intro

1.6K 106 9
                                        

ဒုန်း

"အမလေး ဘုရား"

သူကြီးရဲ့ စားပွဲခုံ ထုသံမှာ သူကြီးကတော် ဘုရားတောင် တ သွားရသည်။

သူကြီးရှေ့က တရားခံကတော့ ဘယ်လိုမှ မနေပေ။
မထုံထက်တေးနဲ့

"ဟွမ်ရှင်း ငါ မင်းကို ကြက်မတိုက်နဲ့လို့ ဘယ်နှစ်ခါပြောရမှာလဲ"

သူကြီးမှာ သားလေးတစ်ယောက်ရှိသည်။
မနိုင်စိန် ဟွမ်ရှင်း။

ကြက်တိုက်တယ် ထန်းရည်သောက်တယ်။
မိန်းကလေးတွေကို ရိသဲ့သဲ့လုပ်တယ်။
မဟုတ်တာမှန်သမျှ သူအကုန်လုပ်တယ်။
သူမလုပ်တာ ဟုတ်တာတစ်ခုပဲ သူမလုပ်တာ။

တစ်ရွာလုံးကို သူကြီးထိန်းနိုင်တယ်။ အဲ့ဒီထဲ သူ့သားမပါဘူး။

"ဟွမ်ရှင်း ငါ မေးနေတယ်လေ "

သူကြီးက အသံမာမာ ပြောလာသည်အထိ
ဟွမ်ရှင်းသည် မလှုပ်သေး။

"အကိုရယ် သားကို အရမ်းမဆူပါနဲ့ "

သူကြီးကတော်သည် သားတော်မောင်ကို အကဲအသဲဖြစ်တာကြောင့်
သားဖြစ်သူဘက်က ကာသည်။

"တော် မိန်းမ မင်း အဲ့လိုတွေ အလိုလိုက်နေလို့ ဒီကောင်ဆိုးနေတာ
ဟိုကောင် ဖြေစမ်း ငါ့ကို"

"ကျုပ်ကြိုက်လို့ လုပ်တာလေ အဘရာ "

တစ်ခွန်းပဲ အမြဲတမ်း ဒီတစ်ခွန်းပဲ
သူကြီးကသာ ဒေါသပုန်ထပြီး ပွဲကြမ်းလိမ့်မယ်။
သူကတော့ ဒီတစ်ခွန်းနဲ့ အေးရာအေးကြောင်းပဲ။

"မင်း မကြိုက်ပေမဲ့ ငါ မကြိုက်ဘူးလေ ဟွမ်ရှင်း မလုပ်နဲ့"

"အဘ မကြိုက်ရင် အဘမလုပ်နဲ့လေ အဘရာ ကျုပ်ကြိုက်လို့ လုပ်တာကို ဘာလို့တားနေတာလဲ ။ အဘကြောင့် ကြက်မှ ရှူံးလာရတဲ့ကြားထဲ ထပ်ပြီး ဆူနေပြန်ပြီ"

"အော် ငါက အဲ့ ပိုက်ဆံတောင် ပြန်ပေးရဦးမှာလား ဟေ့ကောင်"
"ပေးသင့်ရင် ပေးရမှာပေါ့ အဘရ အဲ့ဒါ ကျုပ်ကိုယ်ပိုင် ဝင်ငွေ"
"စကားကြီး စကားကျယ်တွေ ပြောမနေနဲ့ ဟေ့ကောင်
နောက်ကို ကြက်မတိုက်နဲ့ နောက်ခါ ထိပ်တုံးကြည့်ထား"
"ဟုတ်ကဲ့ ဒါဆို သွားလိုက်ပါဦးမယ်"

လူဆိုးကောင်က  ငါ့ကို ပိုးနေတယ်Donde viven las historias. Descúbrelo ahora