Part 7

6 1 0
                                        

*နှင်း*
အပိုင်း (၇)

"သက် ငါမေးစရာရှိလို့"

"မေး နှင်း"

"နင်က အောင်သွယ်လုပ်နေကြသူဆိုတော့ အချစ်ကြောင်း သိမှာဘဲလေ အချစ်ဆိုတာ ဘယ်လိုမျိုးလဲ "

"ဟမ်း အဟွတ် ဟွတ်..."

မထင်မှတ်တဲ့ မေးခွန်ကြီးမို့ သောက်လက်စ ရေတောင် သီးတဲ့အထိ အံသြမိသည်

"ဟဲ့ ဒါလေးမေးတာ ဘာဖြစ်တာလဲ "

"အံသြလို့ပါဟာ ဘာလို့သိချင်တာလဲ"

"ငါ သေချာချင်လို့ပါ "

"ဘာ ဘာကိုလဲ နင် နင့်မှာ ချစ်ရမဲ့သူရှိနေတာလား"

မဝံမရဲ မကြားချင်တဲ့ အဖြေကို သက်မေးမိခဲ့ပါသည်

"အင်း မနေ့ကဟာ ငါ့ကို သီဟက ချစ်တယ်လို့ ပြောခံရလို့လေ"

"ဪ....."
သက် အသံတိမ်ဝင်သွားပြီး အတွင်းထဲက ဝမ်းနည်းမှုတွေကို ဟန်ဆောင်ပြုံးလေးနဲ့ ဝှက်လိုက်ရသည်

"ဖြေပါဟာ နော် နင်က ပိုသိမှာပါ အချစ်ကြောင်း"

"အဟက် ငါ့ကို အထင်ကြီးတာ နင်မှားတာဘဲ အခုထိ ငါရည်းစားမရှိတာ အချစ်ကြောင်းမသိပေါ့ဟ တစ်ခုတော့ရှိတယ် "

"ဘာလဲဟင်"

သက် ပြတွင်းပေါက်အပြင်ကို ငေးရင်း လှုပ်ရှားဝမ်းနည်းလာတဲ့ စိတ်ကို အသံမှာ မပေါ်အောင် ကြိုးစားထိမ်းလိုက်ပြီး

"အချစ်ဆိုတာ သူပြုံးရင် အလိုလိုလိုက်ရယ်မိပြီး
သူ့နားရှိရင် ပြည့်စုံနေတာမျိုး သူနဲ့ နီးနီးလေး ရှိနေရတာကိုက ကြည်နူးနေမိတာမျိုး သူ့တွက် အရာရာ လုပ်ပေးချင်တာမျိုးပေါ့ဟာ"

"နင်သိတဲ့တစ်ခုက အတော် ငါဖြစ်နေတာနဲ့ တူနေတယ် သိလား"

"ဟုတ်လား နင် သီဟကို အဖြေပေးလိုက်ပြီးလား"

"မပေးပါဘူးဟယ် အရင်သေချာချင်လို့ မေးကြည့်တာ ဟီးး ငါလေ သူ့နားရှိရင် သိပ်ရင်ခုန်တာဘဲ "

"ဒါဆို တွဲလိုက်တော့လေ"
ဘယ်ထည်က ရောက်နေမှန်းမသိတဲ့ ဒါဒါက ဝင်ပြောလိုက်သည်

"ဘာ ဒါဒါ ဘာလို့ နှင်းက အဲ့ကောင်နဲ့တွဲရမှာလဲ ရင်ခုန်တယ်ဆိုတာ ဖြစ်ရိုးဖြစ်စဥ် ပါဟဲ့"

You've reached the end of published parts.

⏰ Last updated: Aug 09 ⏰

Add this story to your Library to get notified about new parts!

❄နှင်း❄Where stories live. Discover now