ဒီတစ်ခါတော့ စိတ်ထဲမှာ သူကြီး ကျေနပ်သွားရသည်။
ပြန်ခံမပြောပဲ လက်ခံသွားပြီမလား။

ကျော့ကျော့ ကျော့ကျော့ နဲ့ နောက်ဖေးထဲ သွားတာမို့လို့

ဟေ့ကောင် ဘယ်တုန်း အဲ့ဒါ မေးမိကာမှ သူကြီးသွေးအတောင့်လိုက်တက်သွားရသည်။

"ကြက်တိုက်တိုင်း အခတ်ခံရမဲ့ ထိပ်တုံးကို သွားနှုတ်ဆက်မလို့တဲ့"

သူ့သား လူဆိုးကောင်ကိုတော့ သူကြီး တကယ် လက်မြှောက်ထားရသည်။

အလိမ်မာတုံးကို ဆုံးမနေရတာနဲ့  မနက်ဖြန် ပြောင်းလာမဲ့ ကျောင်းဆရာလေးအကြောင်းကို မပြောလိုက်ဘူး။
ကျောင်းဆရာလေးကို မှာထားဦးမှပါ။
အိမ်က မနိုင်စိန်နဲ့ မပေါင်း‌ဖို့
သူများသားသမီးအလိမ်မာလေး ကိုယ့်သားငါးမြွှေထိုးကြောင့် ပျက်စီးသွားရင် ဒုက္ခ။

___________________________///

အခန်းထဲမှာ ပစ္စည်းတွေ သိမ်းနေသော ချိုးထင်းကျယ်ကို
မေမေက လာကြည့်သည်။

"သား ပစ္စည်းတွေ သေချာထည့်ထားရဲ့လား "
"ဟုတ် မေမေ သား သေချာထည့်ထားပါတယ်"

ကျောင်းဆရာပေါက်စလေး ချိုးထင်းကျယ်အတွက်
ပထမဆုံး အိမ်ဝေးခရီး ဖြစ်ခဲ့သည်။

ဘာကို မဆို သားသမီးဆန္ဒကို ဦးစားပေးတတ်တဲ့
မိဘတွေကြောင့် သူဝါသနာပါရာ ကျောင်းဆရာ အလုပ်ကို လုပ်နိုင်ခဲ့သည်။
အခုလည်း အိမ်နဲ့ အဝေးမှာ တာဝန်ထမ်းဆောင်ရမည်ဆိုတော့လည်း
ဖေဖေရော မေမေရော လက်ခံပေးကြပါသည်။

တစ်ဦးတည်းသော သားမို့ မျက်စေ့ရှေ့တွင်သာ
ထားချင်သော်လည်းသူ့ဆန္ဒကြောင့် နယ်ဝေးသွားမည့်ကိစ္စကို
ကြည်ကြည်ဖြူဖြူပဲ လက်ခံပေးကြပါသည်။

ချိုးထင်းကျယ်အတွက် ဒီဖေဖေနဲ့ ဒီမေမေရဲ့သား ဖြစ်ရတာ
သိပ်ကို ကံကောင်းပါသည်။

မတ်တပ်ရပ်လျက်ရှိနေသော မေမေကို
ခါးကို ဖက်ရင်း ချွဲလေတော့

"မေမေ့ ဂျစ်တူလေးက ချွဲနေပါလား မသွားချင်တော့ဘူးလား"

"မဟုတ်ပါဘူး မေမေရာ သား သွားချင်ပါတယ်"

"မေမေ့သားလေး အရွယ်ရောက်လာခဲ့ပြီပဲ"

မေမေသည် သူ့ကို ဝမ်းနည်းဝမ်းသာ ကြည့်နေရှာသည်။

"သား မေမေ့ကို ချစ်တယ်နော်"
"သားဖေဖေ့ထက်လား"
"ဒါပေါ့ ဒါပေမဲ့ ရှူးတိုးတိုးနော် မေမေ"

နှုတ်ခမ်းလေးပေါ် လက်ညှိုးလေးတင်ကာ မေမေ့ကို လုပ်ပြတော့
မေမေ‌သည် သဘောတကျ ရယ်ရှာသည်။

"သား ကျန်းမာရေး ဂရုစိုက်မယ်နော် တစ်ခုခုဆို မေမေကို ချက်ချင်းပြောနော်"
"ဟုတ်ကဲ့ပါ မေမေရဲ့  မေမေမှာလွန်း အားကြီးလို့ သားမှာ အလွတ်တောင် ရပြီ"
"မေမေ စိတ်ပူလို့လေ သားရယ်"
"ဟုတ်ပါတယ် မေမေရဲ့ သား မေမေ မှာသမျှ အကုန်လုံးကို လိုက်နာမယ် ဟုတ်ပြီလား  အခုတော့ ခဏလောက် ဖက်ထားပေးပါဦး"

ချိုးထင်းကျယ် မေမေ့ရင်ခွင်ထဲ စိတ်ကြိုက်တိုးကာ ဖက်ထားလိုက်သည်။
မေမေကလည်း တင်းနေအောင် ပြန်ဖက်ထားပေးခဲ့သည်။

ခဏကြာတော့ ဖေဖေက ထမင်းစားရန် လာခေါ်ခဲ့သည်။

ထိုနေ့က သူ့အကြိုက်ဟင်းများနှင့် ထမင်းဝိုင်းကို ဖေဖေနဲ့ မေမေပါ ပျော်ပျော်ရွှင်ရွှင် စားသောက်ခဲ့ကြသည်။

မနက်ဖြန်မှာ ဆိုရင်တော့ ကျောင်းဆရာပေါက်စလေး
ကျေးရွာလေး တစ်ရွာသို့ ရောက်ရှိလာပါတော့မည်။

Part 1is coming soon.

2ရက်ခြား တစ်ခါ Update ဖြစ်လောက်ပါတယ်။
အပိုင်းရှည်ရှည်နဲ့ အကောင်းဆုံး လာခဲ့ပါ့မယ်ရှင့်
ကျေးဇူးတင်ပါတယ်ရှင်။



Vous avez atteint le dernier des chapitres publiés.

⏰ Dernière mise à jour : Aug 10 ⏰

Ajoutez cette histoire à votre Bibliothèque pour être informé des nouveaux chapitres !

လူဆိုးကောင်က  ငါ့ကို ပိုးနေတယ်Où les histoires vivent. Découvrez maintenant