I guess what I'm sayin' is, I

Start from the beginning
                                        

မဟုတ်ရင် သူကြောက်နေတာနဲ့အမှားတွေလုပ်မိရင်လုပ်မိဦးမှာ။

showပွဲပြီးဆုံးသွားသည်နှင့်
အကုန်လုံးအချင်းချင်းနှုတ်ဆက်ကာ
brandဘက်ကမော်ဒယ်တွေနဲ့staffတွေအတွက်
လက်ဆောင်တွေသယ်လာပေးသည်။

ဒီဇိုင်နာကလည်းပျော်ရွှင်စွာ မော်ဒယ်တွေနဲ့ဓါတ်ပုံလိုက်ရိုက်ရင်း
backstageအခြေအနေက တော်တော်လေးအာရုံမရှိသလောက်ကို
ရှုပ်ယှက်ခက်နေတယ်။

နီခီကတော့ brandကပေးတဲ့ပန်းစည်းနဲ့
ဓါတ်ပုံရိုက်နေ၏။
နောက်ဆုံးလဲဝတ်ထားတဲ့ အဖြူနဲ့နို့စိမ်းရောင်
အင်္ကျီလက်ရှည်အပွနဲ့ ဘောင်းဘီအဖြူကြောင့်
နီခီ့တစ်ကိုယ်လုံးကအဖြူတွေနဲ့ကြည့်လို့ကောင်းပြီး သန့်ပြန့်နေသည်။

အမည်းနဲ့ကျတော့နတ်ဆိုးနဲ့တူပြီး
အဖြူနဲ့ကျတော့နတ်သားလိုဖြစ်သွားတာပဲ။

ဆောနူ ဓာတ်ပုံရိုက်နေသူကိုကြည့်ကာဟွန့်ခနဲနှာမှုတ်လိုက်မိသည်။
အကျင့်လေးကတော့တကယ့်ကို ကလေးနတ်ဆိုးပဲ။

backstage နံရံကိုမှီထားပြီး ပျင်းတွဲတွဲလေးရပ်နေတဲ့
ဆောနူကလည်း သူ့လိုပဲ အဖြူရောင် crop-cardigan ၊
အစိမ်းရောင်မျိုးစုံရောစပ်နေတဲ့
အရောင်နုနုမီနီစကတ်အကျပ်လေးနဲ့ sneaker အဖြူလေးကိုစီးထားပြီး
ဆံပင်လေးကိုတော့ messy bunပုံစံလေးထုံးပေးထားပြီး
လည်ပင်းမှာပုလဲဆွဲကြိုးလေးဆင်ပေးထားသည်။

ဆောနူရဲ့ပုံစံကခေတ်ဆန်ဆန်မင်းသမီးလေးလိုကြော့ရှင်းနေပြီး
အရုပ်မလေးနဲ့လည်းဆင်တူနေသည်။

နှုတ်ခမ်းလေးစူပြီး ပျင်းရိပျင်းတွဲရပ်နေတုန်း
လက်ထဲကိုလာထည့်တဲ့အဖြူရောင်ပန်းစည်းကြီးကြောင့်
ဆောနူလန့်ဖျန့်ပြီးမပြုတ်ကျအောင်အမြန်ယူလိုက်ရသည်။

ထို့နောက်ပြုံးပြသွားသူကို ဆောနူကြောင်စီစီလေးပြန်ပြုံးပြလိုက်တော့
ထိုသူကခပ်မြန်မြန်ခြေလှမ်းတွေနဲ့သူ့ကိုကျော်သွား၏။

ပေးသွားတဲ့သူကိုဆက်ကြည့်လိုက်တော့ ကျန်တဲ့ပန်းစည်းတွေလည်း
လက်ထဲမှာကိုင်ထားပြီး ပတ်ပတ်လည်မှာရှိနေတဲ့မော်ဒယ်တွေကို
လိုက်ပေးလို့နေသည်။

i.f.l.y [SUNKI]Where stories live. Discover now