမ်စုန်းက ယွမ်လီကို ပြောခဲ့သည်မှာ ဤရက်ပိုင်းများတွင် ရူယန်ခရိုင်၌ မရင်းနှီးသော မျက်နှာစိမ်းများစွာကို သူတွေ့ခဲ့ရပြီး ၎င်းတို့သည် ချူဟယ်ချောင်၏လူများဖြစ်နိုင်သည်ဟု ပြောသည်။ချူဟယ်ချောင်သည် ယွမ်လီနှင့်အတူ ရူယန်မှထွက်ခွာလာခဲ့သော်လည်း သူသည် ကုန်ပစ္စည်းများကို ရှာဖွေခြင်းကို လက်မလျှော့သေးကြောင်းမှာ ထင်ရှားသည်။ယွမ်လီသည် အကျင့်ပျက်အရာရှိ၏ငွေကို သူ့အတွက်သုံးရန် ရည်ရွယ်ချက်မရှိပေ။ သို့သော် သူသည် ထိုကုန်ပစ္စည်းများကို အကောင်းဆုံးအသုံးချရန် သင့်လျော်သောအစီအစဉ်တစ်ခုရှိပြီး ၎င်းတို့ကို ယခုဖော်ထုတ်လုပ်ဆောင်ရန် ရည်ရွယ်ချက်မရှိပေ။ထိုမတိုင်မီ သူသည် ချူဟယ်ချောင်၏လူများအား ကုန်ပစ္စည်းများ၏တည်နေရာကို လုံးဝတွေ့သွားလို့မရပေ။ယွမ်လီသည် ပြုံးပြီး “ယန်လူကြိးမင်းကို၊ ကြိုတင်ကျေးဇူးတင်ပါတယ်”
ဟု ပြောလိုက်သည်။ပြန်လာသောခရီးတွင် သူတို့အဖွဲ့သည် လမ်းတစ်ဝက်တွင် အနားမယူခဲ့သောကြောင့်
သူတို့ထွက်ခွာခဲ့စဉ်ကထက်ပင် လော့ယန်သို့ ပိုမိုမြန်မြန်ရောက်ရှိသည်။ ယွမ်လီသည် မြင်းပေါ်မှ အရင်ဆင်းပြီး အခုထိသူကအားအင်ပြည့်ဝနေဆဲပင် ချူဝမ်စံအိမ်ထဲသို့ လျင်မြန်စွာဝင်သွားသည်။
ယန်ကျုံးဖာသည် ချူဟယ်ချောင်ကို တီးတိုးပြောရင်း ချီးကျူးလိုက်သည်။
“ဗိုလ်ချုပ်၊ ယွမ်သခင်လေးက တကယ်ကို အရည်အချင်းရှိတယ်။ ဒီလိုအသက်ငယ်ရွယ်တဲ့သေးတာတောင် သူက ဒီလောက်များအောင်မြင်မူတွေရနေပြီ။ သင့်လျော်တဲ့လမ်းညွှန်မှုနဲ့ဆိုရင် သူက အနာဂတ်မှာ ထင်ရှားတဲ့ဗိုလ်ချုပ်တစ်ဦးဖြစ်လာနိုင်တယ်”ယန်ကျုံးဖာသည် ယွမ်လီက တစ်ကိုယ်တည်းဖြင့် ပြိုင်ဘက်လေးဦးကို တိုက်ခိုက်ခဲ့သော အောင်မြင်မှုကိုလည်း ကြားခဲ့ရသည်။ သူ့ဆိုလျှင် ယွမ်လီက ထိုလူလေးဦးကို ချက်ချင်းသတ်ပစ်ခဲ့သင့်သည် ဟုထင်သည်။ သို့တိုင်
Part. 11
Start from the beginning
